Day: December 9, 2024
ဂွမြို့နယ် က ဒေသခံ တစ်သောင်းကျော် ဧရာဝတီ တိုင်းကို စစ်ဘေးရှောင် ၊(အရေးပေါ်အကူအညီတွေ လိုအပ်နေ)
ရခိုင်ပြည် ဂွမြို့နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ဂွမြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံတစ်သောင်းကျော် ဟာ ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်နေကြပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။ ဂွမြို့နဲ့ လေးမိုင်အကွာပတ်လည်မှာရှိတဲ့ ရွာတွေကနေ စစ်ဘေးရှောင်ကြတဲ့ စစ်ရှောင်ပြည်သူ တစ်သောင်းကျော်ဟာ ဧရာဝတီတိုင်း က ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အဂ်ပူ မြို့နယ်…
တောင်ကုတ် စကခ (၅) တပ်ဝန်း အတွင်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ မျက်နှာချင်းဆိုင်တိုက်ပွဲပြင်းထန်နေ
ရခိုင်ပြည် တောင်ကုတ်မြို့ စကခ(၅)တပ်ဝန်းထဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA တို့ မျက်နှာချင်းဆိုင် တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ AA ရဲ့ထိုးစစ်ဟာ တောင်ကုတ်မြို့အဝင်က စကခ(၅) တပ်ဝန်းဧရိယာကို ထိုးဖောက်ဝင်ရောက်ပြီး မျက်နှာချင်းဆိုင်အနေအထားနဲ့ အနီးကပ်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ "မနေ့ညကတည်းက ဒီကနေ့မနက်ထိ အနီးကပ်တိုက်ပွဲဖြစ်နေတယ်၊ AA က အထဲထိထိုးဖောက်သွားပြီး…
ဗိုလ်မှူးချုပ်သူရိန်ထွန်း ကို စစ်သုံ့ပန်းဖြစ် ARSA တပ်ဖွဲ့နဲ့အတူ ဖမ်းဆီးရမိ
မောင်တောမြို့ မြို့သူကြီးတပ်ရင်း နခခ(၅) က နေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်း နဲ့ အဖွဲ့ကို နတ်မြစ်ကမ်း အနီးမှာ အာရက္ခတပ်တော် က ဖမ်းဆီးရမိခဲ့တယ်လို့ လေးဝတီ FM ရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီ အရာရှိ ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ ARSA,RSO အဖွဲ့တွေ ရဲ့…