Laywaddy FM

ဂုတ်ကြီးရွာကို စစ်ကော်မရှင် အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုး ၊ နေ့ရော ညပါ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ဂုတ်ကြီးရွာကို စစ်ကော်မရှင် အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုး ၊ နေ့ရော ညပါ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ရခိုင်-မကွေး နယ်ခြားမှတ်တိုင်အနီးက ဂုတ်ကြီးစခန်းဝန်းကျင်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကော်မရှင်တို့ နေ့ရောညပါ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မနက်ပိုင်းကတည်းက ဂုတ်ကြီး ကျေးရွာအနီးကို အင်အားသုံးရာပါ စစ်ကော်မရှင် စစ်ကြောင်းတစ်ခုက ထိုးစစ်ဆင်လာတဲ့ အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ AA နဲ့ နီးစပ် တဲ့ စစ်ရေးသတင်းရင်းမြစ် က အတည်ပြုပါတယ်။

နတ်ရေကန်ဗျူဟာ ရဲ့ ကာကင်းစခန်းတစ်ခုဖြစ်ပြီး စစ်ရေးအရ အရေးပါတဲ့ ဂုတ်ကြီးစခန်းကို လက်လွှတ်ခဲ့ရတဲ့ စက်တင်ဘာလကစပြီး ၊ လစဉ် စစ်ကြောင်းတွေ ရာချီသုံးပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

“ဂုတ်ကြီးရွာ အပြင်က မှာ ရှိတဲ့ တောင်ပေါ်က စခန်းကို စစ်ကော်မရှင်ဘက်က စတိုက်တယ်။ နေ့ရောညရော တိုက်ပွဲဖြစ်နေပါတယ်၊ စစ်ကော်မရှင်ဘက်က အသေအပျောက်များပါတယ်။ သူတို့ တပ်တွေထိလို့ နောက်ဆုတ်သွာရင် လေကြောင်း ထပ်လာပါတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာလထဲက ပို့လွှတ်ခဲ့တဲ့ အင်အား ၂၀၀ ကျော်စစ်ကြောင်းဟာလည်း ရိုးမထဲက မှာ ကစဉ့်ကလျားဖြစ်သွားပြီး ၊ ဒီဇင်ဘာ တတိယ အပတ်မှာ အင်အားသုံးရာ ထပ်မံ ပို့လွှတ်လာတာဖြစ်ပါတယ်။

ဂုတ်ကြီးကျေးရွာ အနီးကို စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးနေတာနဲ့ တစ်ပြိုင်နက် ဂုတ်ကြီးကျေးရွာ ဆိုင်းဘုတ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဂုတ်ကြီးစခန်းကို သိမ်းပြီ ဆိုပြီး စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ဝေနေပါတယ်။

ဒါအပြင် ဂုတ်ကြီးကျေးရွာကို ထိန်းချုပ်ထားပြီလို့ စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တွေမှာ အကျယ်တဝင့်ရေးသားလာကြပါတယ်။

ရခိုင်-မကွေး နယ်ခြားမှတ်တိုင် အနီးက ဂုတ်ကြီးကျေးရွာကို ပြီးခဲ့တဲ့ စစ်တင်ဘာလထဲမှာ အာရက္ခတပ်တော်ဘက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ် က “သူတို့ဖြန့်နေတဲ့ ဓာတ်ပုံတွေ ထဲမှာ ပါတဲ့ ဘုန်းကြီးကျောင်းတွေ က သူတို့ ဗုံးကြဲလို့ပြိုနေတာကြာပြီ ရှိတောင်မရှိတော့ဘူး ၊ ၊ အရင်က ပုံအဟောင်းတွေ နဲ့ သူတို့ဘက် ဝါဒဖြန့်နေတာပါ” လို့ ပြောပါတယ်။

ရခိုင်-မကွေး နယ်ခြားမှတ်တိုင် အနီးက ဂုတ်ကြီးကျေးရွာကို ပြီးခဲ့တဲ့ စစ်တင်ဘာလထဲမှာ အာရက္ခတပ်တော်ဘက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဂုတ်ကြီးကျေးရွာဟာ နတ်ရေကန်ဗျူဟာ နဲ့ သုံးမိုင်ဝန်းကျင်မှာရှိတဲ့ ကာကင်းစခန်းတစ်ခုဖြစ်ပါတယ်။ ဂုတ်ကြီးစခန်းကို သိမ်းပိုက်ပြီးနောက် အဲ့ဒီစခန်းက တပ်သားတွေဟာ နတ်ရေကန်ဗျူဟာပေါ်မှာ ပိတ်မိနေဆဲဖြစ်ပါတယ်။

AA နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းထိုးစစ်ဆင်နေတဲ့ နတ်ရေကန်တောင်ဗျူဟာကုန်း ပတ်လည်မှာ ကာကင်းစခန်းအနေ နဲ့ မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်းရိုး ၊ ကံမြင်းကန်၊ ဂုတ်ကြီး၊ တာဝါတိုင်စခန်းတွေရှိကြပြီး အဲ့ဒီစခန်းအားလုံးကို AA ဘက်က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

လေးဝတီFM

Kay Zue

Related Posts

One thought on “ဂုတ်ကြီးရွာကို စစ်ကော်မရှင် အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုး ၊ နေ့ရော ညပါ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

  1. Betvnapp is pretty convenient if you’re betting on the go. The app is smooth, and it’s easy to find what you’re looking for. Give it a try if you’re into mobile betting. Download here: betvnapp

Leave a Reply

Your email address will not be published. Required fields are marked *