ကျောက်ဖြူအထူးစီးပွားရေးဇုန်ထဲက သောကသည် တောင်သူများ
မင်းသစ်အိမ် – ရေးသည်
“ ဘကြီးမှာ လယ်ဘယ်လောက်ရှိတယ်ဆိုတာကို မင်းတို့တိုင်းတာကြ၊ အဲလိုပြောပေမယ့် ခန့်မှန်းပြီးမှပဲ တိုင်းယူ သွားတာ။ အမှန်တကယ်က ဧက ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းရမှာ။ ဥပမာ ငါတို့ အဘိုးအဘွား လက် ထက်က ငါရထားတာ ၃ ဧကဆို ၃ ဧက၊ ၅ ဧကဆို ၅ ဧက၊ အဲလောက်ပဲ သူတို့က သတ်မှတ်ထားတာ။ ငါ့မှာ ဆက်ပြီးတော့ တိုးချဲ့ထားတာတွေ တိုင်းပေးဆိုပေမယ့် တိုင်းစရာမလိုဘူးလို့ ပြောတယ်”
ကျောက်ဖြူမြို့နယ်၊ ကန္ဒီးအုပ်စု၊ ပျားတဲကျေးရွာမှာရှိတဲ့ လယ်ယာမြေဧကတွေကို အမှန်တကယ် တိတိကျကျ တိုင်းတာ စစ်ဆေးမှုတွေ မလုပ်ပဲ မြေစာရင်းဌာနက တာဝန်ရှိသူတွေဟာ ခန့်မှန်းပြီးမှပဲ တွက်ချက်ယူသွားတဲ့ အကြောင်းကို ပျားတဲကျေးရွာသား တောင်သူ ဦးသန်းစိုးက ပြောပြနေတာဖြစ်ပါတယ်။
ရခိုင်ဒေသက ကျောက်ဖြူမြို့နယ်ဆိုတဲ့ အသံကို ကြားလိုက်ရမယ်ဆိုရင် တရုတ်ရဲ့ ရွှေသဘာဝ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေအပြင် အထူးစီးပွားရေးဇုန်ဆိုတဲ့ (SEZ) စီမံကိန်းကိုပါ တွဲဖက်မြင်ယောင်ကြမှာပါ။
ဒီ SEZ စီမံကိန်းအတွက် သိမ်းဆည်းမယ့် မြေနေရာတွေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေစပြီးတော့ ကန္ဒီးအုပ်စု အပါအဝင် ကြတ္တိန်၊ ချောင်းဝ၊ သိုင်းချောင်း၊ ကပ်သပြေ၊ စစ်တော၊ ဒိုးမတောင်၊ မင်းပြင်နှင့် မဒေးကျွန်းဆိုတဲ့ အုပ်စု ၉ အုပ်စုမှာ ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနက လာရောက်တိုင်းတာခဲ့တာဖြစ်ပါတယ်။
ဒီလို တိုင်းတာမှုတွေ လုပ်ခဲ့ပေမယ့် ဦးသန်းစိုးဟာ သူ့ရဲ့ လယ်မြေဧက ဘယ်နှစ်ဧကအထိ သိမ်းဆည်း ခံရမယ် ဆိုတာကို စာရင်းတွေ တိတိကျကျ မသိရသေးသလို သူ့ရဲ့လယ်မြေတွေဟာ ကာလတန်ဖိုးနဲ့အညီ နစ်နာကြေး ရရှိပါ့မလားဆိုတဲ့ အပေါ်မှာလည်း. စိုးရိမ်မှုတွေ ရှိနေတာပါ။
“ မင်းတို့က တိုင်းတော့ တိုင်းကြပါရဲ့ ငါတို့ကို နစ်နာကြေးဈေး ဘယ်လိုပေးမှာလဲ၊ ဘယ်လို သတ်မှတ်ထားတာ လဲလို မေးတော့ အဲတာတွေကို သူတို့ မပြောနိုင်ဘူးတဲ့။ ဆိုတော့ မင်းတို့ မပြောနိုင်ရင် ဘာလို့ ငါလယ်တွေကို လာတိုင်းတာလဲလို့ ပြန်ပြောလိုက်တယ်”
ဦးသန်းစိုးဟာ သူငယ်ငယ်ကတည်းက မိဘတွေနဲ့အအတူ လယ်ယာမြေလုပ်ငန်းတွေကို ဒိုးတူဘောင်ဘက် လုပ်ကိုင်လာခဲ့တာဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ အသက် ၆၀ ကျော်လာခဲ့ပြီဖြစ်သလို သူ့ရဲ့ သားသမီး ၅ ဦး ကို လည်း ဒီလယ်ယာမြေလုပ်ငန်းနဲ့ပဲ လူလားမြောက်အောင် ပြုစုစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။
