Laywaddy FM

နပခဌာနချုပ် ရဲ့ အမှတ် ၈ ဆက်သွယ်ရေးတပ်နှင့် အမှတ် ၁၀ တပ်ထိန်းတပ် ကို AA ထိုးစစ်ဆင်

နပခဌာနချုပ် ရဲ့ အမှတ် ၈ ဆက်သွယ်ရေးတပ်နှင့် အမှတ် ၁၀ တပ်ထိန်းတပ် ကို AA ထိုးစစ်ဆင်

အမ်း နပခဌာနချုပ် ရဲ့တပ်ရင်း တပ်မ(၈)ခု ကို သိမ်းဆည်းပြီးကြောင်း ထုတ်ပြန်ပြီးနောက်မှာ နောက်ထပ် အရေးကြီးတဲ့ တပ်ရင်းနှစ်ခုဖြစ်တဲ့

ဆက်သွယ်ရေးတပ်၊ တပ်ထိန်းတပ် တို့ကို အာရက္ခတပ်တော် AA က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတယ် လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

နပခဌာနချုပ်အတွင်းမှာ ထပ်မံသိမ်းယူဖို့ ကျန်နေသေးတဲ့အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း ၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ တို့ ဟာ နပခ ဌာနချုပ်ရဲ့ အရှေ့မျက်နှာချင်းဆိုင်မှာရှိနေပြီး အဲ့ဒီတပ်တွေကို ထိုးစစ်ဆင်နေ တာ နှစ်ရက်ကြာပြီလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်နေတာ ၂ ရက်ရှိပြီ။မရပ်မနားအကြီးအကျယ်ဖြစ်နေကြတာပါ။ လေယာဉ်လည်းဗုံးလာကြဲတယ်။လက်နက်ကြီးလည်းတအားပစ်တယ်။အခုဆက်သွယ်ရေးတပ်ထဲကမီးခိုးထွက်ပြီးမီးလောင်နေပါတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အနီးကပ်တိုက်ပွဲဟာ အဲ့ဒီတပ်မဝန်းတွေ ထဲမှာ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး မီးခိုးတွေ အူထွက်နေတယ်လို့ လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ အကျအဆုံးတွေနဲ့ အတူ အောက်ရွာတံတားအနီး ကို တပ်ဆုတ် နေရတယ်လို့ စစ်ရေးအခြေအနေ ကို သူက ရှင်းပြပါတယ်။

စစ်ကောင်စီဟာ နပခ မကျစေရေးအတွက် အမ်းမြို့တိုက်ပွဲအတွင်းမှာ ဂျက်တိုက်လေယာဉ် သုံးစီးနဲ့ အတူ Y12 လေယာဉ်နဲ့ အကြိမ်ကြိမ်လာရောက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ ၊ ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း ၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း ၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ ၊ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တို့ ကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ အာရက္ခတပ်တော် AA ဘက် က ထုတ်ပြန်ထားပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM) ရေးသည်။

Kay Zue

Related Posts

20 thoughts on “နပခဌာနချုပ် ရဲ့ အမှတ် ၈ ဆက်သွယ်ရေးတပ်နှင့် အမှတ် ၁၀ တပ်ထိန်းတပ် ကို AA ထိုးစစ်ဆင်

  1. I just sent this post to a bunch of my friends as I agree with most of what you’re saying here and the way you’ve presented it is awesome.

  2. Thanks for some other great post. Where else may anybody get that kind of information in such an ideal method of writing? I’ve a presentation next week, and I am at the look for such information.

  3. Hi, possibly i’m being a little off topic here, but I was browsing your site and it looks stimulating. I’m writing a blog and trying to make it look neat, but everytime I touch it I mess something up. Did you design the blog yourself?

  4. I’m partial to blogs and i actually respect your content. The article has actually peaks my interest. I am going to bookmark your site and preserve checking for new information.

Leave a Reply

Your email address will not be published. Required fields are marked *