ရခိုင်ပြည်၊ တောင်ကုတ်မြို့ ဒေသခံတစ်ဦး ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က မိုင်းနင်းမိသဖြင့် ညာခြေဖဝါးပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဒဏ်ရာရရှိသူမှာ တောင်ကုတ်မြို့ ဂူတာမီးစက်ကွက်သစ် ၄ လမ်းနေ အသက် (၃၅) နှစ် အရွယ် ဦးမောင်ပု ဖြစ်ကြောင်းသိရပါတယ်။
“သုသာန်အဟောင်းနားမှာ ငါးရှာသွားတာကနေ အပြန်မှာ စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ညာဘက်ခြေဖဝါးမှာ ပြတ်ရှဒဏ်ရာရခဲ့တယ်၊ ဖြတ်ရမလား မဖြတ်ရလားတော့ မသိရသေးဘူး။ နည်းနည်း ကြေမွသွားတာတော့ တွေ့ရတယ်” လို့ တောင်ကုတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ဦးမောင်ပုသည် တောင်ကုတ်မြို့ ကုတင် ၁၀၀ ဆေးရုံတွင် တက်ရောက်ဆေးကုသနေပြီး အသက်အန္တရာယ်မရှိတော့ကြောင်းလည်း သိရပါတယ်။
သံတွဲ – တောင်ကုတ်ကားလမ်းမ ဘေးတွင် တောင်ကုတ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၄၄ တပ်မ တည်ရှိပြီး အဆိုပါ တပ်ဘေးတွင် သုသာန်ဟောင်းတည်ရှိပြီး စစ်ကောင်စီမှ တပ်ဘေးပတ်လည်ကို မြေမြှုပ်မိုင်းများထောင်ထားကြောင်း သိရပါတယ်။
တောင်ကုတ်မြို့တွင် စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် မေလအတွင်းက အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့ပြီး ဇွန်လ ၂၅ရက်က တောင်ကုတ်တက္ကသိုလ်အနီးတွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံနှစ်ဦး ထပ်မံ ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီမှ တောင်ကုတ်မြို့ကို မကျစေရေးအတွက် ပြည်သူများသွားလာခွင့်ကို တင်းကျပ်စွာစစ်ဆေးနေပြီး မြို့ပတ်ပတ်လည်ကိုလည်း မြေမြှုပ်မိုင်းများထောင်ထားကြောင်း သိရပါတယ်။
prescription drugs without prior prescription
best pharmacy
aarp recommended canadian online pharmacies
top rated canadian pharmacies online
canadian pharcharmy reviews