သူ့မှာ လယ်ယာမြေအပါအဝင် ဥယျာဉ်ခြံတွေကိုပါ ပေါင်းလိုက်မယ်ဆိုရင် မြေဧက ၇ ဧက ခန့်ပိုင်ဆိုင်တာဖြစ်ပြီး အဲဒီ လယ်ယာမြေတွေနဲ့ ဥယျာခြံတွေဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုတဲ့ စီမံကိန်း ဧရိယာထဲမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ မြေဧကတွေဟာ စီမံကိန်း ဧရိယာထဲမှာ ပါဝင်နေတယ်ဆိုတာကို ကျောက်ဖြူမြို့နယ်၊ မြေစာရင်းဦးစီး ဌာနက ဝန်ထမ်းတစ်ဦးဆီကနေ သူ့နည်းသူဟန်နဲ့ သိရှိခဲ့ရတာဖြစ်ပေမယ့် အာဏာပိုင်တွေဘက်ကတော့ တရားဝင် ထုတ်ပြန်ထားတာမရှိသေးဘူးလို့ ဦးသန်းစိုးက ပြောပါတယ်။
ဦးသန်းစိုးလိုပဲ သိုင်းချောင်းအုပ်စု၊ ဇိုင်ချောင်းကျေးရွာက တောင်သူ ဦးတင်ဝင်းမှာလည်း လယ်မြေဧက ၆ ဧက ခန့်အထိ တိုင်းတာစစ်ဆေးခံခဲ့ရပြီး ဒီကိစ္စနှင့် ပတ်သက်လို့ ခုချိန်ထိ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။
“ သူတို့ကတော့ ဘယ်သူ့မှာ လယ်ဘယ်နှစ်ဧက အသိမ်းခံရမယ်ဆိုတာကို ဘောင်ချာဖြတ်ပိုင်းနဲ့ လာပေးမယ် ဆိုပြီး ပြောခဲ့တယ်။ အဲဒီချိန်မှ ဘယ်သူ့မှာ ဘယ်နှစ်ဧကပါတယ်ဆိုတာကို တိတိကျကျ ပြောပေးနိုင်မယ်လို့ သူတို့က ပြောတယ်။ ဒါတောင်မှ လူတိုင်းကို ပြောခဲ့တာ မဟုတ်ဘူး”
တောင်သူတစ်ဦးတစ်ယောက်ချင်းဆီက သိမ်းဆည်းမဲ့ မြေနေရာတွေကို အချိန်တန်ရင် ဘောင်ချာ ဖြတ်ပိုင်းနဲ့ တစ်ကွ လာရောက်အသိပေးသွားမယ်လို့ မြေစာရင်ဌာနက တာဝန်ရှိသူတွေဟာ တောင်သူတစ်ချို့ကို ပြောဆိုခဲ့တာပါ။
တကယ်တော့ ကန္ဒီး၊ ကြတ္တိန်၊ ချောင်းဝ၊ သိုင်းချောင်း စတဲ့ အုပ်စု ၉ အုပ်စုထဲမှာ ကျေးရွာပေါင်း ၃၅ ရွာရှိပြီး အဲဒီကျေးရွာတွေက တောင်သူ၂၀၀ ထက်မနည်းဟာလည်း သူတို့ရဲ့ လယ်မြေတွေ ဘယ်နှစ်ဧက သိမ်းဆည်းခံ ရမယ်ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။
ဒီအပေါ်မှာ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရေးအပြင် တကယ်လို့ မြေတွေကို သိမ်းဆည်းခဲ့မယ်ဆိုရင် လည်း ကာလတန်ဖိုးနဲ့အညီ နစ်နာကြေးတွေပေးအပ်ဖို့ တောင်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ – ၂၀၁၈ ခုနှစ်တွေမှာ မြို့နယ်အာဏာပိုင်တွေကို အကြိမ်ကြိမ်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။
