Laywaddy FM

စခန်းစွန့် ထွက်ပြေးသွားတဲ့ နယ်ခြားစောင့်တပ် စခန်းရှိ စားနပ်ရိက္ခာတွေကို အဆိပ်လူး ထားခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်
အောင်သပြေနယ်ခြားစောင့်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော်က
သတင်းထုတ်ပြန်ပါတယ်။
“ ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေ တတ်သော
အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း
အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင်
သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး
သတိပေးလိုက်ပါသည်”လို့ ရက္ခိုင့်တပ်တော်က ပြောပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်း အချို့တို့ကို
သိမ်းဆည်းရမိခဲ့ပြီး၊ ထိုစခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက် မှာ (၁၇၉) ယောက်အထိ ရှိတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ရက္ခိုင့်တပ်တော်သည် ရသေ့တောင်မြို့အား သိမ်းပိုက်ရရှိရန်
တစ်ဆင့်မြှင့်ထိုးစစ်ကို ယခင်ရက်များနည်းတူ ထိုးစစ်အရှိန်မလျှော့ဘဲ တိုက်ခိုက်နေကြောင်းနှင့်
အာဏာသိမ်း စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အသည်းအသန်
ခုခံကာကွယ်နေကြောင်း သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများကို တစ်ရက်ပြီးတစ်ရက် ပိုမိုအတင့်ရဲစွာ
ကျူးလွန်ကာ ပိုမိုဆိုးဝါးလာတယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပြောဆိုထားပါတယ်။

Shine Bu Chay

Related Posts

One thought on “စခန်းစွန့် ထွက်ပြေးသွားတဲ့ နယ်ခြားစောင့်တပ် စခန်းရှိ စားနပ်ရိက္ခာတွေကို အဆိပ်လူး ထားခဲ့

  1. В этом интересном тексте собраны обширные сведения, которые помогут вам понять различные аспекты обсуждаемой темы. Мы разбираем детали и факты, делая акцент на важности каждого элемента. Не упустите возможность расширить свои знания и взглянуть на мир по-новому!
    Получить дополнительную информацию – https://vivod-iz-zapoya-2.ru/

Leave a Reply

Your email address will not be published. Required fields are marked *