Laywaddy FM

မောင်တော ကျီးကန်ပြင်ဌာနချုပ် AA သိမ်းပိုက်၊ ဘူးသီးတောင်ကို ဆက်လက်သိမ်းပိုက်ရန် အရှိန်ထပ်တင်နေ

မောင်တော ကျီးကန်ပြင်ဌာနချုပ် AA သိမ်းပိုက်၊ ဘူးသီးတောင်ကို ဆက်လက်သိမ်းပိုက်ရန် အရှိန်ထပ်တင်နေ

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကျီးကန်းပြင်ဌာနချုပ်ကို
အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်ကို ဆက်လက်သိမ်းပိုက်ရန် အရှိန်ထပ်တင်နေကြောင်း သိရပါတယ်။
\”အစိုးရဝန်ထမ်းတွေကို စစ်တွေကို ပြောင်းရွှေ့ထားတယ်။ ရုံးစာရွက် စာတမ်းတွေလည်း မောင်တောမှာ မရှိတော့သလို့
အစိုးရရုံးတွေလည်း လုံးဝအလုပ်မလုပ်တော့ဘူး\” လို့ မောင်တောဒေသခံတစ်ဦးက ဆိုပါတယ်။
ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးအနားရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေ အားလုံးနီးပါး
သိမ်းပိုက်လိုက်တာကြောင့် မောင်တောမြို့ကို AA က ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
\”မောင်တောကို ဇက်ရေယာဥ်တွေနဲ့ စကစ က လက်နက် ရိက္ခာတွေလာပို့တယ်။ ပြန်ရင် တပ်မိသားစုတွေကို ခေါ်သွားတယ်။
မြို့ထဲမှာတော့ ဒေသခံတွေ မနေရဲတော့လို့ မရှိကြတော့ဘူး\” လို ထပ်မံ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ မောင်တောမြို့ နယ်တွင် နခခ(၅)၊ နခခ(၂)၊ နခခ(၄)၊ နခခ(၆) တပ်ရင်းသာ ကျန်ရှိနေတော့ကြောင်း
သိရပါတယ်။
အလားတူ ဘူးသီးတောင်ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော်မှ စစ်ကောင်စီရဲ့ အကြီးဆုံးစခန်းတစ်ခုဖြစ်တဲ့ စကခ ၁၅
ဌာနချုပ်ကို တိုက်ခိုက်နေသည်မှာ ၃ လခန့် ကြာမြင့်နေပြီဖြစ်ပြီး ယခုအခါ ထပ်မန် အရှိန်မြှင့် ထိုးစစ်ဆင်နေကြောင်း
သိရပါတယ်။
\”ဘူးသီးတောင်မှာက စစ်ကောင်စီတွေက မြို့ထဲနဲ့ တပ်စစခန်းတွေလောက်မှာပဲရှိတယ်။ ကျန်နေရာတွေကို
မသွားရဲတော့ဘူး။ သူတို့ရဲ့ ဝှက်ဖဲက ဟိုသူတွေ (စစ်သင်တန်းပေးခံနေရသောမူဆလင်) ကို အသုံးချပြီး မြို့ကို
ခုခံစစ်လုပ်နေတယ်\” လို့ ဘူးသီးတောင်ဒေသခံတစ်ဦးက ဆိုပါတယ်။
အထက်ပါ တိုက်ပွဲများတွင် အာရက္ခတပ်တော်ကို စစ်ကောင်စီနှင့်အတူ ARSA, ARA နှင့် RSO တို့လည်း
ပါဝင်တိုက်ခိုက်ပေးနေကြောင်းလည်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *