Laywaddy FM

Blog

ဒကစ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး AA လက်နက်ကြီး ထိမှန် သေဆုံး

ဒကစ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး AA လက်နက်ကြီး ထိမှန် သေဆုံး

စစ်တွေမြို့အခြေစိုက် ဒေသကွက်ကဲမူစစ်ဌာနချုပ် (ဒကစ) ဝန်းထဲကို အာရက္ခတပ်တော် AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဗိုလ်မှူးအဆင့် တစ်ဦးနဲ့ ၊ ဗိုလ်ကြီးအဆင့်တစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၄ ရက်ညပိုင်းမှာ AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် က ဒကစ အရာရှိအဆောင်ကို…

အောက်ဆီဂျင် နဲ့ အရေးပေါ်အသက်ရှင်ရေးအထောက်အကူတွေ မြောက်ဦးလူနာတွေ အတွက်လိုအပ်နေ

အောက်ဆီဂျင် နဲ့ အရေးပေါ်အသက်ရှင်ရေးအထောက်အကူတွေ မြောက်ဦးလူနာတွေ အတွက်လိုအပ်နေ

မြောက်ဦး ဆေးရုံတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာ ရရှိသူတွေအတွက် အောက်စီဂျင် အပါအဝင် အရေးပေါ်အသက်ရှင်ရေး ဆေးဝါးအထောက်အကူတွေ လိုအပ်နေတယ်လို့ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်နေသူတွေ ဆီက သတင်းရရှိပါတယ်။ မြောက်ဦးဆေးရုံကို တိုက်ခိုက်ခံရပြီးနောက်မှာ ဒဏ်ရာ ရရှိသူတွေထဲက အသက်လုနေရတဲ့ လူနာတွေ အတွက် ၊ အရေးပေါ်အသက်ကယ်ရေး ဆေးဝါးပစ္စည်းတွေ လိုအပ်နေတာဖြစ်တယ်လို့…

လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ မြောက်ဦး လူငယ်အစည်းအရုံးက အဖွဲ့ဝင် လေးဦးဟာမြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ မြောက်ဦး လူငယ်အစည်းအရုံးက အဖွဲ့ဝင် လေးဦးဟာမြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရပါတယ်။

"ကျွန်တော်တို့ အဖွဲ့က လေးယောက် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအထဲက တစ်ယောက်က တော့ ကိုယ် အပိုင်းအစတွေပဲ ရရှိပြီး အတည်ပြုလို့တောင်မရနိုင်သေးပါဘူး။ " လို့ ပြောပါတယ်။ လက်ရှိအခြေအနေမှာ မြောက်ဦးဆေးရုံကြီး ရဲ့ အပျက်အစီးတွေကြားထဲမှာ မဖော်ထုတ်နိုင်သေး ၊ အတည်မပြုနိုင်သေးတဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေ ရှိနေတယ်လို့ မြောက်ဦး…

ငြင်းဆန်လို့မရတဲ့ စစ်ရာဇဝတ်မှုကို “စစ်ကော်မရှင် တာဝန်ခံရမည်” ဟု ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများဖိုရမ် က ထုတ်ပြန်

ငြင်းဆန်လို့မရတဲ့ စစ်ရာဇဝတ်မှုကို “စစ်ကော်မရှင် တာဝန်ခံရမည်” ဟု ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများဖိုရမ် က ထုတ်ပြန်

မြောက်ဦးပြည်သူ့ ဆေးရုံကြီးကို လေကြောင်း တိုက််ခိုက်မှုနဲ့ ပတ်သက်ပြီး "စစ်ကော်မရှင် တာဝန်ခံရမည် "လို့ ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများ Forum က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဒီအဖြစ်အပျက်အပေါ်မှာ အာဆီယံ ၊ ဥရောပသမဂ္ဂEU ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ UN တို့အနေနဲ့လည်း ထိရောက်မြန်ဆန်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့…

ကျောက်ဖြူ မင်းပြင်ရေဒါစခန်း အနီးကို လေကြောင်း တိုက်ခိုက်နေ

ကျောက်ဖြူ မင်းပြင်ရေဒါစခန်း အနီးကို လေကြောင်း တိုက်ခိုက်နေ

ကျောက်ဖြူ မြို့နယ် ၊ မင်းပြင်ရွာက လက်လွှတ်ခဲ့ရတဲ့ ရေဒါစခန်း အနီးဝန်းကျင်ကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက ဖျက်ဆီးတိုက်ခိုက်နေပါတယ်။ ရခိုင်တစ်ပြည်လုံးနီးပါးကို လေကြောင်းက အပြင်းအထန်တိုက်ခိုက်နေပြီး လက်လွှတ်ထားရတဲ့နေရာတွေ ပြန်လည်ရရှိရေး ပြည်သူကို အကြမ်းဖက်နေတာဖြစ်ပါတယ်။ "မင်းပြင်ရေဒါစခန်း အနီးအနား ကိုရော ရွာထဲကို ရော…

