Month: December 2025
ငပလီကမ်းခြေက အခမဲ့ အဂ်လိပ်စာသင်တန်းကျောင်း တည်ထောင်သူ” မာမီဆူး” တော်ဝင်မိသားစုက ချီးမြင့်သည့် MBE ဆုကို ရရှိ
ငပလီကမ်းခြေဒေသက The Vera Thomson English School ကို တည်ထောင်ခဲ့သူ မာမီဆူးဟာ ဗြိတိန် တော်ဝင်မိသားစုက ချီးမြင့်တဲ့ Member of the Order of the British Empire (MBE) ဆုကို ဒီဇင်ဘာလ ထဲ မှာ…
ပွိင့် ၆၆၆ ကို စစ်ကြောင်းထိုးတဲ့ စစ်ကော်မရှင် တပ်တွေအထိအခိုက်များ ၊ သုံ့ပန်း ၁၀ ကျော် ဖမ်းမိ
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ထဲက ပွိုင့် ၆၆၆ စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတစ်ခု နဲ့ AA ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း ၁၀ ကျော်ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းမှာ ကပစ ၁၆ က ထွက်လာတဲ့…
ဂုတ်ကြီးရွာကို စစ်ကော်မရှင် အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုး ၊ နေ့ရော ညပါ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
ရခိုင်-မကွေး နယ်ခြားမှတ်တိုင်အနီးက ဂုတ်ကြီးစခန်းဝန်းကျင်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကော်မရှင်တို့ နေ့ရောညပါ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မနက်ပိုင်းကတည်းက ဂုတ်ကြီး ကျေးရွာအနီးကို အင်အားသုံးရာပါ စစ်ကော်မရှင် စစ်ကြောင်းတစ်ခုက ထိုးစစ်ဆင်လာတဲ့ အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ AA နဲ့…
မြောက်ဦး (သို့မဟုတ်) အမေ့လျော့ခံ အင်ပါယာ
အနက်ရောင်ကျောက်သား နံရံတွေပေါ် ကျရောက်နေသည့် နေရောင်ခြည် ဖွဖွ နှင့် ဒီဇင်ဘာ နှင်းရည်လဲ့လဲ့ သည် ဒီအင်ပါယာ၏ ဂုဏ်ကျက်သရေ ပင်။ မြောက်ဦး၏ ဒီဇင်ဘာ ဆောင်းမနက်များ သည် ပြာသည် ၊ မှိုင်းသည် ၊ လဲ့ရီ သည် ။သိမ်မွေ့ထည်ဝါမှုတို့ သည် မြူခိုး…
လေကြောင်းဖိအားကြောင့် AA ဘက်က စစ်ရေး အရှိန်မြှင့် စစ်တွေပြည်သူ့ ဆေးရုံကြီး လေးထပ်လူနာဆောင်ကို စစ်ကော်မရှင်ဘက်က ထိန်းချုပ်ပြီး စစ်ဆေးရုံလုပ်ထား
စစ်တွေ နဲ့ ကျောက်ဖြူ စစ်မျက်နှာပြင်မှာ ဒဏ်ရာ ရတဲ့ စစ်ကောင်စီတပ်သားတွေကို ကုသဖို့ ရေချမ်းပြင် ကုတင် ၁၀၀ စစ်ဆေးရုံမဆန့်တော့တဲ့ အတွက်စစ်တွေဆေးရုံကြီး လေးထပ်လူနာဆောင်ကို အထူးကြပ်မတ်ကုသ ဆောင်အဖြစ် ဆိုင်းဘုတ်ချိတ်ပြီး စစ်ကော်မရှင် ရဲ့ စစ်သားတွေကို တင်ဆောင်ကုသနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေအခြေစိုက် ဒေသစစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (ဒကစ)…
ဒကစ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး AA လက်နက်ကြီး ထိမှန် သေဆုံး