တောင်သူတွေဟာ လယ်မြေ တစ်ဧကကို ကျပ်သိန်း ၂၅၀ ကနေ သိန်း ၉၀၀ ဝန်းကျင်အထိ တောင်းဆို ထားကြ တာဖြစ်ပေမယ့် အာဏာပိုင်တွေနဲ့ SEZ အတွက် ဖွဲ့စည်းထားတဲ့ ကော်မတီ အဖွဲ့ဝင်တွေက ငွေကျပ် ၁၈ သိန်း ကနေ အများဆုံး ၂၅ သိန်းကြားကိုသာ အကြမ်းဖြင့် သတ်မှတ်ခံထားရတယ်လို့ ဦးတင်ဝင်းက
“ တောင်သူတွေက တစ်ဧကကို သိန်း ကိုးရာ တောင်းထားတယ်။ အဲဒီထဲက သုံးပုံ ပုံလို့ နှစ်ပုံလောက်ကျန်ရင် တော့ ပြောင့်ချင်ပြောင့်မယ်။ ဒါပေမယ့် သူတို့ (အာဏာပိုင်) တွေက ဘယ်လို ပြောသလဲဆိုတော့ တစ်ဧကကို ၂၅ သိန်းသာ ပေးမယ်လို့ လယ်သမားတွေက သတင်းကြားထားတယ်။ ၂၅ သိန်းနဲ့တော့ မရောင်းဘူး။ သိမ်းချင်ရင် လည်း သိမ်းသွားပလေ့စေ ကျနော်တို့က အဲလိုတွေးထားတယ်” လို့ ပြောပါတယ်။
တောင်သူတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ တုန့်ပြန်ချက်တွေကို သိရှိနိုင်ဖို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးမင်းထွဏ်နဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ရွှေတို့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက မြို့အဝင်ဂိတ်တွေကို ပိတ်ဆို့ထားတဲ့အပြင် ဖုန်းလိုင်းပြတ် တောက်မှုတွေကြောင့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
ဒီအထူးစီးပွားရေးဇုန် ဧရိယာထဲမှာ လယ်ယာမြေတွေ ပါဝင်နေတဲ့ တောင်သူတွေဟာ သူတို့တောင်းဆိုထားတဲ့ နစ်နာကြေးတွေ ရရှိဖို့ မျှော်လင့်ထားသူတွေရှိသလို တချို့တောင်သူတွေကတော့ တောင်သူမျိုးရိုးဆိုတဲ့ ဂုဏ်ပုဒ်ကို လက်ဆင့်ကမ်းသွားချင်တဲ့သူတွေလည်း ရှိနေကြပါသေးတယ်။
မင်းပြင်အုပ်စု၊ မင်းပြင်ကျေးရွာက တောင်သူ ဒေါ်တင်တင်နု ကတော့ သူ့ရဲ့လယ်ယာမြေတွေဟာ အာဏာပိုင် တွေက ဖော်ဆောင်ပေးခဲ့တာမဟုတ်ဘဲ ဖိုးဖီးစဉ်ဆက် ချွဲ၊သွေးရင်းပြီး ကိုယ်ထူကိုယ်ထ ဖော်ဆောင်ခဲ့တဲ့ အမွေမို့ ငွေကြးဘယ်လောက်ပေးပေး မရောင်းချင်ဘူးလို့ ဆိုပါတယ်။
“ အဘိုးအဖွားတွေဆုံးလို့ မိဘလက်ထက်၊ အခု မီဘက်လက်ထက်ကနေ သားသမီးလက်ထက်ကို လက်ဆင့် ကမ်းပြီး ရောက်နေတာဆိုတော့ အစ်မတို့ကတော့ ထိန်းသိမ်းထားချင်တယ်။ ဒါကြောင့် ကိုယ့်လယ်ကို ကိုယ်မ ရောင်းစားဝံ့ပဲ ဒုက္ခခံပြီး လုပ်စားလာတာ ဒီနေ့အချိန်ထိဖြစ်တယ်”
တကယ်တော့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုန်ဇုန်၊ အဆင့်မြင့် အိမ်ရာစီမံ ကိန်းဆိုပြီးတော့ လုပ်ငန်းစဉ် ၃ ခု သတ်မှတ်ထားတာပါ။ရေနက်ဆိပ်ကမ်းကိုတော့ ကျောက်ဖြူမြို့နယ်က မဒေးကျွန်းနဲ့ ရမ်းဗြဲမြို့နယ်တွေမှာ ရာတားထားတယ်လို့ သိရပါတယ်။
