Day: December 21, 2024
အသိမ်းခံလိုက်ရပြီး လူမရှိတော့တဲ နပခ အဆောက်အအုံတွေ ကို စစ်ကောင်စီ လေကြောင်းကရော လက်နက်ကြီးနဲ့ပါ လာပစ်နေ
အသိမ်းခံလိုက်ရပြီး လူသူမရှိတော့တဲ့ နပခ အဆောက်အအုံတွေ နဲ့ အတူ အမ်းမြို့တခုလုံးကို စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးအထိုင်တပ်ကနေ နေ့ရောညပါ တိုက်ခိုက်လျှက်ရှိတယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ မြေပြင်သတင်းရရှိပါတယ်။ ရခိုင်ပြည်မှာ စစ်ကောင်စီရဲ့ အကြီးဆုံးအရာရှိဖြစ်တဲ့ ဒုတိုင်းမှူး သောင်းထွန်း နဲ့ တိုင်းစစ်ဦးစီး ကျော်ကျော်သန်းတို့ကို…
တောင်ကုတ် က ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေက တောထဲမှာရွာသားတွေကို ပစ်ခတ်နေ
အာရက္ခတပ်တော် AA က အလုံးစုံထိမ်းချုပ်ထားပြီးဖြစ်တဲ့ တောင်ကုတ်မြို့ ပတ်ဝန်းကျင်မှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တောထဲမှာ တွေ့တဲ့ ဒေသခံတောင်သူတွေကို ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ညနေ ပိုင်းမှာ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် သခ်ျိုင်းရွာ အနီးမှာ ထင်းခုတ်နေတဲ့ ရွာသားတစ်ဦးကို တောထဲမှာလျှောက်ပြေးနေတဲ့…
စစ်ကောင်စီ ဒုတိုင်းမှူး သောင်းထွန်း နဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ ရဲ့ ဖမ်းဆီးရခံတဲ့ ပုံတွေကို AA ထုတ်ပြန်
နပခ ဌာနချုပ်ကို ဦးဆောင်နေတဲ့ ဒုတိုင်းမှူးသောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ ကို နပခ အဆုံးသတ် တိုက်ပွဲကနေ ဖမ်းဆီးရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက် ရက်စွဲနဲ့ အာရက္ခတပ်တော် က ထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အရာရှိတွေကတော့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း…
ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ
ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြို့ထဲက ၁၄ မြို့ထိကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ မကြာခင်ပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ပြီး ဒီစစ်ပွဲအတွင်းမှာ အဆင့်မြင့် စက်လက်နက်တွေ အသုံးပြုလာတာကိုတွေ့မြင်ရပါတယ်။…
အမ်း နပခ ဌာနချုပ် သိမ်းတိုက်ပွဲ ကာလအတွင်း အိုးအိမ်စွန့်ခွာခဲ့ရတဲ့ စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေ
ရခိုင်ပြည်၊ အမ်းမြို့နယ် အတွင်း အာရက္ခတပ်တော်နဲ့ စစ်ကောင်စီ တို့ရဲ့ တိုက်ပွဲတွေအကြားမှာ အမ်းမြို့နယ်က ဒေသခံ သောင်းချီတိုးလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ် လို့ AA ဘက်က ထုတ်ပြန်ပါတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရခိုင်ပြည်တိုက်ပွဲတွေ အရှိန်အမြင့်ဆုံးရောက်လာပြီး အဲ့ဒီတိုက်ပွဲတွေ ရဲ့ သက်ရောက်မှုကြောင့် စစ်ရှောင်တွေလည်း သောင်းချီတိုးလာတယ်လို့…