Laywaddy FM

တောင်ကုတ် နှင့် သံတွဲမြို့ ကြားမှာ တိုက်ပွဲဖြစ်ပွားနေ

ရခိုင်ပြည်နယ်၊ တောင်ကုတ် နှင့် သံတွဲ ကားလမ်းမပေါ်တွင် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့
ယနေ့မနက်ပိုင်းကစတင်ကာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေရာမှာ တောင်ကုတ်မြို့မှ ၁၀မိုင်ခန့်အကွာ ပင်မဓာတ်အားပေးရုံတည်ရှိရာ
ဘာယေကျေးရွား နှင့် မုတ်ကျေးရွာ အနီးတွင် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
\”စစ်ကားကို မိုင်းဆွဲတာလို့ ပြောကြတယ်။ မနက် ၅နာရီကျော်လောက်က
ပေါက်ကွဲသံတွေစကြားရတယ်။ အဲဒါပြီးတာနဲ့ ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်\”
လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၆ရက် က မအီတံတား နှင့် ကျောက်ကြီးပေါက်တံတာကို စစ်ကောင်စီမှ
မိုင်းခွဲဖျက်စီးခဲ့ပြီး တောင်ကုတ်ဘက်သို့ တပ်ပြောင်းသွားခဲ့ပါတယ်။
အဆိုပါ စစ်ကားများမှာ မအီမှ တပ်ဆုတ်လာသော စစ်သားများဖြစ်နိုင်ကာ ငပလီကို
အင်အားဖြည့်လာတာဖြစ်နိုင်ကြောင်း နှင့် ငပလီမြို့ ဂျိတ်တော်ဖော်ဆိပ်တွင်လည်း စစ်ကားများ
အသွားအလာများနေတယ်လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။
၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၈ ရက် ည ၁၀ နာရီကျော်အချိန် သံတွဲဘက်မှ စစ်ကားသုံးစီးဖြင့်
ထွက်လာခဲ့ရာ ကမ်းဒေးအနီးသက်ကယ်ပြင်တံတားတွင် ရက္ခိုင့်တပ်တော်ရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရရှိခဲ့ပါတယ်။
တောင်ကုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် တောင်ကုတ်မြို့နှင့် အနီးအနားရှိ
ကျေးရွာများမှ ဒေသခံများသည် ၂၀၂၃ ဒီဇင်ဘာ ၂၈ရက်မှ စတင်ကာ တိမ်းရှောင်နေသဖြင့်
လက်ရှိတွင် အိမ်စောင့် ရွာစောင့် သဘောမျိုး လူအနည်းငယ်သာ ကျန်ရှိနေတယ်လို့ သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *