Tag: laywaddy Fm
တောင်ကုတ်မြို့ခံတစ်ဦး မှိုရှာရင်း မှိုင်းနင်းမိ ၊မှိုင်းနင်းမိသူတွေကို အာရက္ခ အစိုးရက ကောင်းမွန်သည်အထိ ဆေးကုပေးရန် လို
ရခိုင်ပြည် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က ဒေသခံတစ်ဦးဟာ ဇွန်လ ၂၉ ရက်က မှိုရှာဖို့ သွားရင်းမြေမြုပ်မှိုင်းနင်းမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်က ဦးစောနိုင်နဲ့ ဇနီးဖြစ်သူတို့ဟာ အမှတ် စကခ (၅) နေရာအဟောင်းဝန်းကျင်မှာ မှိုသွားရှာခဲ့ရတာ မြေမြုပ်မှိုင်းနင်းမိ ခဲ့တာဖြစ်ပါတယ်။ "သူတို့လင်မယားနှစ်ယောက်က မနက်အစောမှာ စကစတပ်နယ်ဟောင်းဘက်ကို မှိုရှာသွားတယ်။…
AA ဆီ စစ်သင်တန်းတက်မည့် လူငယ်တွေ တသုတ်ပြီး တသုတ် ထွက်ခွာနေပြီး အမျိုးသမီးအများအပြား ပါဝင်လာ
ဇွန်လ တတိယပတ်မှာ အာရက္ခတပ်တော် ဆီကို စစ်မှုထမ်းဖို့ လူငယ်တွေ တသုတ်ပြီး တစ်သုတ်ထွက်ခွာလာကြပြီး အဲဲ့ဒီအထဲမှာ အမျိုးသမီးတွေလည်း အများအပြားပါဝင်လာတာကို တွေ့ရပါတယ်။ အခု ဇွန်လ ၃၀ ရက်နေ့မှာ မြေပုံမြို့က စစ်သင်တန်းတက်မယ့် လူငယ်တွေရဲ့ တန်းစီးနေတဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပြီး အဲ့ဒီအထဲမှာ အမျိုးအသီးတွေ…
ရခိုင်မှာ နိုင်ငံရေး သိပ္ပံကျောင်းဖွင့်လှစ်ထား
အာရက္ခလွတ်မြောက်နယ်မြေ မှာ နိုင်ငံရေးသိပ္ပံကျောင်းဖွင့်လှစ်ထားပြီး အဲ့ဒီသင်တန်းကျောင်းကနေ အရာရှိ နှစ်ထောင်ကျော် သင်တန်းဆင်းပြီးဖြစ်တယ်လို့ ULA/AA နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။ Arakan School of Public Policy and Administration (ASPPA) အမည်ရတဲ့ အဲ့ဒီကျောင်းမှာ ရခိုင်ခေါင်းဆောင်တွေ ၊ တော်လှန်ရေးဘက်တော်သားတတ်သိပညာရှင်တွေ…
ကျောက်ဖြူ ခမရ ၅၄၃ မှာ မြေမြုပ်မှိုင်းတွေထောင်ပြီး တပ်နေရာရွှေ့ဖို့ပြင်ဆင်နေ
ကျောက်ဖြူမြို့ နယ် အခြေစိုက် ခမရ ၅၄၃ ပတ်လည်မှာ စစ်ကောင်စီဘက်က မြေမြုပ်မှိုင်းတွေ ထောင်ထားပြီး တပ်တွင်းက အရေးကြီးပစ္စည်းတွေ ရွေ့ပြောင်းနေတယ်လို့ သတင်းရရှိပါတယ်။ အရေးကြီးပစွည်း တွေကို ဇွန်လ ၂၅ ရက်ကတည်းက ရွှေ့ပြောင်းပြီးတော့ တပ်တွင်းမှာ အစောင့်တပ်သား များသာချန်ထားခဲ့တယ် လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။…
ရခိုင်လွတ်မြောက်နယ်မြေမှာ အခြေခံသတင်းပညာသင်တန်း ပေး
ရခိုင်ပြည်လွတ်မြောက်နယ်မြေမှာ အလွတ်တန်းသတင်းထောက် တစ်ဦးက ဦးဆောင်ပြီး အခြေခံသတင်းပညာသင်တန်း ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီသင်တန်းမှာ အခြေခံသတင်းရေးသားနည်း ၊ သတင်းဓာတ်ပုံ နဲ့ ဗီဒီယိုရိုက်ကူးနည်း ၊ သတင်းဗီဒီယို တည်းဖြတ်နည်း တွေကို သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီသင်တန်းဟာ အာရက္ခအစိုးရ အုပ်ချုပ်တဲ့ဒေသမှာ ကျင်းပခဲ့တာဖြစ်ပြီး သတင်းလွတ်လပ်ခွင့်အပေါ်မှာ ULA/AA…
အသက်ဘေးမကြောက် လွတ်မြောက်လိုသည်
