Day: February 23, 2025

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို စစ်ကောင်စီဆက်လုပ်နိုင်မှာလား
ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကိုဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ တရုတ်အမျိုးသားပိုင်ကုမ္ပဏီ (CITIC)တို့ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမယ့်အချက်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ (၁)မှာ ကျင်းပခဲ့တယ်။ အစည်းအဝေးမှာ စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်တွေနဲ့ သက်ဆိုင်တဲ့ သဘောတူစာချုပ်ပါအတိုင်း စီမံကိန်းမစတင်ခင် ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမယ့် မြန်မာဘက်က ဆောင်…

မလေးရှားမှာ မြန်မာနိုင်ငံသား ငါးရာကျော် ဖမ်းဆီးခံရတဲ့ အထဲ ရခိုင်ရွေ့ပြောင်းအလုပ်သမား အများအပြားပါဝင်
မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် (selongor) ကလန်း (Kalang) မဲရူး (Meru) ဈေးကြီးမှာ အထောက်အထား မပြည့်စုံတဲ့ မြန်မာနိုင်ငံသား ၅၃၀ ကို ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲမှာ ရခိုင်ရွှေ့ပြောင်းအလုပ်သမား အများအပြားပါဝင်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေအထဲမှာ မြန်မာနိုင်ငံသား ၅၃၀…

ဒေးလ် မိုဟာမက် (သို့မဟုတ်) အာရက္ခပြည်မှာ စစ်မီးမွှေးနေတဲ့ မှောင်ခိုသမား
ဒေးလ် မိုဟာမက် ဆိုတဲ့ နာမည်ဟာ ယုံကြည်မှုရဲ့ ပြယုဒ်တစ်ခုတော့ မဟုတ်ပါဘူး။သူဟာမြန်မာစစ်တပ်ရဲ့ မှောင်ခိုလုပ်ငန်းတွေမှာ ကြားလူအနေနဲ့ ကာလရှည်ကြာလုပ်ဆောင်နေတဲ့ရာဇဝတ်သားတစ်ယောက်ပါ။ အခုအချိန်မှာတော့ ရိုဟင်ဂျာ ပဋိပက္ခရဲ့ အန္တရာယ်များလှတဲ့အခန်းသစ်တစ်ခုကို ဦးဆောင်လို့နေပါတယ်။ အာရက္ခဒေသမှာတင်မက ဘင်္ဂလားဒေ့ရှ်မှာပါ လှုပ်ရှားနေပြီး ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေအတွက် အဓိက လူသစ်စုဆောင်းပေးသူပါ။ သူဟာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ…

ဓည၀တီရေတပ်ဌာနချုပ် တိုက်ခိုက်ခံရ ၊လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာရွေ့ပြောင်း
ရခိုင်ပြည် ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်ဌာနချုပ်ကို ဖေဖော်ဝါရီလ ၂၂ ရက်မနက်ပိုင်းမှာ AA ဘက်ကက တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီရေတပ် တိုက်ခိုက်ခံရပြီးနောက်မှာ ရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ "မနေ့ည က AA ဘက်က ရေတပ်ကို ပစ်ခတ်သံက…

ရခိုင်စစ်ရှောင်တွေ အတွက်ကောက်ခံထားတဲ့ အလှူငွေတွေကို လိမ်လည်မှု ဖြစ်ပွား
မလေးရှားနိုင်ငံရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမား တွေဟာ ရခိုင်ပြည်သိမ်းစစ်ပွဲကြီးအတွင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ကြရတဲ့ စစ်ဘေးသင့်ပြည်သူတွေ အတွက် အလှူငွေကောက်ခံခြင်း ၊ လွှဲပြောင်းခြင်းတို့ကို ပြုလုပ်လျှက်ရှိပါတယ်။ မလေးရှားနိုင်ငံ ကာဂျန်းမြို့ရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမား တချို့ဟာ ဒီလထဲမှာ စစ်ဘေးရှောင်တွေ အတွက် အလှူငွေကောက်ခံသူလည်းဖြစ်၊ ငွေထုတ်ငွေလွှဲဝန်ဆောင်မှုလုပ်သူလည်း ဖြစ်တဲ့ ရခိုင်လူမျိုးတစ်ဦးဆီမှာ လိမ်လည်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဒီလိုအလှူငွေတွေကို…