ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ နဲ့ ရသေ့တောင်မြို့ သိမ်းပိုက်နိုင်ခဲ့ပြီး ဒီမြို့တွေ မှာ ရှိတဲ့ လက်ကျန်
စစ်ကောင်စီတပ်သားတွေက AA ဆီမှာ လက်နက်ချ အညံ့ခံခဲ့တယ်လို့ AA ရှေ့တန်း နဲ့ နီးစပ်တဲ့
သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ရမ်းဗြဲမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ညနေပိုင်းမှာတော့
ရသေ့တောင်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
\”ရမ်းဗြဲမှာ စစ်ကောင်စီ တစ်ယောက်မှ မရှိတော့ဘူး ၊ အားလုံးထွက်ပြေးသွားကြပြီ \” လို့ ဒေသခံ
သတင်းရင်းမြစ်ကပြောပါတယ်။
ရသေ့တောင်မြို့ အခြေစိုက်တဲ့ တပ်ရင်းသုံးခုဖြစ်တဲ့ ခမရ (၅၃၆) ၊ ခမရ (၅၃၇) နဲ့ ခမရ
(၅၃၈) တပ်ရင်းတွေကို တစ်ပြိုင်နက်ထဲ တိုက်ခိုက်နေပြီး တပ်ရင်း တွေ တစ်ခုပြီးတစ်ခု
ဆုတ်ခွာကာ ခမရ (၅၃၈) တပ်ရင်းမှာ အင်းအားစုပေါင်းပြီး ခုခံနေတယ်လို့ပြောပါတယ်။
လေကြောင်းကလည်း အပြင်းအထန်ခုခံနေပြီး ခမရ (၅၃၈) က စစ်ကောင်စီ တပ်သားအချို့က
လက်နက်ချ အညံ့ခံလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
\”ရသေ့တောင် အနီးဝန်းကျင်က တပ်တွေ အကုန် အင်အားစုပေါင်းထာတာတွေ ၊ အကုန်နီးပါး
ကျသွားပြီ ဖြစ်ပါတယ်\” လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ရခိုင်ပြည်မှာ စစ်ကောင်စီ ကင်းစင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ရခိုင့်တပ်တော် AA က
သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းကြေညာထားပြီး တောင်ပိုင်းမြောက်ပိုင်းမကျန်
တစ်မြို့ပြီး တစ်မြို့ကို သိမ်းပိုက်နေတာဖြစ်ပါတယ်။