Laywaddy FM

သဲတလင်းထက်က ရိုးရာကျင်

သဲတလင်းထက်က ရိုးရာကျင်

“ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊

အကျလည်း ယင်၊ ကျယင် ကျင်၊

ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်…”.

သဲမြေတလင်းကြားမှာ အသက်ဝင်နေသည့် ကျင်တလင်းဝိုင်းသည် ရခိုင်လူမျိုးတို့၏ အမျိုးသားစိတ်ဓာတ်ကို ဖော်ကျူးနေသော သမိုင်းဝင်ပြယုဂ်တစ်ခုပင် ဖြစ်သည်။

ရိုးရာနပန်းအားကစားတစ်မျိုးဖြစ်သည့် “ကျင်” သည် ရခိုင်ပြည် ရဲ့ နေ့ထူးနေ့မြတ်များနှင့် ထူးခြားသည့် အခါသမယတိုင်းတွင် ပွဲတော်၏ အသက်သွေးကြောအဖြစ် တင့်တယ်စွာ ပါဝင်လေ့ရှိသည်။

ဤသည်မှာ ရိုးရှင်းသည့် အားကစားပြိုင်ပွဲတစ်ခုထက်ပို၍ လူမျိုးတစ်မျိုး၏ ကြံ့ခိုင်မှု၊ အမွေအနှစ်နှင့် စည်းလုံးမှုကို သက်သေထူနေသည့် သက်ရှိယဉ်ကျေးမှုတစ်ခု ဖြစ်ပါသည်။

“ကျင်” ဟူသော ဝေါဟာရ၏ မြစ်ဖျားခံရာကို ရှုထောင့်ပေါင်းစုံမှ လေ့လာကြရာတွင် “ကျား” ၏ အင်အားနှင့် “ယင်” ၏ လျင်မြန်မှုကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း၊ အဖမ်းသမား၏ ကျားကဲ့သို့ အားမာန်ပါလှသော အဟုန်နှင့် အခံသမား၏ ယင်ကဲ့သို့ ဖျတ်လတ်သောအရှောင်အတိမ်းတို့ကို တင်စားခြင်းဖြစ်ကြောင်း သိရသည်။

သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ကျင်ပညာသည် ဘီစီ ၆၀၀ ခန့်က ဒွါရာဝတီခေတ်ကာလအထိ အမြစ်တွယ်နေခဲ့သည်။ ဝါသုဒေဝနှင့် ဗလဒေဝ မင်းညီနောင်တို့၏ လက်ပန်းသတ်ပွဲ ဒဏ္ဍာရီများသည် ကျင်အတတ်၏ ရှေးကျမှုကို ပြသနေသကဲ့သို့ ရခိုင်ပြည်တွင် ကျင်ပညာသည် အနည်းဆုံး သက်တမ်းတစ်ထောင်ခန့် ရှိနေပြီ ဖြစ်သည်။

ဤအစဉ်အလာကို ရုပ်ဝတ္ထုနှင့် စာပေသက်သေများက ခိုင်မာစေသည်။ ၁၅၃၁ ခုနှစ်တွင်တည်ထားသော သျှစ်သောင်းဘုရား နံရံရှိ ရုပ်လုံးရုပ်ကြွများတွင် ကျင်ကိုင်နေပုံများကို ယနေ့တိုင် တွေ့မြင်နိုင်သကဲ့သို့ မြောက်ဦးခေတ် “ထမရာဖွဲ့ “တွင်လည်း မင်းသားတစ်ပါးကျင်ပညာသင်ယူပုံကို ဖွဲ့ဆိုထားခြင်းက ထိုခေတ်လူ့အဖွဲ့အစည်းတွင် ကျင်၏ အရေးပါမှုကို ထင်ဟပ်စေသည်။

ရှေးခေတ်ရခိုင်တပ်မတော်ကြီး၏ စစ်လှေကြီးများကို လှော်ခတ်ခဲ့ကြသည့် ခွန်အားဗလနှင့် ပြည့်စုံသော ကျင်သန်ကြီးများမှာ အမျိုးသားရေးကာကွယ်မှု၏ ပြယုဂ်များ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့်လည်း နန်းတွင်းညီလာခံမှသည် ဘုရားပွဲ၊ သင်္ကြန်ပွဲနှင့် လှေပြိုင်ပွဲများအထိ