အဲဒီ လုပ်ငန်းစဉ် ၃ ခုထဲမှာ ရေနက်ဆိပ်ကမ်း အတွက် မြေဧက ၆၀၀ ကျော်၊ စက်မှုဇုန်စီမံကိန်းအတွက် ဧက ၂၄၀၀ ကျော်၊ အိမ်ရာစီမံကိန်းအတွက် ဧက ၁၂၀၀ ကျော် စုစုပေါင်း မြေဧက ၄၃၀၀ ခန့် ပါဝင်တယ်လို့ မြန်မာ့ အထူးစီး ပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအထဲက ရေနက်ဆိပ်ကမ်းနဲ့ စက်မှုန်ဇုန်စီမံကိန်းကို ကနဦးတည်ဆောက်နိုင်ရေးအတွက် NLD အစိုးရလက်ထက် က ပြင်ဆင်မှုတစ်ချို့ ရှိခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဒီလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီကတော့ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အကောင်အထည် ဖော်သွားမယ်လို့ ၂၀၂၃ ဒီဇင်ဘာလက ထုတ်ပြန်ကြေညာထားသလို ဒီလုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်နိုင် ရေးအတွက် တရုတ်ဘက်က ဖိအားတွေ ပေးနေတာကိုလည်း တွေ့ရပါတယ်။
ဒီလို အခြေအနေတွေ ရှိနေပေမယ့်လည်း ဘယ်သူ့ဆီကနေ မြေဧက ဘယ်လောက်သိမ်းဆည်းသွားမယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အခုချိန်ထိ ပွင့်လင်းမြင်သာမှု မရှိသေးတာကြောင့် တောင်သူတွေအဖို့ စိုးရိမ်မှုတွေ မြင့်တက်နေရတာလို့ ဦးသန်းစိုးက ပြောပါတယ်။
“ သဘောက သိန်း ၂၅၀ တောင်းထားတယ်၊ ရော့၂၃၀ ယူ၊ ၂၂၀ ယူ၊ အဲလိုမျိုး ငါတို့ကို တန်ကြေးပေး။ ဘာမှမ ပေးဘဲနဲ့ လာလုပ်လို့တော့ မရဘူး။ တောင်းထားတာက ၂၅၀ ကို ၁၀၀ ယူဆိုရင်လည်း ငါတို့လယ် သမားတွေက သဘောမတူဘူး။ ဖမ်းချင်လည်းဖမ်း၊ သတ်ချင်လည်းသတ် အဲလိုမျိုးတော့ လက်မခံဘူး။” လို့ သူ့သဘော နဲ့ ခံယူချက်ကို ပြောပြပါတယ်။
လက်ရှိ ရခိုင်ဒေသမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ဟာ တိုက်ပွဲတွေ ပြင်းထန်နေသလို ကျောက်ဖြူ မြို့ နယ်ထဲက စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်နဲ့ (၃၂) ရဲတပ်ရင်းတွေအထိ (AA)က ချည်းကပ် ပိတ်ဆို့ထားပြီး နှစ်ဘက်တိုက်ပွဲတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အနီးက ကျေးရွာ ၂၀ ခန့်ကိုသာ စစ်ကောင်စီဘက်က စိုးမိုးထား နိုင်ပြီး အခြားသော နယ်မြေတွေကို ULA/ AA က ထိန်းချုပ်ထားတာကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ စစ်ကောင်စီအတွက် လက်လွှတ်ရနိုင်ခြေ၊ ဒါမှမဟုတ် ရပ်တန့်ရနိုင်ခြေတွေ ရှိနေပါတယ်။
စစ်ကောင်စီရဲ့ ဒီလိုအားနည်းချက်တွေကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး တရုတ်ဘက်က ULA/ AA နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပိုပြီး လုပ်လာနိုင်သလို ကျယ်ပြန့်တဲ့ ညှိနှိုင်းမှုတွေလည်း ဖြစ်လာနိုင်ခြေတွေ ရှိနေပါတယ်။
