ယနေ့ Wednesday, 5th February 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ပြည် နဝဒေးတံတားက ဖြတ်သန်းတဲ့ ကုန်ကားတွေချောဆွဲပြီး ၊မိုးထိတောင် တိုက်ပွဲကို စစ်ကူနဲ့ လက်နက်ပို့ဆောင်

ပြည် နဝဒေးတံတားက ဖြတ်သန်းတဲ့ ကုန်ကားတွေချောဆွဲပြီး ၊မိုးထိတောင် တိုက်ပွဲကို စစ်ကူနဲ့ လက်နက်ပို့ဆောင်

ပဲခူးတိုင်း ပြည်မြို့ နဝဒေးတံတားပေါ်မှာ ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ကုန်ကား အစီးရေ ၂၀ ကျော် ပေါ်တာဆွဲခံရပြီး ရခိုင်ရိုးမကို ပို့ခံရတယ်လို့ သတင်းရရှိပါတယ်။

“နဝဒေးတံတားပေါ်ကို ခါလီဖြတ်လာတဲ့ ကုန်ကားတွေ အကုန်လုံးကို ဖမ်းပြီး ၊ တစ်စီးမှာ လူ ၄၀ နဲ့ လက်နက်တွေ တင်ခိုင်းတယ်၊ ပြီးတော့ ညတွင်းချင်းမှာ မိုးထိတောင် ဘက်ကို တက်သွားရတယ်” လို့ ကုန်ကားဆရာတစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

ရခိုင်ပြည် တောင်ကုတ်-ပြည်လမ်းပိုင်းပေါ်မှာရှိတဲ့ မိုးထိတောင်ဗျူဟာ မှာ တိုက်ပွဲပြင်းထန်နေပြီး အဲ့ဒီတိုက်ပွဲမှာ အင်အားဖြည့်ဖို့ အတွက် စစ်ကောင်စီဟာ အရပ်သားတွေ ရဲ့ ကုန်တင်ကားတွေကို အသုံးပြုနေတာဖြစ်ပါတယ်။

“နေ့လည် ၂ နာရီလောက်ကနေ ညနေတစ်ပိုင်းလုံး ဖြတ်တဲ့ ကားတွေ ဆွဲသွားတာ ၊ ကားနဲ့ ကားဆရာတွေကို တပ်ကိုအရင်ခေါ်သွားပါတယ်။ ” လို့ မျက်မြင် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

တောင်ကုတ် တောင်ကြားလမ်းပေါ်က မိုးထိတောင်ဗျူဟာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာနေပြီး လေကြောင်းက အပြင်းအထန် ပစ်ကူပေးနေရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ပြည်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်း ပြည်မြို့အတွင်း က လူငယ်တွေကို စစ်ကောင်စီက ရာနဲ့ချီပြီး ပေါ်တာဆွဲတဲ့ သတင်းတွေ ထွက်လာခဲ့ပါသေးတယ်။

ပြည်မြို့နဝဒေးတံတား အနီးဝန်းကျင် ကို နိုဝင်ဘာလ အတွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ထားပြီး ည ရှစ်နာရီ နောက်ပိုင်းမှာ ဖြတ်သန်းခွင့် ပိတ်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ- အင်တာနက်

အမ်းချောင်းသူ (လေးဝတီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *