Laywaddy FM

Day: February 26, 2025

Day: February 26, 2025

နတ်ရေကန်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သား (၂၃) ဦးကို အရှိုချင်း အဖွဲ့ ဖမ်းဆီး

နတ်ရေကန်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သား (၂၃) ဦးကို အရှိုချင်း အဖွဲ့ ဖမ်းဆီး

နတ်ရေကန်လေကြောင်း ကာကွယ်ရေးတပ်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှို ချင်း ကာကွယ်ရေးတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ အာရက္ခတပ်တော်မှ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် တည်ရှိရာတောင်ကုန်းအား တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေကို အရှိုချင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သုံးရက်အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃…

ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ နေရာတစ်ခု လေကြောင်းက တိုက်ခိုက်ခံရ

ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ နေရာတစ်ခု လေကြောင်းက တိုက်ခိုက်ခံရ

မြောက်ဦးမြို့ လေးမြို့မြစ်ဘေးက စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ညောင်ပင်လှကျေးရွာကို ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းက စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ လေးမြို့မြစ်ဘေးမှာ စိုက်ပျိုးရေးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်စတင်လုပ်ကိုင်လာတဲ့ အဲ့ဒီကျေးရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ကွက်နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။ "ပြန်လည်ထူထောင်ရေးအတွက် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်တဲ့နေရာတွေ ၊ မွေးမြူရေးလုပ်တဲ့နေရာတွေကို တိုက်ခိုက်တာပါ၊…

စက်တပ်လေထီး နဲ့ ဗုံးကြဲသူနှစ်ဦး ကို ရခိုင်ရိုးမပေါ်မှာ AA ပစ်ချ နှစ်ဦးသေဆုံး

စက်တပ်လေထီး နဲ့ ဗုံးကြဲသူနှစ်ဦး ကို ရခိုင်ရိုးမပေါ်မှာ AA ပစ်ချ နှစ်ဦးသေဆုံး

ပဲခူးတိုင်းထဲက ညောင်ကျိုးစခန်းကို လေကြောင်းပစ်ကူပေးနေတဲ့ စက်တပ်လေထီးမောင်နှင်သူ နှစ်ဦးပါဝင်တဲ့ လေထီးနှစ်စီး ကို AA က ပစ်ချခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်က ဗိုလ်အဆင့်မောင်းနှင်သူနဲ့ နောက်ထပ်တစ်ဦးတို့ဟာ ညောင်ကျိုးစခန်းကိုလာရောက် ဗုံးကြဲချိန်မှာ AA ဘက်က ပစ်ချခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ " ညောင်ကျိုးကို…

လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ သံတွဲခရိုင်မှာ ရွေ့လျားစနစ်နဲ့ ဆေးကုသနေရ

လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ သံတွဲခရိုင်မှာ ရွေ့လျားစနစ်နဲ့ ဆေးကုသနေရ

ရခိုင်ပြည် သံတွဲခရိုင်မှာ မကျန်းမမာဖြစ်တဲ့ ပြည်သူ ပြည်သားတွေကို ဆေးရုံ ၊ ဆေးခန်း အနေနဲ့ မထားရှိဘဲ နယ်လှည့်ဆေးကုသပေးရေးအစီအစဉ်တွေကို ဆောင်ရွက်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းရန် ကို ကာကွယ်နိုင်ရေး အတွက် အခုလို စီစဉ်ဆောင်ရွက်နေရတာဖြစ်တယ်လို့ မြေပြင်မှာ ကွင်းဆင်းဆောင်ရွက်ပေးသူ တွေ က…