ဂွမြို့ ကို လေကြောင်းနဲ့ ရေတပ်နေ့စဉ် ရက်ဆက် တိုက်ခိုက်လာ

ဂွမြို့ ကို လေကြောင်းနဲ့ ရေတပ်နေ့စဉ် ရက်ဆက် တိုက်ခိုက်လာ

ရက္ခိုင်ပြည်၊ ဂွမြို့ အနီးကို စစ်ကော်မရှင် လေကြောင်း နဲ့ ရေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကော်မရှင် ရဲ့ လေကြောင်း အသုံးပြုပြီး ဆက်တိုက် တိုက်ခိုက်လာတာဖြစ်တယ် လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ဂွမြို့နယ်ကို ဒီဇင်ဘာ…

စကစ လက်အောက်ခံ ဆေးရုံဝန်ထမ်းတွေ မရှိတော့လို့ မြောက်ဦးကို ဗုံးကြဲခြင်းဖြစ်တယ်လို့ ထုတ်ပြန်

စကစ လက်အောက်ခံ ဆေးရုံဝန်ထမ်းတွေ မရှိတော့လို့ မြောက်ဦးကို ဗုံးကြဲခြင်းဖြစ်တယ်လို့ ထုတ်ပြန်

စစ်ကော်မရှင်တပ်တွေဟာ မြောက်ဦးမြို့က ဆုတ်ခွာပေးရပြီးနောက် ၄င်းတို့ ခန့်အပ်ထားတဲ့ ဆေးရုံဝန်ထမ်းတွေ မရှိတော့တဲ့ အတွက် ဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ စစ်ကော်မရှင် သတင်းစာက နေ ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။ မြောက်ဦးဆေးရုံမှာရှိတဲ့ စစ်ကော်မရှင် အစိုးရလက်အောက်ခံဝန်ထမ်းတွေကို ဒေသတွင်းက ပြောင်းရွှေ့ထားရပြီး လက်ရှိကျန်ရှိသူတွေဟာ "သူပုန်တွေ" ဖြစ်တယ်လို့ အကြမ်းဖက်စကားလုံးတွေ အသုံးပြုပြီး…

မြောက်ဦး ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော မြို့ကို စစ်ကော်မရှင်လေကြောင်း တိုက်ခိုက်နေ

မြောက်ဦး ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော မြို့ကို စစ်ကော်မရှင်လေကြောင်း တိုက်ခိုက်နေ

ရခိုင်ပြည်က မြောက်ဦးမြို့၊ ပုဏ္ဏားကျွန်းမြို့ နဲ့ ပေါက်တောမြို့တို့ ကို ဒီနေ့ ည ၉ နာရီဝန်းကျင်မှာ စစ်ကော်မရှင် ရဲ့ တိုက်လေယာဉ် သုံးစီးနဲ့ လာရောက်တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။ လက်ရှိအချိန်အထိ စစ်ကော်မရှင် ရဲ့ ဗုံးကြဲလေယာဉ်ဟာ မြောက်ဦးမြို့ပေါ်ကောင်းကင်မှာ နာရီနဲ့ချီပြီး ဝဲနေတဲ့အတွက် ဗုံးကြဲထားတဲ့နေရာတွေကိုလည်း သွားရောက်မစုံစမ်းနိုင်သေးဘူးလို့…

မြောက်ဦးမြို့ကို ဒုတိယအကြိမ် ဗုံးထပ်ကြဲ

မြောက်ဦးမြို့ကို ဒုတိယအကြိမ် ဗုံးထပ်ကြဲ

Breaking News ရခိုင်ပြည်မြောက်ဦးမြို့ကို စစ်ကော်မရှင် လေကြောင်းက နိုဝင်ဘာ ၁၂ ရက် ဒီနေ့ ည ၉ နာရီကျော်မှာ နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ "၉ နာရီ ၅ မိနစ်မှာ တစ်စီးချပါတယ်။ အခု ဒုတိယ အစီးက အတွဲလိုက်ထပ်ချနေပါတယ် "…

မြောက်ဦးဖြစ်စဉ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူနာတွေကို အရေးပေါ်ဆေးကုသမှုပေးရေး ပူးပေါင်းပါဝင်ဖို့ Arakanese Ladies အဖွဲ့ကနှိုးဆော်

မြောက်ဦးဖြစ်စဉ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူနာတွေကို အရေးပေါ်ဆေးကုသမှုပေးရေး ပူးပေါင်းပါဝင်ဖို့ Arakanese Ladies အဖွဲ့ကနှိုးဆော်

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုမှာ ထိခိုက်ခဲ့တဲ့ လူနာတွေကို ဆေးကုသမှုပေးဖို့ မြေပြင်မှာ ရှိတဲ့ အရပ်ဘက်အဖွဲ့တွေက ကိုယ်ထူကိုယ်ထ ပြင်ဆင်နေကြပါတယ်။ ဒီအထဲမှာ အလွှာသီးသီးမှာရှိတဲ့ ရခိုင်အမျိုးသမီးတွေ နဲ့ ဖွဲ့စည်းထားတဲ့ အရွယ်စုံ Arakanese Ladies အဖွဲ့က အရေးပေါ် ရန်ပုံငွေ မတည်ထည့်ဝင်ပြီး ၊ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကို…