Day: November 14, 2024
ဂျိုင်ကောက် စခန်းကိုသိမ်းပိုက် ဂွမြို့နဲ့ အနီးဆုံးကို AAထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ
ရခိုင်ပြည်၊ ဂွမြို့နယ် ဂျိုင်ကောက် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို AA က သိမ်းပိုက်ပြီး ဂွမြို့နဲ့ ဆယ်မိုင်ပတ်လည်သာ ဝေးတော့တဲ့ ဆပ်သွားကျေးရွာက စစ်ကောင်စီတပ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးက ဂွမြို့နယ် အနီးကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး တောလမ်းရော…
အမ်းမြို့မရဲစခန်းက နယ်ထိန်းအရာရှိ အပါအဝင် ၃ ဉီး စနိုက်ဘာ ထိမှန်သေဆုံး
ရခိုင်ပြည် ၊ အမ်း မြို့နယ် မြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ တစ်ဉီးအပါအဝင် ၃ ဉီးဟာ အမ်းမြို့ အထွက် ပဲပဒုံ တံတားဂိတ် တိုက်ပွဲမှာ AA ရဲ့ စနိုက်ဘာ ကျည်ထိမှန်ပြီး နိုဝင်ဘာ ၁၁ ရက် ည ပိုင်းက သေဆုံးသွားတယ်လို့…
အမ်းမြို့ပေါ်မှာ ရပ်ကွက်တွေ အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ခံစစ်ပြင်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ပေါ်က ဒေသခံတွေနေထိုင်တဲ့ ရပ်ကွက်တွေအတွင်းမှာ စစ်ကောင်စီဝင်ရောက်နေရာယူလာပြီး ကာကင်းတွေ ပြုလုပ်လာတဲ့အတွက် ဒေသခံတွေဟာ ကစဉ့်ကလျားနဲ့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အမ်းမြို့ အောက်ရွာရပ်ကွက်ထဲကို မနေ့ည နိုဝင်ဘာ ၁၃ ရက်ညပိုင်းက စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်းရောက်ခဲ့ပြီး နေအိမ်အတွင်းက ကျေးရွာသားတွေကို မောင်းထုတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ "မနေ့ညနေ…
အမ်းမြို့အခြေစိုက် နပခ စစ်ဌာနချုပ်အောက်က တပ်ရင်းတပ်ခွဲ ၈ ခုကို AA သိမ်းထားပြီးဖြစ်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲမှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အောက်က စစ်ဖက်ရေးရာလုံခြုံရေးတပ်(စရဖ)၊ ခြေမြန်တပ်ရင်း(ခမရ)၊ အမြောက်တပ်ရင်းအပါအဝင် တပ်ရင်းတပ်ခွဲ ၈ ခုကို သိမ်းပိုက်ထားပြီးပြီလို့ အာရက္ခတပ်တော်(AA ) က သတင်းထုတ်ပြန်လာပါတယ်။ သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ ၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၂။ အမတ (၃၇၄)-အမှတ်…