Laywaddy FM

အမ်းနပခဌာနချုပ် ကိုAA စတင်ထိုးစစ်ဆင်

အမ်းနပခဌာနချုပ် ကိုAA စတင်ထိုးစစ်ဆင်

ရခိုင်ပြည် အမ်းမြို့က တပ်အင်အားတွေ စုပေါင်းထားတဲ့ အနောက်ပိုင်တိုင်း စစ်ဌာနချုပ်အတွင်း ကို အာရက္ခတပ်တော်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ စတင်ထိုးစစ်ဆင်နေတယ် လို့ သတင်းရရှိပါတယ်။

အမ်းမြို့ပေါ်မှာ ဖြန့်ပြီး နေရာယူထားတဲ့ တပ်ရင်း ၊ တပ်မတွေနဲ့ ခံစစ်စခန်းတွေ အကုန်လုံးကို နိုဝင်ဘာ ၃၀ ရက် က အပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ ဒီဇင်ဘာ ၃ ရက်နေ့ကစတင်ပြီး နပခ ဌာနချုပ်ကို လက်ကြီး လက်နက် ငယ်တွေ နဲ့ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

အမ်းမြို့ပေါ်မှာရှိတဲ့ လက်ကျန်တပ်အင်အားတွေ အကုန်လုံးဟာ နပခ ဌာနချုပ်ထဲမှာ ပိတ်မိနေပြီး စစ်ကောင်စီ ဘက်ကလည်း အခိုင်အမာ ခံစစ်ပြင်ဆင်ထားကြတာလည်းဖြစ်ပါတယ်။

“အမ်းမြို့ပေါ်က လက်ကျန်တပ်တွေကို သိမ်းပြီး အခု နပခ ဌာနချုပ်ကို အနီးကပ်စတိုက်နေပြီ၊ စစ်ကောင်စီဘက်က ဌာနချုပ်ဝန်းရဲ့ အတွင်းကကပ်ပြီး ကတုတ်ကျင်းတွေ အဆင့်ဆင့်တူးထားတယ်၊” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ အမ်းနပခဌာနချုပ်ကို တပ်ရင်း ၊ တပ်ခွဲ၊ ကာကင်း၊ ရှေ့ပွိုင့်ဗျုဟာများ နဲ့ စနစ်တကျအခိုင်အမာတည် ဆောက်ထားပြီး ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့ကတော့နှစ်ဖက်တိုက်ပွဲတော်တော်ပြင်းနေတယ်။ AAကလည်း လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်တွေနဲ့ တစ်နေကုန်ထိုးစစ်ဆင်နေတယ်၊ စစ်ကောင်စီဘက်က လည်း အတွင်း က ဒရုန်းတွေ လွှတ်တယ် လေကြောင်းနဲ့ ပြန်ခုခံနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က တိုက်ပွဲအခြေအနေ ကို ရှင်းပြပါတယ်။

အမ်း နပခ ဌာန ချုပ်ဟာ မူလ အင်အား ထောင်နဲ့ချီတဲ့ စစ်သည်တွေ နဲ့ ဗျူဟာ ချတားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲတွေ အတွင်းမှာ အဲ့ဒီ တပ်ရင်းတပ်မ အသီးသီးက နေ အာရက္ခတပ်တော် AA ဆီကို ပုံစံအမျိုးမျိုးနဲ့ ခိုလှုံလာသူ တစ်ထောင်ကျော်ပြီ လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီ စစ်ကြောင်းတွေ က ပို့လွှတ်တဲ့ လေကြောင်းစစ်ကူတွေ နဲ့ ခြေလျင်စစ်ကူတွေကိုလည်း အာရက္ခတပ်တော်က ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။

အာရက္ခတပ်တော် ဟာ နပခ ဌာနချုပ်ရဲ့ တပ်ရင်း (၈) ခုကို သိမ်းပိုက်ပြီးကြောင်း ကြေညာပြီးနောက်မှာ

အမ်းမြို့ပေါ်မှာ ဖြန့်ကျထားတဲ့ တပ်ရင်း လေးခု ၊ မြို့မရဲစခန်းတစ်ခု ၊ ယာယီစစ်ဆေးရုံ တစ်ခု ကို ထပ်မံသိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

အမ်းနပခဌာနချုပ် ကိုAA စတင်ထိုးစစ်ဆင်

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *