ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ မှ သံတွဲမြို့သို့ သွားသော စစ်ကောင်စီယာဉ်တန်းကို
ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးခဲ့ပြီး ကား ၂
စီး ပျက်စီးသွား ခဲ့ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းမှာ လည်း စစ်ကောင်စီတပ်တွေ
စတင်အထိနာနေပြီဖြစ်တယ် လို့ စစ်ပွဲသတင်းတွေ အရ သုံးသပ်သိရှိရပါတယ်။
\” သံတွဲဘက်ကို ကားတွေနဲ့ သယ်သွားကြတယ်။ အလောင်းတွေ ထမ်းတင်နေတာတော့
မြင်လိုက်ရတယ်\” လို့ တိုက်ပွဲဖြစ်ပွားရာအနီးမှ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။
တောင်ကုတ်မြို့နယ်၊ ပင်မဓာတ်အားခွဲရုံရှိရာ ဘာယေကျေးရွာနှင့် မုတ်ကျေးရွာအကြား ၉
မိုင်တောင်အတက် မှာ မနေ့က မနက် ၅ နာရီခွဲကျော်က စစ်ကောင်စီယာဉ်တန်းကို
မိုင်းဆွဲတိုက်ခိုက်ရာမှ ရက္ခိုင့်တပ်တော် နှင့်စစ်ကောင်စီတို့
တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီမှ အနီးအနားက ရွာတွေကို လက်နက်ကြီးတွေနဲ့
ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီသည် တောင်ကုတ်မြို့ မှ မအီမြို့ အထွက် ကိုင်းရှည်တံတားကို
ပိတ်ဆို့ထားခဲ့ပြီး ဒေသခံပြည်သူများ သွားလာခွင့် မရကြောင်းလည်း သိရပါတယ်။
ဓာတ်ပုံ – ရခိုင်ပြည် တိုက်ပွဲ တွေ အတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ သုံ့ပန်းတွေကို AA
ဆေးတပ်သားတွေက ဆေးကုသမှု ပေးနေပုံ