ကျင်ပွဲတော်သည် မပါမဖြစ်သည့် ရိုးရာဓလေ့တစ်ခု ဖြစ်လာခဲ့သည်။

ကျင်၏ အခြေခံသည် အကြမ်းဖက်ခြင်းမဟုတ်ဘဲ အသိပညာနှင့် ထိန်းချုပ်မှုအပေါ် အခြေခံသည်။ လက်သီးဖြင့်ထိုးခြင်း၊ ကန်ခြင်း၊ မျက်နှာနှင့် ခါးအောက်ပိုင်းကို တိုက်ခိုက်ခြင်းများကို တင်းကျပ်စွာ တားမြစ်ထားပြီး ဆွဲ၊ ဖမ်း၊ ငင်၊ ဖက် စသည့် စနစ်ကျသောနည်းစနစ်များဖြင့်သာ ယှဉ်ပြိုင်ရသည်။

ပြိုင်ဘက်ကို မြေပြင်ပေါ်သို့ လှဲချနိုင်ရန် ကြိုးစားရင်း တစ်ဖက်တွင်လည်း မိမိကိုယ်ကို ထိန်းချုပ်ခြင်းနှင့် ပြိုင်ဘက်အပေါ်

လေးစားခြင်းဟူသော ကိုယ်ကျင့်တရားများကို ပျိုးထောင်ပေးသည်။ ပြိုင်ပွဲဝိုင်းအတွင်း “အဖမ်းသမား”နှင့် “အခံသမား” ဟူသော အခန်းကဏ္ဍနှစ်ရပ်ဖြင့် အလှည့်ကျယှဉ်ပြိုင်ကြရာတွင် ခွန်အားကို ပညာဖြင့် အနိုင်ယူသည့် အနှစ်သာရကို တွေ့ရသည်။

အခံသ မားသည် အဖမ်းသမား၏ အရှိန်နှင့် ခွန်အားကိုပင် ပြန်လည်အသုံးချကာ အနိုင်ရယူနိုင်ခြင်းက ကျင်ပညာ၏ နက်နဲလှသော ပရိယာယ်ပင် ဖြစ်သည်။ ညီညာနုညက်သော “ကျင်တလင်း” သဲမြေပြင်သည် ပြိုင်ပွဲဝင်များ၏ ဘေးကင်းမှုကို အလေးထားသကဲ့သို့ ပွဲမစမီ ကလေးငယ်များ၏ “မင်္ဂလာကျင်” ကပြမှုသည်လည်း ရိုးရာကို တန်ဖိုးထား သည့် လက္ခဏာဖြစ်သည်။

ကျင်သန်တစ်ဦး၏ ဘဝခရီးလမ်းသည် လူငယ်ဘဝ “ငွေမောင်းတန်း” မှစ၍ ဝါရင့် “ရွှေမောင်းတန်း” သို့ တက်လှမ်းရပြီး

အမြင့်ဆုံးဂုဏ်ထူးဆောင်အဖြစ် “ပြည်ကျင်သန်ကြီး” ဘွဲ့ကို ရယူကြရသည်။ အောင်ပွဲခံချိန်တွင် ခါးတောင်းကျစ်၍ ကွင်းပတ်လည်၌ “ကျင်ကွင်းသည် ” (ရိုးရာအကဖြင့် ကပြခြင်း) သည် ပရိသတ်၏ အားပေးမှုကို ရယူသည့် ရင်ခုန်စရာ မြင်ကွင်းတစ်ခုဖြစ်သည်။

၁၉၇၉ ခုနှစ်တွင် ဆရာကြီးဦးလုံး စပ်ဆိုခဲ့သော ” ရခိုင်ကျင်ယိမ်း” သီချင်းကလည်း ဤအားကစားနည်းသည် ရခိုင်သားတို့၏ ရင်ထဲတွင် မည်မျှနက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း သက်သေထူနေပါသည်။

Kay Zue

Related Posts

12 thoughts on “သဲတလင်းထက်က ရိုးရာကျင်

  1. Been playing at 3 reyes for a while now and it’s always a good time The community is friendly and the games are fair Give it a shot you won’t regret it 3 reyes

  2. 716bet1 is a solid platform for all your betting needs They have competitive odds and a user-friendly website I have not faced any problems Give them a try 716bet1

  3. We are a group of volunteers and starting a new scheme in our community. Your web site provided us with valuable info to work on. You’ve done a formidable job and our entire community will be grateful to you.

  4. Fantastic beat ! I ould like tto apprentice even aas youu amend youir site, hhow cann i subscribe for a blpog
    website? Thhe account hlped mme a apppropriate deal.
    I haad beeen tiy biit famliar of thjs yur broqdcast offered
    hiny transparent concept

    Here is myy web page :: pornoworld.info

Leave a Reply

Your email address will not be published. Required fields are marked *