Laywaddy FM

Day: April 13, 2024

Day: April 13, 2024

မောင်တော ကြိမ်ချောင်း ဗျူဟာစခန်းကို AA အပြီး သိမ်းပိုက်

ရခိုင်ပြည်နယ် မောင်တောမြို့ ကြိမ်ချောင်း ဗျူဟာစခန်းကို အာရက္ခတပ်တော်မှ ဧပြီလ ၁၂ရက်က အပြီးသိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။အဆိုပါ ကြိမ်ချောင်း ဗျူဟာစခန်းကို အာရက္ခတပ်တော်မှ မတ်လ ၂၃ရက် မှစတင်ကာသိမ်းပိုက်နိုင်ရန် စတင်ထိုးစစ်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။ကြိမ်ချောင်းဗျူဟာစခန်းသည် နခခ(၇) ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော် နှင့်နယ်ခြားစောင့်တပ်သား ၄၀၀ ကျော်…

သံတွဲဈေးတွင် ရောင်းချနေသော စားသောက်ကုန် ၃ မျိုး စားသုံးရန် မသင့် လို့ စစ်ကောင်စီကြေညာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဒွါရာဝတီမြို့မဈေးတွင် ရောင်းချနေသော စားသောက်ကုန်၃မျိုးသည် စားသုံးရန် မသင့်ကြောင်းကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အဆိုပါ စားသောက်ကုန် ၃ မျိုးမှာ fancy juice, fancy jelly နှင့် ဒွါရာဝတီရခိုင်ငပိထောင်း တို့ဖြစ်ပါတယ်။အဆိုပါ စားသောက်ကုန် ၃ မျိုးကို မစားသုံးသင့်ခြင်းမှာ Sodium Cyclamate…

သံတွဲမြို့အဝင်ကို စစ်ကောင်စီပိတ်ဆို့

ရခိုင်ပြည်နယ် သံတွဲမြို့အဝင် ၇မိုင် အကွာခန့်ရှိ ရေစင်ကျေးရွာ မှ စတင်ကာ စစ်ကောင်စီကပိတ်ဆို့ထားပြီး အနီးအနားရှိ တောတောင်များတွင် ကင်းပုန်းများ ချထားကြောင်း သိရပါတယ်။\"မနက်က တိုက်ပွဲအသေးစားဖြစ်တယ်။ အဲဒါကို အကြောင်းပြီးပြီးတော့ရေစင်တံတားနားကနေစပြီး အဝင် အထွက် ပိတ်လိုက်တယ်။ လမ်းပိတ်ရုံတင်မဟုတ်ဘူး၊ရေစင်ရွာ အဝင်အထွက်ကိုပါ ပိတ်ထားတယ်\" လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။ချင်းတိုင်းရင်းသားအများစုနေထိုင်သည့်…