ရခိုင်ပြည်နယ် ထဲ က မြောက်ဦး ၊ မင်းပြား၊ မြေပုံ မြို့တွေကို စစ်ကောင်စီ က
ဆက်တိုက်လေကြောင်းက တိုက်ခိုက်နေပြီး အရပ်သားတွေ နဲ့ ကလေးငယ်တွေ နေ့စဉ်
သေဆုံးနေရကြောင်း သတင်းအချက်အလက်တွေ အရ သိရှိရပါတယ်။
ဒီကနေ့ မတ်လ ၂၂ ရက်က မြေပုံမြို့နယ် ညောင်ကန်ရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ
စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ်မီးလောင်ခဲ့တယ် လို့ ဒေသသတင်းရင်းမြစ်တွေ
အရ သိရပါတယ်။
ဒါအပြင်မတ်လ ၂၀ ရက်က မြောက်ဦးမြို့နယ် အထက်လေးညှင်းတောင် ကျေးရွာကို စစ်ပွဲ
ဖြစ်ပွားတာမရှိဘဲ တိုက်ခိုက်ခဲ့ ပြီး ကလေးငယ် သုံးဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ၂၂
ဦးထက်မနည်း ဒဏ်ရာရ ရှိခဲ့ပါတယ်။
\”သူတို့က အရပ်သားဆိုတာမရှိဘူး ၊ ရခိုင်ပြည်နယ်မှာ နေရင် ၊ ရခိုင်သားမှန်ရင် AA ပဲ ၊
ရခိုင်မှာနေရင် AA ဆိုပြီးတော့ ကို ချေမှုန်းနေတာ ဖြစ်ပါတယ်\” လို့
ရခိုင်ဒေသခံတစ်ဦးကပြောပါတယ်။
ဒါအပြင် မတ်လ ၁၈ ရက်က မင်းပြားမြို့နယ် သာဒေ ကျေးရွာကို လေကြောင်း က
တိုက်ခိုက်ခဲ့ပြီး မွတ်ဆလင် ကျေးရွာသား ၂၂ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။
ဒီမြို့နယ်တွေဟာ စစ်ကောင်စီ ဆီက AA သိမ်းယူထားပြီးတဲ့ မြို့တွေဖြစ်ပြီး ဒေသ အခြေစိုက်တဲ့
တပ်ရင်းတွေ တစ်ခုမှ မရှိတော့တဲ့ အခြေနေ လည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့နေရာတွေကို လေကြောင်းက လာရောက်တိုက်ခိုက်နေမှုကြောင့်
အရပ်သားသေဆုံးမှု မြင့်မားလာမယ့္ စစ်ရာဇဝတ်မှု တွေ တစ်ခုပြီး တစ်ခု ကျူးလွန်
နေတာလည်းဖြစ်ပါတယ်။
A convenient car catalog https://auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.