Tag: arakan army
နတ်ရေကန် စစ်မြေပြင်က ပြည်သူ့စစ်တပ်သား သုံးဦး အရှိုချင်းတပ်ဖွဲ့ထံအလင်းဝင်
ငဖဲမြို့နယ် ၊ နတ်ရေကန်လမ်းဟောင်း ၊ ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်သား သုံးဦးဟာ အရှိုချင်းတပ်ဖွဲ့ CDF-Asho ဆီကို အလင်းဝင်ခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန် အနီးဝင်ကျင် ကို စစ်ကော်မရှင်ဘက်က ပစ တွေကို အသုံးပြုပြီး…
ရခိုင်မှာ ဆေးကုသစရိတ်မတတ်နိုင်လို့ ဖျားနာသူအချို့ အသက်ဆုံးရှုံးနေရ
စစ်ပွဲနဲ့ ပဋိအက္ခတွေကြောင့် ရခိုင်ဒေသမှာ ဆင်းရဲကြပ်တည်းမှုတွေ မြင့်တက်လာသလို ၊ ဆေးဝါးကုသရေး အခက်အခဲတွေလည်းရင်ဆိုင်နေကြရပါတယ်။ ဒါအပြင် ဆေးကုသစရိတ်မတတ်နိုင်တာ နဲ့ ဆေးကုသပေးမယ့်နေရာတွေကို သွားရောက်ဖို့ ခရီးစရိတ်မတတ်နိုင်တာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံပြည်သူတွေ ပြောကြပါတယ်။ "အမ်းမြို့နယ် (...)က ကျွန်တော့် ဦးလေးသယ်တစ်ယောက်နဲ့ ဘကြီးတစ်ယောက် သူတို့ ကို…
ပွိုင့် ၆၆၆ ကို စစ်ကြောင်းထိုးတဲ့ ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်သား ၅၀ ကျော်သေဆုံး
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ထဲမှာရှိတဲ့ ပွိုင့် ၆၆၆ စခန်း ကို ပြန်လည်ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ဒုဗိုလ်မှူးကြီး အဆင့် တစ်ဦးနဲ့ အတူ တပ်သား ၅၀ ကျော် သေဆုံးခဲ့တယ် လို့ AAနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကော်မရှင်…
ပွိင့် ၆၆၆ ကို စစ်ကြောင်းထိုးတဲ့ စစ်ကော်မရှင် တပ်တွေအထိအခိုက်များ ၊ သုံ့ပန်း ၁၀ ကျော် ဖမ်းမိ
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ထဲက ပွိုင့် ၆၆၆ စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတစ်ခု နဲ့ AA ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း ၁၀ ကျော်ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းမှာ ကပစ ၁၆ က ထွက်လာတဲ့…
မြောက်ဦး (သို့မဟုတ်) အမေ့လျော့ခံ အင်ပါယာ
အနက်ရောင်ကျောက်သား နံရံတွေပေါ် ကျရောက်နေသည့် နေရောင်ခြည် ဖွဖွ နှင့် ဒီဇင်ဘာ နှင်းရည်လဲ့လဲ့ သည် ဒီအင်ပါယာ၏ ဂုဏ်ကျက်သရေ ပင်။ မြောက်ဦး၏ ဒီဇင်ဘာ ဆောင်းမနက်များ သည် ပြာသည် ၊ မှိုင်းသည် ၊ လဲ့ရီ သည် ။သိမ်မွေ့ထည်ဝါမှုတို့ သည် မြူခိုး…
လေကြောင်းဖိအားကြောင့် AA ဘက်က စစ်ရေး အရှိန်မြှင့် စစ်တွေပြည်သူ့ ဆေးရုံကြီး လေးထပ်လူနာဆောင်ကို စစ်ကော်မရှင်ဘက်က ထိန်းချုပ်ပြီး စစ်ဆေးရုံလုပ်ထား
