Tag: AA
သံတွဲမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ရွာရှည်ကျေးရွာကို စစ်ကော်မရှင် ဗုံးကြဲ
သံတွဲမြို့နယ် ၊ အမှတ် (၅) တိုက်နယ် ၊ ရွာရှည်ကျေးရွာကို စစ်ကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တယ်လို့ သတင်းရရှိပါတယ်။ ပေါင် ၅၀၀ ဗုံးနှစ်လုံး ဟာ ရွာရှည် ကျေးရွာအပြင်ဘက် ရော်ဘာတောကိုကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနား ဝန်းကျင်မှာနေထိုင်တဲ့…
စစ်ကော်မရှင်ရဲ့ အင်အား ၃၀၀ ပါ ဂုတ်ကြီးထိုးစစ် ၊ တပ်လန်ပြီး ပြန်ဆုတ်
အမ်း-ပဒန်းလမ်း ပိုင်းပေါ်က အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးကျေးရွာကို စစ်ကော်မရှင်အင်အားသုံးရာနဲ့ နှစ်ရက်ကြာ ထိုးစစ်ဆင်ခဲ့ပေမယ့် တတိယနေ့မှာ နောက်ဆုတ်သွားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဘက်က အင်အားသုံးရာကျော်နဲ့ ဂုတ်ကြီးစခန်းကို အသေခံထိုးစစ်ဆင်ဖို့ တက်လာပေမယ့် ၊ ဒီဇင်ဘာ ၂၃ ရက်မှာ နောက်ပြန်ဆုတ်သွားတဲ့ အတွက် AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့…
နတ်ရေကန် စစ်မြေပြင်က ပြည်သူ့စစ်တပ်သား သုံးဦး အရှိုချင်းတပ်ဖွဲ့ထံအလင်းဝင်
ငဖဲမြို့နယ် ၊ နတ်ရေကန်လမ်းဟောင်း ၊ ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်သား သုံးဦးဟာ အရှိုချင်းတပ်ဖွဲ့ CDF-Asho ဆီကို အလင်းဝင်ခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန် အနီးဝင်ကျင် ကို စစ်ကော်မရှင်ဘက်က ပစ တွေကို အသုံးပြုပြီး…
“နှစ်ရက်အတွင်း အမျိုးသမီး၂၀”
ဒီရက်ပိုင်းတွေ ဟာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလဖြစ်ပါတယ်။၊ ကမ္ဘာတဝှမ်း က လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ လိင်အခြေပြုအကြမ်းဖက်မှုတွေ ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းလျှက်ရှိနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က အမျိုးသမီး ၂၀ ကျော်ဟာ…
မြောက်ဦးဆေးရုံကိုလေကြောင်းတိုက်ခိုက်မှုအပြီး၊ စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ်အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ
မြောက်ဦးဆေးရုံကြီးကို လေကြောင်းကတိုက်ခိုက်ခံရပြီး အရပ်သား ၃၀ ကျော်သေဆုံးခဲ့ရခြင်းကြောင့် စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ် အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ ချက်ထုတ်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အရပ်သားတွေကုသနေတဲ့ ဆေးရုံ ကို အခုလို တိုက်ခိုက်ခံရပြီး ၊ စစ်ကော်မရှင်ဘက်ကဒီကျူးလွန်မှုကို တာဝန်ခံရမယ်လို့…
အမျိုးသမီး ၁၇ ဦး နဲ့ ကလေးတစ်ဦးသေဆုံးပြီး ၊ အဆိုးရွားဆုံး စစ်ရာဇဝတ်မှုလို့ ULA/AA ပြော
မြောက်ဦးဆေးရုံကြီး ဗုံးကြဲခံရမှုမှာ အမျိုးသမီး ၁၇ ဦး ၊ သုံးလအရွယ်ကလေးတစ်ဦး သေဆုံးခဲ့ပြီး အဆိုးရွားဆုံး စစ်ရာဇဝတ်မှု တစ်ခုဖြစ်တယ်လို့ ULA/AA ဘက်က ထုတ်ပြန်လိုက်ပါတယ်။ အများပြည်သူအသုံးပြုနေတဲ့ ဆေးရုံကို ဗုံးကြဲခံရတဲ့ ဖြစ်စဉ်မှာ ဆေးကုသမှုခံယူနေတဲ့ လူနာ ၃၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသမီး ၁၇…
UN နဲ့ ICC က စစ်ကော်မရှင်ကို အရေးယူဖို့ အာရက္ခအစိုးရ ၊ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ အရပ်ဘက်အဖွဲ့အစည်းအသီးသီးက တောင်းဆို
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ကော်မရှင်ကို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေနဲ့ အရေးယူပေးဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အတူအရပ်ဘက်အဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ မြောက်ဦးဆေးရုံကြီးကို လေကြောင်းက ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ လူနာ…
စကမ ဗိုလ်မှူးအပါအဝင် အရာရှိ ငါးဦးကို ကျောက်ဖြူ သင်္ချိုင်း မှာ တိတ်တဆိတ် သင်္ဂြိုဟ်
ကျောက်ဖြူရှေ့တန်းစစ်မြေပြင်မှာ သေဆုံးသွားတဲ့ တပ်မ ၁၁ ဗိုလ်မှူးအပါအဝင် စကမ အရာရှိ ငါးဦးကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ကျောက်ဖြူ သင်္ချိုင်းမှာ တိတ်တဆိတ် သင်္ဂြိုဟ် လိုက်တယ်လို့ စကမ အသိုင်းအဝိုင်းက သတင်းရရှိပါတယ်။ သိုင်းချောင်းနဲ့ မင်းပြင်တိုက်ပွဲမှာ တာဝန်ကျနေတဲ့ တပ်မ ၁၁…
ကျောက်ဖြူကို စစ်ကော်မရှင်လေကြောင်းက ပေါင် ၅၀၀ ဗုံးနှစ်လုံး ထပ်ချ
ရခိုင်ပြည် ကျောက်ဖြူမြို့ကို ဒီဇင်ဘာ ၁၁ ညပိုင်းမှာ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ စစ်ကော်မရှင်လေကြောင်းက ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ မြောက်ဦးကို ကြဲချပြီး အထိအခိုက်တဲ့ လူနာတွေကို ကယ်တင်နေရချိန်မှာကျောက်ဖြူကို အခုလို ထပ်မံတိုက်ခိုက်ခဲ့တာပါ။ ကျောက်ဖြူမြို့ ကို ဒီဇင်ဘာ…
လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယနေ့ ကျောက်ဖြူမှာ အစုလိုက် အပြုံလိုက်သေဆုံးပြန်
ရခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မနက်မှာလဲ ကျောက်ဖြူမြို့နယ်ထဲမှာ အစုလိုက် အပြုံလိုက်ထပ်မံသေဆုံးရတယ်လို့ သတင်းရရှိပါတယ်။ ကျောက်ဖြူမြို့နယ် သိုင်းချောင်းနဲ့ မင်းပြင် စစ်ပွဲဧရိယာတွေကနေ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ ခိုလုံရာ ငလုံးစု စစ်ရှောင်ကျေးရွာကို စစ်ကော်မရှင်က ပေါင်း ၅၀၀ ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ဒီဇင်ဘာ ၁၁ ညနေပိုင်းက…