ငပလီကမ်းခြေဒေသက The Vera Thomson English School ကို တည်ထောင်ခဲ့သူ မာမီဆူးဟာ ဗြိတိန် တော်ဝင်မိသားစုက ချီးမြင့်တဲ့ Member of the Order of the British Empire (MBE) ဆုကို ဒီဇင်ဘာလ ထဲ မှာ ရရှိခဲ့ပါတယ်။
တော်ဝင်အခမ်းအနားတစ်ရပ်မှာ MBE ဆုတံဆိပ်ကို ကိုင်ဆောင်ထားပြီး တရားဝင်ဓာတ်ပုံရိုက်ကူးထားတဲ့ ပုံကို ဒီဇင်ဘာ ၆ ရက်က ကျောင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတင်ထားတာဖြစ်ပါတယ်။

MBE ဆု ဆိုတာကတော့ လူမှုဝန်ထမ်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍများတွေမှာ ထူးခြားစွာ အကျိုးပြုလုပ်ဆောင်သူတွေကို ဗြိတိန်နိုင်ငံက အသိအမှတ်ပြု ချီးမြင့် တဲ့ ဆုတစ်ခုဖြစ်ပြီး ပါတယ်။
The Vera Thomson English School ဟာ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ပြီး စစ်အာဏာသိမ်းမှု ကြောင့် တိုက်ပွဲတွေ မဖြစ်ပွားခင်အထိ လည်ပတ်ခဲ့ပါတယ်။
အဲ့ဒီကျောင်းဟာ ငပလီကမ်းခြေဒေသက ကလေးတွေနဲ့ လူငယ်တွေ အတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စေဖို့ ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ ကျောင်းဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပညာရေး အဆင့်မြှင့်တင်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ကူညီ ခဲ့တဲ့ ကျောင်းလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ငပလီကမ်းခြေဒေသကို ULA/AA က ထိန်းချုပ်ထားပေမယ့် ဒီကျောင်းအပါအဝင် ကျောင်းအများစုဟာ လေကြောင်း အန္တာရာယ်ကြောင့် ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးပါဘူး။
လေးဝတီ FM
Calling all iOS users! 88vinproios looks like the go-to app for 88vin. If you’re on iPhone, this is a must-have. Go there NOW at 88vinproios!