အာရက္ခတပ်တော် AA ဘက်က ရခိုင်-မကွေးနယ်ခြားဂိတ်တွေကို သိမ်းပိုက်ပြီးကြောင်းထုတ်ပြန်ထားပြီးနောက်ပိုင်း အဲ့ဒီနေရာက တပ်စခန်းတွေကို ထိုးစစ်ဆင်ဖို့ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တပ်လန်ပြီး နောက်ပြန်ဆုတ်သွားရတယ်လို့ သတင်းရရှိပါတယ်။
ဇန်နဝါရီ ၃၁ ရက်မနက်ပိုင်းမှာ အမ်းရိုးမ ဂုတ်စည်းရိုးကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထပ်မံတပ်ဆုတ်သွားကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
” ဂုတ်စည်းမှာရှိ တဲ့ စစ်ကောင်စီစခန်းတွေကို စစ်ကောင်စီက နတ်ရေကန် ကစစ်ကြောင်းထိုးပြီး ပူးပေါင်းတယ်။ AAဖက်ကလည်း ကံမြင်ကန်ဖက်ကနေ ဆင်းပြီး ဂုတ်စည်းကိုတိုက်တယ်။ သူတို့လည်းပြန်တိုက်တယ် အဲ့ဒီမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး အခု စစ်ကောင်စီအဖွဲ့တွေ နောက်ဆုတ်သွားတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ အမြှောက်လက်နက်ကြီးတွေကို တင်ဆောင်လာတဲ့ ကားတွေနဲ့ ရွှေ့ပြောင်းသယ်ယူသွားပြီး နတ်ရေကန်ဗျူဟာကုန်းကို နောက်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
” တိုက်ပွဲကဒီနေ့အထိဆက်ရှိနေသေးတယ်။ မနေ့ကဆိုရင် အမြှောက်ကြီးတွေကို အကုန်ဖြုတ်ပြီး နောက်ပြန်ဆုတ်သွားတယ်။ “ လို့ ပြောပါတယ် ။
ရခိုင်-မကွေးအစပ်မှာ ရှိတဲ့ ဂုတ်စည်းစခန်းဟာ နတ်ရေကန် စခန်းနဲ့ သုံးမိုင်အကွာမှာတည်ရှိပြီး စစ်ကောင်စီဟာ နယ်ခြားဂိတ်နဲ့ အနီးဆုံးမှာရှိတဲ့ နတ်ရေကန်ဂိတ်မှာ အထိုင်ချနေတာဖြစ်ပါတယ်။
ရခိုင်-မကွေးနယ်ခြား၊ ရခိုင်-ပဲခူးနယ်ခြား လမ်းပိုင်းတွေဖြစ်တဲ့ အမ်း-ပဒန်းလမ်းပိုင်း နဲ့ တောင်ကုတ် -ဉသျှစ်ပင်လမ်းပိုင်းတို့မှာ နေ့စဉ်ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်လျှက်ရှိပါတယ်။
အဉ္စနလီညှင်း ၊လေး၀တီFM