အခြားတစ်ဘက်မှာတော့ ရခိုင်မှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဆက်လက်လည်ပတ်နိုင်ဖို့ဆိုရင် ULA/ AA နဲ့ ညှိနိုင်းဆောင်ရွက်ကြဖို့အပြင် စီမံကိန်းအသစ်တွေ ထပ်တိုးလာခဲ့မယ်ဆိုရင်လည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ လုံခြုံ ရေးကို ကာကွယ်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ ULA/ AA က ထုတ်ပြန်ထားတာရှိပါတယ်။
ဒါကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဟာ ဘယ်အာဏာပိုင်တွေရဲ့ လက်ထက်မှာပဲဖြစ်ဖြစ် ပျက်ပြယ်သွားမယ့် အခြေအနေနည်းပါးသလို တောင်သူတွေရဲ့ စိုးရိမ်မှုတွေဟာလည်း ဆက်လက်ရှိနေအုံးမှာပဲ ဖြစ်ပါတယ်။
ရခိုင်ဒေသက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို လေ့လာစောင့်ကြည့်နေတဲ့ ကိုခင်ဦးကတော့ ဒီစီမံကိန်းနဲ့ ပတ်သက် ပြီး ULA/ AA ဘက်က ဘယ်လိုမူဝါဒတွေ ထုတ်ပြန်မလဲဆိုတာကို မသိရသေးပေမယ့် ထိုက်သင့်တဲ့ နစ်နာကြေး တွေနဲ့ ဒေသခံတွေ အလုပ်အကိုင် ရရှိမယ်ဆိုရင် ဒေသအကျိုးအတွက် လက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။
“ တောင်သူတွေမှာတော့ အကောင်းဆုံးကိုတော့ မျှော်လင့်ကြမှာပဲ။ တကယ်လို့ လိုအပ်လို့ ULA u အကောင်အ ထည် ဖော်တယ်ဆိုရင်တောင် မကောင်းရင်တော့ ပြည်သူက ပြောမှာပဲ။ ဆုံးရှုံးနစ်နာရင် ဆုံးရှုံးနစ်နာတယ်လို့ တောင်သူတွေကတော့ သူတို့အခွင့်အရေးကို ပြောမှာပဲ။ အဲဒါကတော့ ပြောခွင့်ရှိတယ်။ ဘယ်အစိုးရပဲလာလာ ဒေသအတွက်လည်း ကောင်းမယ်၊ အလုပ်အကိုင် အခွင့်အလမ်းလည်း ရှိမယ်၊ ဖွံ့လည်း ဖွံ့ဖြိုးမယ်ဆိုရင်တော့ ဒါကအဆင်ပြေမယ်လို့မြင်တယ်” လို့ တောင်သူ တစ်ဉီးက ပြောပါတယ်။
တကယ်တော့ SEZ စီမံကိန်းဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင် သန္ဓေတည်လာခဲ့တာဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အစကနဦးမှာ စီမံကိန်းကုန်ကျစရိတ်အဖြင့် အမေရိကန်ဒေါ်၇.၃ ဘီလီယံ သတ်မှတ်ခဲ့ပြီး ရှယ်ယာခွဲဝေမှုမှာတော့ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းနဲ့ တရုတ်ဘက်က ၈၅ ရာခိုင်နှုန်းဖြင့် သဘောတူညီခဲ့ကြတာပါ။
