Blog
စစ်ကောင်စီ ရဲ့ ရမ်းကားမှုကြောင့် ရမ်းဗြဲ မြို့ နယ် က စစ်ရှောင် နေရာများကိုပင် ဖုံးဖိထားရ
လေကြောင်း တိုက်ခိုက်မှု ကြောင့် တမြို့လုံးနီးပါပျက်စီးခဲ့တဲ့ ရမ်းဗြဲဒေသက စစ်ရှောင်စခန်းတွေကို ဒေသခံ အဖွဲ့ အစည်းတွေ သွားရောက်လှူဒါန်းနေပေမယ့် ဘယ်ကျေးရွာမှာ ဘယ်လောက်လူဦးရေ ရှိတယ်ဆိုတာကို ဖုံးဖိထားရတဲ့ အခြေအနေဖြစ်တယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။“အခြေအနေက လူရှိတဲ့နေရာကို လေကြောင်းက လာတိုက်ခိုက်တဲ့အတွက် စစ်ရှောင်တွေရှိတဲ့နေရာတွေကို လျှို့ဝှက်ထားရပါတယ်” လို့ စစ်ရှောင်တွေကိုကူညီကယ်ဆယ်ပေးနေသူတစ်ဦးက ပြောပါတယ်။လတ်တလောမှာ…
တရုတ်စီမံကိန်းမြို့တော် ကျောက်ဖြူ မှာ မြို့စောင့်တပ်တွေက ဒေသခံတွေကို ငွေညှစ်နေဒေသခံအများစု နေရပ်စွန့်ခွါလာကြ
တရုတ်စီမံကိန်းတွေ တည်ရှိတဲ့ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ဟာ စစ်ရေး အရ ပိတ်ဆို့ခံထားရတဲ့မြို့တစ်ခု ဖြစ်နေပြီး ဒီအခြေအနေကို မြို့စောင့် တပ်တွေက အခွင့်အရေးယူအမြတ်ထုတ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ကျောက်ဖြူမြို့ဟာ ဒေသတွင်းထွက်ကုန် မရှိသလောက်နည်းပြီးအခြေခံစားသောက်ကုန်တွေအတွက် ပြည်မနဲ့ ကုန်သွယ်ရေး ကို အားထားနေရတာဖြစ်တဲ့အတွက် ဒေသတွင်းမှာ စားရေးရိကာ ရှားပါးမှုနဲ့ လည်း ရင်ဆိုင်နေရပြီ…
ရခိုင်ရိုးမ နဲ့ မကွေးတိုင်း (အမ်း- ပဒါန်း) လမ်းပိုင်းကို အသုံးမပြုဖို့ ရခိုင့်တပ်တော်အရေးပေါ်ထုတ်ပြန် ၊အမ်းရိုးမ နဲ့ မကွေးတိုင်းကြားက လမ်းပိုင်းကို AA ရဲ့ နိုဗာ (၁) စစ်ဒေသအဖြစ်ကြေညာ
ရခိုင်ရိုးမနဲ့ မကွေးတိုင်း (အမ်း-ပဒါန်း) လမ်းပိုင်းကို ယာယီပိတ်လိုက်တဲ့ အကြောင်းရခိုင့်တပ်တော် AA က ဧပြီ ၂ ရက်နေ့မှာ အရေးပေါ်ထုတ်ပြန်ချက် အနေ နဲ့အသိပေးထုတ်ပြန်လာပါတယ်။ဒီလမ်းပိုင်းပေါ်မှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒီလမ်းပိုင်းကို အရေးပေါ် အကန့်အသတ်မရှိ ပိတ်လိုက်…
တောင်ကုတ်မြို့ ပေါ်နဲ့ ကျေးရွာတွေ က စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်မယ့်စရင်းပေါက်ကြား
ရခိုင်ပြည်နယ် တောင်ကုတ် မြို့ဟာ ကျယ်ပြန့်လာတဲ့ ထိုးစစ်ဧရိယာ နဲ့ အနီးစပ်ဆုံးမှာ ရှိနေပြီးတောင်ကုတ်မြို့နယ် က စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်မယ့်ကျေးရွာ တွေ ရဲ့ စာရင်း တစ်ခုပေါက်ကြားလာပါတယ်။ဒီစာရင်းမှာ တောင်ကုတ်မြို့ ပေါ်က ရပ်ကွက်တွေ ၊ ကျေးရွာတွေအပြင် တောင်ကုတ် နဲ့ သံတွဲမြို့ကြားက ကျေးရွာတွေလည်း စစ်ကောင်စီရဲ့…
ငပလီကမ်းခြေက ခရိုနီဟိုတယ်တွေ မှာ အပန်းဖြေ ဧည့်သည်အချို့ရောက်နေ
ရခိုင်ပြည်နယ် ငပလီကမ်းခြေ ဒေသ မှာ စစ်ကောင်စီနဲ့ ပနံသင့်တဲ့ ခရိုနီလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ဟိုတယ်ကြီးအချို့ဖွင့်လှစ်ထားပြီး အပန်းဖြေမယ့် ခရီးသွားတချို့လည်း ကမ်းခြေကိုရောက်ရှိနေတယ်လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။ရခိုင်ပြည်နယ် အနှံ့ စစ်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး ဒေသခံတွေတောင်ထိတ်လန့်နေတဲ့အခြေအနေ မှာ ခရိုနီ ဟိုတယ်တွေက ဖွင့်လှစ်ထားရတာဖြစ်ပါတယ်။\"တချို့ ဟိုတယ်တွေက လူကြီးတွေရောက်ရင် တည်းဖို့နဲ့…
