Day: November 16, 2024
နပခဌာနချုပ် ရဲ့ အမှတ် ၈ ဆက်သွယ်ရေးတပ်နှင့် အမှတ် ၁၀ တပ်ထိန်းတပ် ကို AA ထိုးစစ်ဆင်
အမ်း နပခဌာနချုပ် ရဲ့တပ်ရင်း တပ်မ(၈)ခု ကို သိမ်းဆည်းပြီးကြောင်း ထုတ်ပြန်ပြီးနောက်မှာ နောက်ထပ် အရေးကြီးတဲ့ တပ်ရင်းနှစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးတပ်၊ တပ်ထိန်းတပ် တို့ကို အာရက္ခတပ်တော် AA က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတယ် လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ နပခဌာနချုပ်အတွင်းမှာ ထပ်မံသိမ်းယူဖို့ ကျန်နေသေးတဲ့အဆရ (၈)…
ကိုင်းရှည်တံတားကို နေ့စဉ် သန့်ရှင်းရေးလုပ်နေတဲ့ ပရဟိတ သမားတစ်ဉီး ကို အဲ့ဒီတံတားထိပ်မှာ သ-တ်ဖြတ်အ-လောင်းစွန့်ပစ်ခဲ့
ကိုယ်ပိုင်အသိစိတ် နဲ့ မြို့ပေါ်က တံတားကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်နေတဲ့ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်က တစ်ကိုယ်တော် သန့်ရှင်းရေး ပရဟိတသမား တစ်ဉီးဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ အသက်(၇၀) အရွယ် ဉီးစိုးမြင့် လို့ ခေါ်တဲ့ ပရဟိတသမားကြီးဟာ သူနေထိုင်ရာ တေင်ကုတ်မြို့က…
ဂွ မြို့ကို AA ပိတ်ဆို့ ၊ မြို့သိမ်းတိုက်ပွဲစတင်ရန် ပြင်ဆင်(မြို့နေဒေသခံများ အရေးပေါ်စစ်ရှောင်ရန်လိုအပ်)
ရခိုင်ရိုးမတောင်ခြေအနီးမှာရှိတဲ့ ဂွမြို့ ကို အာရက္ခတပ်တော် AA က ဝိုင်းဝန်းပိတ်ဆို့လိုက်ပြီး မြို့သိမ်းတိုက်ပွဲစတင်ဖို့ ပြင်ဆင်နေတဲ့ အနေအထားဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဂွမြို့နယ် ရွှေဉကွင်း မှာ နိုဝင်ဘာ ၁၄ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေ ဟာ…
ဂွ ၊ တောင်ကုတ် ၊ အမ်း ၊ ကျောက်ဖြူ မြို့တွေမှာ AA ယူနီဖောင်းဝတ်ပြီး အရပ်သားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးနေ
ရခိုင်ပြည် တွင်းက လတ်တလော စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်တွေ ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ ဂွမြို့ နဲ့ ကျောက်ဖြူမြို့ တွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေက AA ယူနီဖောင်းတွေ ဝတ်ပြီး ဒေသခံတွေကို ထောင်ချောက်ဆင် ဖမ်းဆီးနေတယ် လို့ မြေပြင်သတင်းရရှိပါတယ်။ ဒေသတွင်းမှာ စစ်ရေးအခြေအနေတွေရှုပ်ထွေးနေချိန် မှာ…
အမ်း မြို့သိမ်းတိုက်ပွဲစတင်
အမ်းမြို့သိမ်းတိုက် ဟာ နိုဝင်ဘာ ၁၄ ရက် က စတင်လာခဲ့ပြီး နပခ နဲ့ အနီးဆုံးမှာရှိတဲ့ ရပ်ကွက်တွေ ထဲက စစ်ကောင်စီ တပ်စခန်းတွေ ကို AA က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတယ် လို့သတင်းရရှိပါတယ်။ အမ်းမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မြို့ဟောင်းရပ်ကွက်က တပ်ထိန်း (တပ်မတော် တပ်ထိန်း)ဂိတ်နဲ့…