ပြီးခဲ့တဲ့ ည စက်တင်ဘာ ၂၇ ရက်ည ပိုင်းက က သံတွဲမြို့ ညောင်ပင်ဈေးရပ်ကွက်ကို လေကြောင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ပင်ဈေး ရပ်ကွက် အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။
ဒါအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ၊ ကလေးငယ် နှစ်ဦးနဲ့ သက်လတ်ပိုင်းအမျိုးသား တစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထိခိုက်ခဲ့သူတွေကတော့ ကိုယ်ဝန်ဆောင်မိခင် ဒေါ်ခင်ခင်ဌေး ၊ မောင်သန့်ဇင်ဖြိုး (၆ )နှစ် ၊ မောင်သီဟစိုး (၁၄ ) နဲ့ ဒေါ်ခင်ထွေး (၅၃) နှစ် ၊ ဦးထွန်းမင်းနိုင် (၄၂) နှစ် တို့ ဖြစ်ပါတယ်။

စစ်ကောင်စီ လေတပ်က ည ၈ နာရီ ၂၇ မိနစ်မှာ တစ်ကြိမ်၊ ၈ နာရီ ၃၂ မိနစ်မှာတစ်ကြိမ်၊ ၂ ကြိမ်တိတိ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ်မှာ အမှတ်(၄) ရပ်ကွက် ဦးမြဟန်အိမ်ကို ထိမှန်ခဲ့ပြီး ဒုတိယအကြိမ်တွင်အမှတ်(၄) ညောင်ပင်စျေးရပ်ကွက်က ဦးမှဲ့လေးအိမ်ကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- APM