ရခိုင်ပြည်တောင်ပိုင်းက စစ်မှုထမ်းလူငယ်တွေကို ရှေ့တန်း စစ်မျက်နှာတွေ မှာ အသုံးပြုလာ
ရခိုင်ပြည်နယ် ဂွ ၊ သံတွဲ ၊ တောင်ကုတ် မြို့တွေက စစ်မှုထမ်းဖို့ ပထမ အသုတ် သင်တန်းပေးခံထားရတဲ့ လူငယ်တွေကိုရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြုနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။ဂွ၊ သံတွဲ ၊ တောင်ကုတ် မြို့တွေက ပထမ အသုတ် စစ်မှုထမ်းဖို့ စုဆောင်းခံထားရသူ ဦးရေးဟာ…
သံတွဲမြို့အနီးက ပုရစ် ၊ ရေကောက် ကျေးရွာသစ်ကို လက်နက်ကြီးကျ
ရခိုင်ပြည်နယ် သံတွဲမြို့အနီးက ပုရစ် ရေကောက် ကျေးရွာ ကို စစ်ကောင်စီ နေဗီကပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ထိမှန် ခဲ့တယ် လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။စစ်ကောင်စီနေဗီဟာ သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေပြီး ဒီကနေ့ မတ်လ၃၀ ရက်နေ့မှာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာကို ကျရောက်ထိမှန်ခဲ့တာ…
သံတွဲတွင် အသက်မပြည့်ကလေးအပါအဝင် ၁၂ဦး အဖမ်းခံရ
ရခိုင်ပြည်နယ် သံတွဲမြို့ ပေါ်က အသက် ၁၈နှစ် မပြည့်သေးတဲ့ ကလေးအပါအဝင် ၁၂ဦးကိုFacebook ပေါ်မှာ နိုင်ငံရေးပိုစ့်တင်တယ် ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းသိရပါတယ်။မတ်လ ၂၉ ရက်နေ့ ညပိုင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပြီး သူတို့ကို ဘယ်မှာထိမ်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။\"စံပယ်လမ်းပေါ်က ကလေးက အသက် ၁၈နှစ်…
မင်းအောင်လှိုင် ဇနီးဒေါ်ကြူကြူလှ ကျေးရွာ စစ်မှုထမ်းစရာမလို ဟု ဆို
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှရဲ့ မွေးရပ်မြေဖြစ်တဲ့ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဇီးကျွန်းကျေးရွာဟာ စစ်မှုထမ်းဖို့ မဲနှိုက်မယ့်စာရင်းမှာပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။\"သံတွဲခရိုင်ထွေအုပ်ရုံးက ပထမတော့ ဒေါ်ကြူကြူလှရဲ့ အမျိုးတွေကို ပဲစစ်မှုထမ်းကင်းလွတ်ခွင့် ကဒ်တွေထုတ်ပေးထားတယ် ကျေးရွာသားတွေက လည်း ဒါဆိုရင်တော့ မဖြစ်ဘူးဆိုပြီး မိဘတွေ စုပြီး ဥက္ကဌ ကို ညှိနှိုင်းကြတာပေါ့ ၊…
အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် က စစ်စခန်းတွေကို AA စသိမ်းနေပြီ ၊စစ်ကောင်စီ လေကြောင်းက ပစ်ကူနေ ၊ အမ်းမြို့အနီးတိုက်ပွဲပြင်းထန်
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က စစ်စခန်းတွေကို ရခိုင့်တပ်တော်AA က စတင်ပြီး ထိုးစစ်ဆင် သိမ်းပိုက် နေပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် အမ်းမြို့အခြေစိုက် တဲ့ စစ်ကောင်စီရဲ့ အမ်း-တပ်တောင်ကားလမ်းပိုင်းပေါ်က စစ်ကောင်စီ ထောက်ပို့တပ် ၉၂၆ တပ်ခွဲကို ရခိုင့်တပ်တော် AA က ဒီကနေ့မတ်လ ၂၇…