စစ်တွေမြို့အခြေစိုက် ဒေသကွက်ကဲမူစစ်ဌာနချုပ် (ဒကစ) ဝန်းထဲကို အာရက္ခတပ်တော် AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဗိုလ်မှူးအဆင့် တစ်ဦးနဲ့ ၊ ဗိုလ်ကြီးအဆင့်တစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၄ ရက်ညပိုင်းမှာ AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် က ဒကစ အရာရှိအဆောင်ကို…
အောက်ဆီဂျင် နဲ့ အရေးပေါ်အသက်ရှင်ရေးအထောက်အကူတွေ မြောက်ဦးလူနာတွေ အတွက်လိုအပ်နေ
မြောက်ဦး ဆေးရုံတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာ ရရှိသူတွေအတွက် အောက်စီဂျင် အပါအဝင် အရေးပေါ်အသက်ရှင်ရေး ဆေးဝါးအထောက်အကူတွေ လိုအပ်နေတယ်လို့ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်နေသူတွေ ဆီက သတင်းရရှိပါတယ်။ မြောက်ဦးဆေးရုံကို တိုက်ခိုက်ခံရပြီးနောက်မှာ ဒဏ်ရာ ရရှိသူတွေထဲက အသက်လုနေရတဲ့ လူနာတွေ အတွက် ၊ အရေးပေါ်အသက်ကယ်ရေး ဆေးဝါးပစ္စည်းတွေ လိုအပ်နေတာဖြစ်တယ်လို့…
လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ မြောက်ဦး လူငယ်အစည်းအရုံးက အဖွဲ့ဝင် လေးဦးဟာမြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရပါတယ်။
"ကျွန်တော်တို့ အဖွဲ့က လေးယောက် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအထဲက တစ်ယောက်က တော့ ကိုယ် အပိုင်းအစတွေပဲ ရရှိပြီး အတည်ပြုလို့တောင်မရနိုင်သေးပါဘူး။ " လို့ ပြောပါတယ်။ လက်ရှိအခြေအနေမှာ မြောက်ဦးဆေးရုံကြီး ရဲ့ အပျက်အစီးတွေကြားထဲမှာ မဖော်ထုတ်နိုင်သေး ၊ အတည်မပြုနိုင်သေးတဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေ ရှိနေတယ်လို့ မြောက်ဦး…
ငြင်းဆန်လို့မရတဲ့ စစ်ရာဇဝတ်မှုကို “စစ်ကော်မရှင် တာဝန်ခံရမည်” ဟု ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများဖိုရမ် က ထုတ်ပြန်
မြောက်ဦးပြည်သူ့ ဆေးရုံကြီးကို လေကြောင်း တိုက််ခိုက်မှုနဲ့ ပတ်သက်ပြီး "စစ်ကော်မရှင် တာဝန်ခံရမည် "လို့ ရခိုင် လူထုအခြေပြု အဖွဲ့အစည်းများ Forum က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဒီအဖြစ်အပျက်အပေါ်မှာ အာဆီယံ ၊ ဥရောပသမဂ္ဂEU ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ UN တို့အနေနဲ့လည်း ထိရောက်မြန်ဆန်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့…
ကျောက်ဖြူ မင်းပြင်ရေဒါစခန်း အနီးကို လေကြောင်း တိုက်ခိုက်နေ
ကျောက်ဖြူ မြို့နယ် ၊ မင်းပြင်ရွာက လက်လွှတ်ခဲ့ရတဲ့ ရေဒါစခန်း အနီးဝန်းကျင်ကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက ဖျက်ဆီးတိုက်ခိုက်နေပါတယ်။ ရခိုင်တစ်ပြည်လုံးနီးပါးကို လေကြောင်းက အပြင်းအထန်တိုက်ခိုက်နေပြီး လက်လွှတ်ထားရတဲ့နေရာတွေ ပြန်လည်ရရှိရေး ပြည်သူကို အကြမ်းဖက်နေတာဖြစ်ပါတယ်။ "မင်းပြင်ရေဒါစခန်း အနီးအနား ကိုရော ရွာထဲကို ရော…