ကျောက်ဖြူ က AA ထိန်းချုပ်လိုက်တဲ့ စခန်းတွေကို စစ်ကောင်စီဘက်က စက်လေထီး Paramotor အသုံးပြုပြီး အသေခံ ဗုံးကြဲတိုက်ခိုက် ဖို့ စေခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။
မြေပြင်စစ်ကြောင်း က နေ ခြေလျင်အင်အား ရာနဲ့ ချီပြီးကျောက်ဖြူက AA ထိန်းချုပ်လိုက်တဲ့ စခန်းတွေကို စစ်ကြောင်းထိုးလာသလို ၊ စက်လေထီးနဲ့ အသေခံ ဗုံးကြဲမှုတွေလည်း ဆက်တိုက်ရှိလာတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကလေးဝတီ FM ကို ပြောပါတယ်။
“မိုးမရွာရင် စက်တပ်လေထီးနဲ့ ဗုံးကြဲတယ် ။ လက်နက်ကြီးပစ်တယ်၊ ဒရုန်းနဲ့ဗုံးကြဲတယ် “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မင်းတပ်တောင် ၊လိပ်ခမော်နဲ့ အနီးအနားပတ်၀န်းကျင်ကို နေ့စဉ် အသေခံဒရုန်း ၊ စက်တပ်လေထီး တွေ ကို အသုံးပြုပြီး ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ် ၊ OGT စက်ရုံဝန်းမှာအခြေစိုက်ထားတဲ့ ဒရုန်းနဲ့ အမြှောက်တပ် ၊ ၃၂ ရဲတပ်ရင်း တို့ကနေ အဲ့ဒီ စက်လေထီး ၊ အသေခံဒရုန်း တွေကို အဆက်မပြတ် ပစ်ခတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ခြေလျှင်စစ်ကြောင်းတွေကိုလည်း အင်အားဖြည့်ထားပြီး မြေပြင်တန်ပြန်စစ်ကြောင်းထိုးမှုတွေကိုလည်း ပြန်လည်ပြုလုပ်တာတယ်လို့ ဆိုပါတယ်။
” ခြေလျင်စစ်ကြောင်းတွေက နေ့တိုင်း ခမရ ၅၄၃ ဘက်က နေလာတယ်၊ ပြိုင်းစေ့ကေ၊ မလကျွန်း ၊နမ်းဖဲတောင်ဖက်တွေ ကို စစ်ကြောင်းထိုးနေတယ် “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဟာ ပတ်လည်ဝန်းရံခံထားရတဲ့ စီမံကိန်း ဧရိယာ တွေ ၊ တပ်ဧရိယာတွေက နေ ထိုးစစ်ဆင်နေပေမယ့် ကျောက်ဖြူမှာ ရှိတဲ့ နယ်မြေ အများစုကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
အဉ္စနလီညှင်း လေး၀တီFM
legitimate canadian internet pharmacies
legitimate online pharmacies india
no prescription canadian pharmacy
canada pharmacy online no prescription
online pharmacies legitimate
real canadian pharmacy
pain meds online without doctor prescription
buy prescription drugs online legally