Laywaddy FM

စစ်ကော်မရှင်ရဲ့ နည်းပညာမြင့် ဒရုန်းတစ်စင်းကို နတ်ရေကန်တိုက်ပွဲမှာ AA ဖျက်ချ

စစ်ကော်မရှင်ရဲ့ နည်းပညာမြင့် ဒရုန်းတစ်စင်းကို နတ်ရေကန်တိုက်ပွဲမှာ AA ဖျက်ချ

နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းက လွှတ်တင်လိုက်တဲ့ တိုက်ခိုက်ရေး ဒရုန်းအကြီးစားတစ်စင်းကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းမှာ AA ကဖျက်ချလိုက်နိုင်တယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၈ ရက်က အမ်း-ပန်းဒန်းလမ်းပိုင်း ဂုတ်ကြီးကျေးရွာ အနီး AA ထိန်းချုပ်နေရာကို ကင်းထောက်ဒရုန်းတက်လာပြီးနောက် ၊

တိုက်ခိုက်ရေးဒရုန်းတစင်း ခဲယမ်းအစုံနဲ့ တက်လာချိန် AA ဘက်က ဖျက်ချခဲ့တာ လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့ညက ညနေအချိန်ခန့်မှာ ဖျက်ချလိုက်တာပါ ဂုတ်ကြီးရွာအကျော်က တောင်ဖက်ကျသွားပြီး ပေါက်ကွဲသွားတယ်”လို့ လေးဝတီFM ကို ပြောပါတယ်။

အမ်း-ပဒန်းလမ်းပိုင်းပေါ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂုတ်ကြီး ၊လင်းတဲ ၊ ဗဇီ ကျေးရွာတွေ နည်းပညာမြင့် ဒရုန်းအကြီးစားတွေနဲ့ နေ့စဉ် တိုက်ခိုက်နေရာကနေ AA ဘက်ကလည်း အခုလို ပြန်လည်ဖျက်ချခဲ့တာဖြစ်ပါတယ်။

လနဲ့ချီ ပိတ်မိနေတဲ့ နတ်ရေကန်ဗျုဟာစခန်းကို လမ်းဟောင်း၊ လမ်းသစ် နှစ်မျိုးလုံးသုံးကာ မြေပြင်ထိုးစစ်တွေနဲ့ ထိုးဖောက်နေပေမယ့် အကြိမ်ကြိမ် တပ်လန်နေတာဖြစ်ပါတယ်။

“ထိုးစစ်က မနိုင်တော့ ဗဇီရွာ၊ဂုတ်ကြီးရွာ အပါအကုန်လေကြောင်းကနေတိုက်ခိုက်တယ်၊လက်နက်ကြီးပစ်ကူတယ်” လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

ငဖဲမြို့နယ် ဇင်ပြွန်းရွာစခန်းမှာ လက်နက်ကြီးအမြှောက်တပ်နဲ့ ဒရုန်းတပ်တို့ အထိုင်ချထားတဲ့ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့

ရခိုင်ရိုးမပေါ်က စခန်းတွေကို နေ့စဉ် လေကြောင်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း AA မှပိတ်ဆို့ထားမူကြောင့် နတ်ရေကန်ဗျူဟာစခန်းက စစ်ကော်မရှင်အကြွင်းအကျန်တွေကို နိုဝင်ဘာလကစပြီး

Y8 လေယဉ်အမျိုးစားနဲ့ ရက္ခာထမင်းထုတ်တွေ နေ့စဉ်ပို့ဆောင်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

လေးဝတီfm

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *