Category: ဓာတ်ပုံသတင်း
ရခိုင်လွတ်မြောက်နယ်မြေမှာ အခြေခံသတင်းပညာသင်တန်း ပေး
ရခိုင်ပြည်လွတ်မြောက်နယ်မြေမှာ အလွတ်တန်းသတင်းထောက် တစ်ဦးက ဦးဆောင်ပြီး အခြေခံသတင်းပညာသင်တန်း ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီသင်တန်းမှာ အခြေခံသတင်းရေးသားနည်း ၊ သတင်းဓာတ်ပုံ နဲ့ ဗီဒီယိုရိုက်ကူးနည်း ၊ သတင်းဗီဒီယို တည်းဖြတ်နည်း တွေကို သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီသင်တန်းဟာ အာရက္ခအစိုးရ အုပ်ချုပ်တဲ့ဒေသမှာ ကျင်းပခဲ့တာဖြစ်ပြီး သတင်းလွတ်လပ်ခွင့်အပေါ်မှာ ULA/AA…
ရခိုင်မှာ မိုးဆက်တိုက်ကြီးနေ ပုဏ္ဏားကျွန်းက စစ်ရှောင်နေရာတွေ ရေနစ်မြုပ် အကူအညီတွေလိုအပ်
ရခိုင်မှာ မိုးဆက်တိုက်ကြီးနေတဲ့ အတွက် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လျှက်ရှိပါတယ်။ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်ခဲ့ပြီး တောင်ကျရေတွေလည်း စီးနေတာဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော်ဟာ ရေနစ်မြုပ်မှုဒဏ်ကို ခံနေရပြီး အမိုးအကာ ၊ အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာမှု…
မြွေမျိုးစိတ်မှတ်တမ်းသစ်တစ်ခုကို ရခိုင် မြွေသုတေသနပညာရှင် မှတ်တမ်းတင်နိုင်ခဲ့
မြန်မာနိုင်ငံမှာ လာအိုအိမ်စောင့်မြွေ (သို့မဟုတ်) မြွေဝံပုလွေမျိုးစိတ်သစ်တစ်ခုကို ရခိုင်မြွေသုတေသနပညာရှင် မစိုးသန္တာအောင်ကဦးဆောင်ပြီး မှတ်တမ်းသစ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ မျိုးစိတ်သစ်ဟာ မြန်မာနိုင်ငံမှာယခင်က မှတ်တမ်းတွေ မရှိသေးပေမယ့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတွေမှာ တွေ့ရှိရတဲ့ လေ့လာမှုမှတ်တမ်း တွေအရ မှတ်တမ်းသစ်ကို နိုင်ငံအဆင့်အနေဖြင့် ပထမဦးဆုံးတင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အခုဆိုရင် တွားသွားသတ္တဝါတွေက…
ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် မြန်မာရွေ့ပြောင်း အလုပ်သမားများဖမ်းမိ
ဒီကနေ့ မေ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့မှာ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်၊ ဖုဖရာ့မြို့နယ် ကျေးရွာအမှတ် ၇ ဘက်မှာ ပွဲစားရဲ့ အစီအစဉ် နဲ့ သောင်ရင်းမြစ်ကို ဖြတ်ကျော်လာတဲ့…
ရခိုင်ပြည် ထိန်းချုပ် နေမြေတွေမှာ တုတ်ကွေးရောဂါ ကာကွယ်ရေး စတင်
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်ထားတဲ့ မြို့တွေမှာ မိုးရာသီ တုတ်ကွေးကာကွယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။ ULA/AA ရဲ့ ကျန်းမာရေး ဌာနကနေ ဒေသခံတွေ ရှိတဲ့နေရာတွေမှာ မိုးရာသီတုတ်ကွေး ကာကွယ်ရေးလုပ်ငန်းတွေကို ကွင်းဆင်းလုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- APM
ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၉ ဦးထိတိုးလာ
ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာမှာ ဒီကနေ့ မနက် က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုအရေအတွက်မှာ ၁၉ ဦးထိ တိုးလာတယ်လို့ သတင်းရရှိပါတယ်။ "ကလေး လူကြီး ၁၉ ဦးထိ တိုးလာပါတယ်၊ ဒဏ်ရာပြင်းထန်သူတွေ များပါတယ် " လို့ ULA/AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က လေးဝတီ…
ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၀ ကျော်အထိရှိလာ
ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှု မှာ သေဆုံးခဲ့သည့် ကျောင်းသား ကျောင်းသူ နဲ့ ဆရာ ဆရာမ စုစုပေါင်း ၂၂ ဦးထိတိုးလာပါတယ်။ ဆေးကုသခံရသူ အရေအတွက်မှာ ၄၀ ကျော်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ မေ ၁၂ ရက် မနက် ၉ နာရီ…
ဒီပဲယင်းမြို့ ၊ အိုးတိန်တွင်း ကျေးရွာ စာသင်ကျောင်းတိုက်ခိုက်ခံရမှု
ဒီကနေ့ မေ ၁၂ ရက် မနက်ပိုင်းမှာ ဒီပဲယင်းမြို့ ၊ အိုးတိန်တွင်း ကျေးရွာ စာသင်ကျောင်း ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခံပါတယ်။ ကျောင်းသား ကျောင်းသူများနဲ့ ဆရာ ၊ ဆရာမ တွေ အစု လိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု ကြောင့်…
သောတရှင် ပရိတ်သတ်များ အားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ၊
ဘေးဘရာတွေ ဝေးကွာကြပါစေ။ နှစ်ဟောင်းမှာ ကျန်ခဲ့တဲ့ ထိခိုက်ပျက်စီးမှု အထွေထွေကို အမြန်ဆုံး ပြန်လည် တည်ဆောက် ထူထောင်နိုင်ကြပါစေ လို့ လေးဝတီFM ဝိုင်းတော်သူ ၊ ဝိုင်းတော်သားတွေက ဆုတောင်းပေးလိုက်ပါတယ်ရှင်.........
ကျောက်တော်မြို့ ကို ဂျက်ဖိုက်တာနဲ့ ပစ်
ရခိုင်ပြည် ကျောက်တော်မြို့ကို ဧပြီ ၁၃ ရက် သကြ်န်အကြိုနေ့မှာ စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ် ခဲ့ပါတယ်။ နေအိမ် ၇ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အရပ်သား ၅ ဦးထက်မနည်း ထိခို ဒဏ်ရာ ရရှိခဲ့ပါတယ်။ လေးဝတီFM ၊ဓာတ်ပုံသတင်း