အဲဒီနောက် NLD အစိုးရလက်ထက်မှာတော့ တရုတ်ဘက်က ၇၀ ရာခိုင်နှုန်း မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြင့် ရှယ်ယာခွဲဝေမှုကို ပြောင်းလဲသတ်မှတ်ခဲ့သလို မြန်မာဘက်က အကြွေးပိမယ့် စိုးရိမ်ချက်ကြောင့် စီမံကိန်းကုန် ကျစရိတ်ကိုလည်း ၁. ၃ ဘီလီရန်အဖြင့်သာ ကနဦး စတင်ဖို့ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ တရုတ်နဲ့ မကြာခဏ တွေ့ဆုံမှုတွေ ပြုလုပ် ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ စာချုပ်အဖြင့် တရုတ်နဲ့ စစ်ကောင်စီတို့ဟာ ပြန်လည်ချုပ်ဆိုခဲ့ပါတယ်။
အဲဒီနောက်ဆက်တွဲ စာချုပ်ထဲမှာ LND လက်ထက်က သဘောတူညီချက်တွေကို ပြန်လည်ပြင်ဆင်ထားသလား ဒါမှမဟုတ် သဘောတူညီချက်တွေ ထပ်တိုးပြင်ဆင်ထားသလားဆိုတာကို ခေတ်အဆက်ဆက် စစ်အာဏာရှင် တို့ရဲ့ ထုံးစံအတိုင်း ဘာတစ်ခုမှ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တောင်သူ ဦးသန်းစိုးတစ်ယောက်ကတော့ ထိုက်သင့်တဲ့ နစ်နာကြေးတွေနဲ့ ဒေသခံတွေ အတွက် အလုပ်အကိုင် တွေ၊ အကျိုးအမြတ်တွေ ရရှိလာဖို့ အာမခံချက်ရှိတယ်ဆိုရင် ဒေသအကျိုးအတွက် ဒီစီမံကိန်းကို အချိန်မရွေးလက်ခံတယ်လို့ ဆိုထားပါတယ်။
“ ငါတို့တန်ကြေးကို ငါတို့ရရင် ဘယ်နေ့မှာပဲ လုပ်လုပ် ဘယ် SEZ ပဲဖြစ်ဖြစ် ကြေနပ်ပြီးသားဖြစ်တယ်။ လုပ်သာ လုပ် ငါတို့ သားသမီးတွေ မိသားစုတွေ၊ ကျေးရွာသူ ကျေးရွာသားတွေ အဲလို အထက်တစ်နေရာမှာ အလုပ်အကိုင် မှန်းနိုင်မယ်ဆိုရင် ဘယ်နေ့ပဲ လုပ်လုပ်ရတယ်။ ဘာမှ ကန့်ကွက်စရာ မရှိဘူး။”
ဘယ်လိုပဲဖြစ်ဖြစ် နဂိုကတည်းကမှ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ ဒီစီမံကိန်းဟာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ထက်မှာ ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်လာမလဲ၊ ULA/ AA ကရော ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လို မူဝါဒတွေ ချမှတ်လာမလဲဆိုတာတွေက စိတ်ဝင်စားစရာ ကောင်းနေသလို စီမံကိန်း ဧရိယာထဲက တောင်သူတွေအတွက်ရော ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာတွေကလည်း ဆက်လက်စောင့်ကြည့်ကြရအုံးမှာပဲ ဖြစ်ပါတယ်။
မှတ်ချက်= ယခု ဆောင်းပါးပါ အင်တာဗျူးနာမည်များကို လုံခြုံရေးအခြေအနေကြောင့် အမည်ပြောင်း သုံးစွဲထားပါသည်။
I would like to thnkx for the efforts you have put in writing this blog. I am hoping the same high-grade blog post from you in the upcoming as well. In fact your creative writing abilities has inspired me to get my own blog now. Really the blogging is spreading its wings quickly. Your write up is a good example of it.
