Month: January 2026
သံတွဲ လင်းသာကျေးရွာကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချ ၊ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ( ၉ )ယောက်သေဆုံး
သံတွဲမြို့ ၊ ငပလီကမ်းခြေ ကို ဒီဇင်ဘာ ၂၉ ည ပိုင်းမှာ စစ်ကော်မရှင် ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချပြီး လူ ၉ ယောက်သေဆုံးခဲ့ပါတယ်။ ငပလီကမ်းခြေ ၊ လင်းသာရပ်ကွက် နဲ့ ကျင်းကန်ကြီးတိုးချဲ့ ရပ်ကွက်တို့ကို ပေါင် ၅၀၀ ဗုံးတစ်လုံးစီကျခဲ့ပြီး…
သံတွဲမြို့ ဗုံးကြဲခံရမှုဖြစ်စဉ်မှာ လူသေဆုံးမှု မရှိ၊ မီးငြိမ်းနိုင်ပြီ
နှစ်သစ်ကူးည သံတွဲမြို့ ဗုံးကြဲခံရမှုဖြစ်စဉ်မှာ လူသေဆုံးမှု မရှိဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ တစ်ဦးက လေးဝတီfm ကို အတည်ပြုပါတယ်။ သံတွဲမြို့ အမှတ် (၁) ရပ်ကွက် မာဃလမ်းထိပ်ကို ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ၊ အဂ်လိပ်ခေတ်က တည်ဆောက်ခဲ့တဲ့ ပျဉ်အိမ်ဟောင်းကြီးကနေ မီးစတင်လောင်ခဲ့တာဖြစ်ပါတယ်။ ည ၁၀…
ဓာတ်ပုံသတင်း
ရက္ခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း (၂၄၁)နှစ်မြောက် နေ့မှာ အသက်ပေးဆပ်ခဲ့ရတဲ့ ဖိုးဖီးဇူဇာများ ၊ အာရက္ခနိုင်ငံတော်သစ်အတွက် အသက်ပေးတိုက်ပွဲဝင်တော်လှန်ခဲ့ကြတဲ့ အာဇာနီခေါင်းဆောင်များ ၊ စစ်ကော်မရှင် ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် အသက်ပေးဆပ်ရတဲ့ ပြည်သူများ စသည် တို့ ကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဝမ်းနည်းဆုတောင်း မေတ္တာပို့ ခြင်းကို ဒီဇင်ဘာ…
ပွိုင့် ၆၆၆ ကုန်းမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ထွက်ပြေးသူ အချို့ AA က ဖမ်းဆီးထား
ပွိုင့် ၆၆၆ စခန်းကုန်းအနီးမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ၊ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်တပ်သား ၆ ဦးကို ULA/AA ဘက်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေပိုင်းမှာ ပွိုင့် ၆၆၆ အနီးမှာ နေရာယူထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထဲက အချို့ဟာ တပ်ဖွဲ့အတွင်းကနေ ထွက်ပြေးကာပြီး…