Day: May 3, 2024
ရာသီဥတု ဆိုးရွာဖောက်ပြန်ပြီး နိုင်ငံအနှံ့ လေပြင်း နဲ့ မိုးကြိားဒဏ် ခံ နေရကချင်မှာ နွား ၂၂ ကောင် မိုးကြိုးပစ် ၊ရခိုင်၊ ချင်းနဲ့ ရှမ်းပြည်နယ် မှာ လေပြင်းတွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေ ရှိနေ
မေလ ပထမ ပတ်ထဲမှာ ရာသီဥတု ဆိုးရွားဖောက်ပြန်ပြီး မြန်မာနိုင်ငံ အနှံ့လေပြင်းမုန်တိုင်းတွေ နဲ့မိုးကြိုးတွေ ရဲ့ ဒဏ်ကို ခံနေကြရပါတယ်။မေလ ၂ ရက်နေ့က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် က ဆားမှော်ကျေးရွာမှာသစ်ပင်အောက်မှာ ချည်ထားတဲ့ နွား ၂၂ ကောင်ဟာ မိုးကြိုးပစ်ခံရပြီး တစ်ပြိုင်နက်ထဲသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ဒါပြင် ရခိုင်ပြည်နယ်…
မောင်တော ကျီးကန်ပြင်ဌာနချုပ် AA သိမ်းပိုက်၊ ဘူးသီးတောင်ကို ဆက်လက်သိမ်းပိုက်ရန် အရှိန်ထပ်တင်နေ
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကျီးကန်းပြင်ဌာနချုပ်ကိုအာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်ကို ဆက်လက်သိမ်းပိုက်ရန် အရှိန်ထပ်တင်နေကြောင်း သိရပါတယ်။\"အစိုးရဝန်ထမ်းတွေကို စစ်တွေကို ပြောင်းရွှေ့ထားတယ်။ ရုံးစာရွက် စာတမ်းတွေလည်း မောင်တောမှာ မရှိတော့သလို့အစိုးရရုံးတွေလည်း လုံးဝအလုပ်မလုပ်တော့ဘူး\" လို့ မောင်တောဒေသခံတစ်ဦးက ဆိုပါတယ်။ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးအနားရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေ အားလုံးနီးပါးသိမ်းပိုက်လိုက်တာကြောင့် မောင်တောမြို့ကို AA…