စစ်မေ (၁) မခင်မေဝင်း (အမည်လွှဲ) ဟာ အသက် ၁၉ နှစ်မှာ အာရက္ခတပ်တော်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ သူဟာ တက္ကသိုလ်ဆက်တက်ဖို့ မိဘတွေက တိုက်တွန်းခဲ့ပေမယ့် အာရက္ခတပ်တော်ထဲကိုသူ့ဆန္ဒနဲ့သူပဲ ဝင်သွားခဲ့တယ်။ ၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်ကပဲ တပ်တော်ထဲကိုဝင်ခဲ့တဲ့ မခင်မေဝင်းဟာ အာဏာသိမ်းပြီးချိန်မှာတော့ ဆေးတပ်မှာ ဗိုလ်ကြီးဖြစ်နေပါပြီ။…
တောင်ကုတ် နဲ့ အမ်းမြို့ပေါ် အထိအခိုက်အများဆုံးရပ်ကွက် တွေက နေအိမ်တွေ ပြန်လည်ပြုပြင်နိုင်ဖို့ ပြည်သူတွေ တောင်းဆို
ရခိုင်ပြည် က လွတ်မြောက်မြို့တွေ ဖြစ်တဲ့ တောင်ကုတ်မြို့နဲ့ အမ်းမြို့ပေါ်က အပျက်အစီးများတဲ့ ရပ်ကွက်တွေက ဒေသခံတွေ ဟာ မိုးရာသီကာလ အမှီ မိမိနေအိမ်တွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ မြို့သိမ်းတိုက်ပွဲ အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ မြို့ပေါ်ရပ်ကွက် တွေမှာ နေအိမ် ရာနဲ့…
ကျောက်ဖြူအမတ်ဟောင်း တည်ထောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ RNP က စစ်ကောင်စီဆီမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျောက်ထား
ကျောက်ဖြူမြို့နယ်က ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန် နဲ့ သူ့ ရဲ့ သားမက်ဖြစ်သူ ကျောက်ဖြူဗရာဏသီဟိုတယ် Hotel Varanthi ပိုင်ရှင် ဦးငြိမ်းချမ်းမောင်တို့ ဦးဆောင်တည်ထောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party-RNP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်(UEC)ဆီကို ဇွန်လ၂၄ရက်နေ့မှာလျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။ နိုင်ငံရေးပါတီတွေ…
ကျောက်ဖြူမြို့ ကပ်သပြေရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီ အကျအရှုံးတွေ နဲ့ရင်ဆိုင်နေရ
တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့မှာ ဓည၀တီ ရေတပ်ဌာနချုပ် ရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ကပ်သပြေရွာတိုက်ပွဲဟာ တစ်ပတ်ကျော်ကြာလာပြီး တဲ့နောက်မှာတော့ စစ်ကောင်စီတပ်သားတွေ အကျအရှုံးများနေတယ်လို့ သတင်းရရှိပါတယ်။ ကပ်သပြေရွာတိုက်ပွဲမှာ အကျအရှုံးများနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့၀င်အချို့ဟာ တိုက်ပွဲကြားထဲကနေ လွတ်မြောက်ရာနေရာတွေကို ထွက်ပြေးတာတွေလည်း ရှိနေတယ်လို့လည်း ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်က လေး၀တီFM ကိုပြောပါတယ်။ "အခု တိုက်ပွဲကလည်းပြင်းနေတယ် ၊…
အမ်းမြို့နယ် က စစ်ရှောင်တွေ ငှက်ဖျားကြောင့် ဆေးမကုနိုင်ဘဲ သေဆုံးမှုရှိနေ ၊ အာရက္ခပြည်သူ့အစိုးရ အရေးပေါ်စီမံပေးရန်လိုအပ်
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ် ကျေးရွာတွေမှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ငှက်ဖျား ရောဂါကြောင့် သေဆုံးမှုတွေ တိုးလာပြီး ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလက်လှမ်းမှီဖို့ အာရက္ခပြည်သူ့အစိုးရ အနေနဲ့ အရေးပေါ်ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။ အခုဇွန်လ ထဲမှာတင် အမျိုးသား ၊ အမျိုးသမီး ၊ကလေး အပါအဝင် လူဆယ်ဦးကျော်…