Day: March 13, 2024
ရမ်းဗြဲတစ်မြို့လုံးကို ဖျက်စီးပြီးနောက် ဒေသခံတွေ တိမ်းရှောင်နိုင်တဲ့ ကျေးရွာတွေကို ပါစစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေ
ရခိုင်ပြည်နယ် တောင်ပိုင်းအစ ကျွန်းမြို့တစ်မြို့ဖြစ်တဲ့ ရမ်းဗြဲကျွန်းကို ရခိုင့်တပ်တော် AA ကသိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ ဒီမြို့ဟာ တစ်မြို့လုံးနီးပါးပျက်စီးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။ ဒါ့အပြင် မြို့ပေါ်က နေအိမ်တွေ စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ပုန်းခိုနေထိုင်နိုင်တဲ့ ကျေးရွာတွေ ၊ ဘုန်းကြီးကျောင်းတွေကိုပါ…
မွတ်ဆလင် ကလေးငယ်တစ်ဦး ပြန်ပေးဆွဲ ခံရခြင်းမှာ ၄င်းတို့လက်ချက် မဟုတ် ဟု ALP ငြင်းဆို
ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ မွတ်ဆလင်ရပ်ကွက်ဖြစ်တဲ့ ဘုမေ အမည်ရှိတဲ့ ရပ်ကွက်က အသက် (၃) နှစ်အရွယ်ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး ဒီကလေး ကို ငွေကျပ် သိန်းတစ်ရာနဲ့ ပြန်ရွေးဖို့ ပြန်ပေးဆွဲသူတွေကအသိပေးခဲ့ပါတယ် လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သိရပါတယ်။ဒေသတွင်း သတင်းတွေမှာ ဒီပြန်ပေးမှုဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့…
စခန်းစွန့် ထွက်ပြေးသွားတဲ့ နယ်ခြားစောင့်တပ် စခန်းရှိ စားနပ်ရိက္ခာတွေကို အဆိပ်လူး ထားခဲ့
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အောင်သပြေနယ်ခြားစောင့်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော်ကသတင်းထုတ်ပြန်ပါတယ်။“ ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေ တတ်သောအဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်းအဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသောတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင်သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူးသတိပေးလိုက်ပါသည်”လို့ ရက္ခိုင့်တပ်တော်က ပြောပါတယ်။အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင်…