В каталоге представлены проверенные провайдеры и актуальные игровые новинки.
Пинко Казино
Пинко Казино — это оптимальное сочетание функциональности и выгодных условий.
Новичкам легко начать играть и получать бонусы http://sk303.com/bbs/board.php?bo_table=free&wr_id=2989092
https://voronezh-times.ru/news/2214844/nikola-jokich-oformil-tripldabl-v-matche-protiv-lejkers.html
Quand je consulte brutal casino login, je compare surtout la presentation des sections, l’ordre des informations et le confort de lecture. Je prefere les sites qui restent clairs meme quand ils proposent beaucoup de contenu. Je regarde aussi si le passage d’une page a l’autre est rapide. Une bonne structure rend l’experience plus naturelle.
The next time I read a blog, I hope that it doesnt disappoint me as much as this one. I mean, I know it was my choice to read, but I actually thought youd have something interesting to say. All I hear is a bunch of whining about something that you could fix if you werent too busy looking for attention.
whoah this blog is great i love reading your articles. Keep up the good work! You know, a lot of people are hunting around for this information, you can aid them greatly.
Как Гео оптимизация сайта помогает конкурировать с крупными агрегаторами типа 2ГИС?
Как микроразметка Schema.org помогает [url=https://9online.crforum.ru/viewtopic.php?t=35053]Продвижение сайтов в google[/url]?
[url=https://moskovsky.borda.ru/?1-7-0-00013182-000-0-0-1776944928]Разработка сайтов[/url] с учётом SEO — как правильно подготовиться к этому заранее?
Какие домашние животные требуют минимальных затрат на содержание?
Поисковое продвижение сайта — как выстроить грамотную контент-стратегию?
Поделитесь кейсом успешной Гео оптимизации сайта для розничной сети. [url=https://geo-optimizaciya-sajta.ru]Гео оптимизация сайта[/url]
[url=https://kapsulnyj-dom-1.ru]Капсульный дом[/url] — какова его реальная площадь и как её грамотно организовать?
Serm — как правильно работать с негативными отзывами на специализированных площадках?
Thankyou for this post, I am a big big fan of this internet site would like to proceed updated.
Apres avoir consulte plusieurs pages https://coloringart.com/forums/topic/business-for-working-with-foreign-investments/#post-562011 plateforme de jeux dargent jeux en direct je note une navigation fluide et des transactions rapides.
Undeniably beljeve thatt whic you said. Youur favorote reeason appearewd too bee on the weeb the
simplest tning to bee aware of. I saay too you, I ceretainly gget
irked whiloe people consider woeries tha they plainlly don’t kmow about.
Youu manjaged to hiit thhe nil upon thhe ttop ass well ass
desfined out thhe whole thing witthout having side effecct
, peoplee ccan takee a signal. Wiill probbly bbe back tto geet
more. Thanks
Lookk intoo my blog: txxxvideos.com
Helloo there, I founjd youhr website viia Googlee whilee
serching ffor a comparable topic, your websiye came up, itt aappears great.
I hafe bookmared iit inn my gopogle bookmarks.
Hello there, jut became alerrt too youjr weblog tyrough Google, andd located tgat it’s realy informative.
I’m going too be careful for brussels. I willl apprecoate iif yoou prdoceed thgis in future.
A llot off fopks shsll be benefited ouut oof your writing.
Cheers!
I visitedd sevral blogs buut thee audi quwlity for
aujdio songs curreent att thks web pafe iis inn fact excellent.
My wweb page: pornoworld.info
Excellemt blog! Do youu have anny tips for aspiring writers?
I’m hoping tto star my own site soon buut I’m a little loswt onn
everything. Woulod youu suggest starrting with a frre platform like Worrdpress
or ggo for a pad option? Therre are soo may chooices oout
therre that I’m completely overwhepmed .. Anny recommendations?
Aporeciate it!
Heree is my blog: roloxxx.com
Of course, what a great website and revealing posts, I will bookmark your blog.Best Regards!