ရှေးခေတ်ရခိုင်ဘုရင်တွေလက်ထက်မှာ ကာကွယ်ရေးနဲ့ စစ်ရေးအတွက် အသုံးပြုခဲ့တဲ့ ယတြာခေါင်းလောင်းကြီးကို ပြန်လည်တူးဖော်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
အသက်ရှစ်ဆယ်အရွယ် ရှေ့မှီနောက်မှီ အဘိုးအိုတစ်ဦး က သူ့ရဲ့ လျှို့ဝှက်ချက်ကို အာရက္ခပြည်သူ့ အစိုးရဆီကို ပြီးခဲ့တဲ့ ဇွန်လမှာ သတင်းပေးပို့ရာကနေ ဒီခေါင်းလောင်းကြီးကို တူးဖော်နိုင်ခဲ့တာဖြစ်တယ်လို့ APM သတင်းဌာန မှာ ဖော်ပြထားပါတယ်။

ဒီယတြာခေါင်းလောင်းမှာ ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာသုံးမျိုး ဆိုတဲ့ ရှေးခေတ် စာပေတွေနဲ့ ရေးထိုးထားပြီး ၊ အင်း၊အိုင်၊ ခါးလှည့် ဆိုတဲ့ ယတြာ သုံးမျိုးပါဝင်တယ်လို့ သိရပါတယ်။

ဒီခေါင်းလောင်းကြီးကို ရက္ခိုင်ပြည်စောင့်ခေါင်းလောင်းလို့လည်း ခေါ်ဆိုကြပြီး ၊ ရက္ခိုင်ပြည်ကို အန္တာရာယ်ပြုမယ့် ရန်သူ့နိုင်ငံတွေကို အထူးယတြာလုပ်ထားတဲ့ ခေါင်းလောင်းလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တဲ့ အဘဦးထွန်းအောင် နဲ့ ဘိုးဘေးတွေဟာ ၊
အလံနီပါတီခေတ်ကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်ရဲ့ အရေးကြီးတဲ့ အမွေအနှစ်ခေါင်းလောင်းကြီးကို လျှို့ဝှက်မြုပ်နှံခဲ့ကြတာဖြစ်ပါတယ်။
သူရဲ့ ဖခင်ဖြစ်သူ ဦးချင်းအောင် ၊ ဝရီးဖြစ်သူ ဦးမြအောင်၊ ယောက္ခမ ဦးကျော်လှအောင် ၊ အဖိုးချေ ဦးလှထွန်းရီ တို့ နဲ့ အတူ ယတြာခေါင်းလောင်း ကြီးကို မဟာမုနိ ဘုရားကုန်းတော်မှာ မြုပ်နံထားခဲ့ပြီး လျှို့ဝှက်ထားဖို့ အချင်းချင်း ဂတိပေးခဲ့ကြတာဖြစ်ပါတယ်။
ဖဆပလခေတ် ၊ နဝတ အစိုးရခေတ် ၊ စစ်ထောက်လှမ်းရေး ခေတ် အဆက်ဆက်မှာ ဦးထွန်းအောင်ကို ငွေကြေး ၊ ရာထူး နဲ့ စည်းရုံးသိမ်းသွင်းတာတွေ ၊ ဖိအားပေး မေးမြန်းတာတွေရှိခဲ့ပေမယ့် သူ့အနေနဲ့ ရခိုင်ပြည်ရဲ့ ရှေးဟောင်းပစ္စည်းကို အခုချိန်ထိ လျှို့ဝှက်ထားခဲ့တာလည်းဖြစ်ပါတယ်။
အာရက္ခပြည်သူ့ အစိုးရ တစ်ရပ် ပေါ်ပေါက်လာပြီး စစ်ရေး ၊ လုံခြုံရေး အရေးကြီးတဲ့အချိန်မှာ အခုလို ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။

ရှေးဟောင်း ယတြာခေါင်းလောင်းကို မြောက်ဦးခေတ် ရက္ခိုင်ဘုရင် နရပတိကြီး (1638-1645) လက်ထက်က သွန်းလုပ်ခဲ့တယ်လို့ မှတ်တမ်းတွေရှိပါတယ်။
အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာ နဲ့ လုံးပတ် ၂၄ စင်တီမီတာရှိတဲ့ သမိုင်းဝင် ကြေးသွန်းခေါင်းလောင်းလည်းဖြစ်ပါတယ်။
ရှေးဟောင်းသမိုင်းဝင် ယတြာခေါင်း လောင်းကို အပ်နှံခဲ့တဲ့ ဦးထွန်းအောင်ကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ကျပ်ငွေ သိန်း ၅၀၀ ဂုဏ်ပြုချီးမြင့်ခဲ့တယ်လို့ APM သတင်းဌာနက ရေးသားထားပါတယ်။

ဗြိတိသျှ အစိုးရလက်ထက် ကတည်းက အရှေ့တိုင်း သမိုင်းမှတ်တမ်းတွေကိုလေ့လာဖော်ထုတ်ခဲ့တဲ့ ရှေးဟောင်းသုတေသန ပညာသျှင် Dr. Emmanuel Forchhammer က ဒီခေါင်းလောင်းကြီးအကြောင်းကို မှတ်တမ်းတင်ခဲ့ပါတယ်။
အလားတူ ၁၉၅၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Mr. R.B Smart ရဲ့ Burma Gazetteer, Akyab District, Volume A မှာလည်း မဟာမုနိဘုရားကုန်းရဲ့ အရှေ့ မြောက်ဖက်မှာ ယတြာခေါင်းလောင်း ရှိတဲ့အကြောင်း မှတ်တမ်းတင်ထားပါတယ်။
လေးဝတီ FM
Alright, so I peeped gàchoi c1.com. Take a look and holler if you find anything interesting!
I visited multiple blogs but the audio feature for audio songs present at this website is really wonderful.
I simply could not leave your site before suggesting that I extremely enjoyed the usual info a person provide to your guests? Is gonna be back frequently in order to inspect new posts
I’ll right away grab your rss feed as I can’t find your e-mail subscription hyperlink or e-newsletter service. Do you’ve any? Please permit me recognize so that I may just subscribe. Thanks.
Thank you for the good writeup. It in fact was a amusement account it. Look advanced to more added agreeable from you! However, how could we communicate?
You have made some good points there. I checked on the web for additional information about the issue and found most individuals will go along with your views on this website.
I visited various sites except the audio quality for audio songs current at this site is in fact fabulous.
I am sure this paragraph has touched all the internet users, its really really nice post on building up new web site.
Hello! I’ve been following your blog for a long time now and finally got the courage to go ahead and give you a shout out from Lubbock Texas! Just wanted to say keep up the great work!