Day: October 4, 2025

ရန်ကုန်တိုင်း ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ကြံ့ခိုင်ရေးပါတီ ၊ ပြည်သူ့ပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ အပါအဝင် ကိုယ်စားလှယ် (၇) ဦး ဝင်ပြိုင်မယ်။
"ရန်ကုန်ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင်တွေ ၊ ရခိုင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် အလုပ်လုပ်ပါ့မယ်" ဆိုတဲ့ မဲဆွယ်မှု နဲ့အတူ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ပြိုင်မယ့် လူ (၇) ဦးအထိ ရှိနေတယ်လို့သတင်းရရှိပါတယ်။ စစ်အုပ်စုက ဦးဆောင်ပြီးကျင်းပတဲ့ ဒီရွေးကောက်ပွဲကို ရခိုင်တော်လှန်ရေးအင်အားစု အသီးသီးက အသိအမှတ်မပြုပေမယ့် ရန်ကုန်မြို့မှာနေထိုင်တဲ့ ရခိုင်နိုင်ငံရေး…

စစ်တကောင်းဒေသ မရမာလူမျိုး(Marma) လူမျိုးများ အကြမ်းဖက်ခံနေရခြင်းကို ၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ က ကန့်ကွက် ဆန္ဒပြ
ဘဂ်လားဒေ့ရှ် နိုင်ငံ စစ်တကောင်းဒေသမှာ မရမာလူမျိုးများ ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း နဲ့ တရားမျှ တမှုမရရှိခြင်း အတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ က စက်တင်ဘာ ၃၀ မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ လက်ရှိမှာ မရမာ လူမျိုးကျောင်းသူတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း ကို တရားမျှတမှုရရှိစေရေး စစ်တကောင်းမှာနေထိုင်တဲ့ မရမာ…

အာရက္ခ အစိုးရ နဲ့ ဘဂ်လားဒေ့ရှ် အစိုးရ တို့ရဲ့ အပြန်အလှန် စွပ်စွဲချက်တွေ ပြင်းထန်လာ
အာရက္ခအစိုးရတာဝန်ကို ယူထားတဲ့ ULA/AA နဲ့ ဘဂ်လားဒေ့ရှ် အစိုးရ တို့ရဲ့ နှစ်ဖက်အပြန်အလှန်စွပ်စွဲချက်တွေဟာ တစ တစ ပြင်းထန်လာပြီး နှစ်ဖက်ညှိနှိုင်း နိုင်ဖို့ ခက်ခဲလာတဲ့ အခြေအနေကို တွေ့မြင်ရပါတယ်။ လတ်တလောမှာ ဘဂ်လားဒေ့ရှ်အစိုးရ နယ်ခြားစောင့်တပ် BGB ဟာ ရိုဟင်ဂျာ စစ်သွေးကြွ အဖွဲ့တွေကို ပံ့ပိုးနေတယ်လို့…