စစ်တွေ နဲ့ ကျောက်ဖြူ စစ်မျက်နှာပြင်မှာ ဒဏ်ရာ ရတဲ့ စစ်ကောင်စီတပ်သားတွေကို ကုသဖို့ ရေချမ်းပြင် ကုတင် ၁၀၀ စစ်ဆေးရုံမဆန့်တော့တဲ့ အတွက်စစ်တွေဆေးရုံကြီး လေးထပ်လူနာဆောင်ကို အထူးကြပ်မတ်ကုသ ဆောင်အဖြစ် ဆိုင်းဘုတ်ချိတ်ပြီး စစ်ကော်မရှင် ရဲ့ စစ်သားတွေကို တင်ဆောင်ကုသနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေအခြေစိုက် ဒေသစစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (ဒကစ)…
ဒကစ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး AA လက်နက်ကြီး ထိမှန် သေဆုံး
စစ်တွေမြို့အခြေစိုက် ဒေသကွက်ကဲမူစစ်ဌာနချုပ် (ဒကစ) ဝန်းထဲကို အာရက္ခတပ်တော် AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဗိုလ်မှူးအဆင့် တစ်ဦးနဲ့ ၊ ဗိုလ်ကြီးအဆင့်တစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၄ ရက်ညပိုင်းမှာ AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် က ဒကစ အရာရှိအဆောင်ကို…
အောက်ဆီဂျင် နဲ့ အရေးပေါ်အသက်ရှင်ရေးအထောက်အကူတွေ မြောက်ဦးလူနာတွေ အတွက်လိုအပ်နေ
မြောက်ဦး ဆေးရုံတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာ ရရှိသူတွေအတွက် အောက်စီဂျင် အပါအဝင် အရေးပေါ်အသက်ရှင်ရေး ဆေးဝါးအထောက်အကူတွေ လိုအပ်နေတယ်လို့ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်နေသူတွေ ဆီက သတင်းရရှိပါတယ်။ မြောက်ဦးဆေးရုံကို တိုက်ခိုက်ခံရပြီးနောက်မှာ ဒဏ်ရာ ရရှိသူတွေထဲက အသက်လုနေရတဲ့ လူနာတွေ အတွက် ၊ အရေးပေါ်အသက်ကယ်ရေး ဆေးဝါးပစ္စည်းတွေ လိုအပ်နေတာဖြစ်တယ်လို့…
ငြင်းဆန်လို့မရတဲ့ စစ်ရာဇဝတ်မှုကို “စစ်ကော်မရှင် တာဝန်ခံရမည်” ဟု ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများဖိုရမ် က ထုတ်ပြန်
မြောက်ဦးပြည်သူ့ ဆေးရုံကြီးကို လေကြောင်း တိုက််ခိုက်မှုနဲ့ ပတ်သက်ပြီး "စစ်ကော်မရှင် တာဝန်ခံရမည် "လို့ ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများ Forum က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဒီအဖြစ်အပျက်အပေါ်မှာ အာဆီယံ ၊ ဥရောပသမဂ္ဂEU ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ UN တို့အနေနဲ့လည်း ထိရောက်မြန်ဆန်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့…
ကျောက်ဖြူ မင်းပြင်ရေဒါစခန်း အနီးကို လေကြောင်း တိုက်ခိုက်နေ
ကျောက်ဖြူ မြို့နယ် ၊ မင်းပြင်ရွာက လက်လွှတ်ခဲ့ရတဲ့ ရေဒါစခန်း အနီးဝန်းကျင်ကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက ဖျက်ဆီးတိုက်ခိုက်နေပါတယ်။ ရခိုင်တစ်ပြည်လုံးနီးပါးကို လေကြောင်းက အပြင်းအထန်တိုက်ခိုက်နေပြီး လက်လွှတ်ထားရတဲ့နေရာတွေ ပြန်လည်ရရှိရေး ပြည်သူကို အကြမ်းဖက်နေတာဖြစ်ပါတယ်။ "မင်းပြင်ရေဒါစခန်း အနီးအနား ကိုရော ရွာထဲကို ရော…