ယနေ့ Thursday, 21st November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ကျိန္တလီမြို့ ကို နေ့တိုင်းနီးပါး လေကြောင်းရေကြောင်း အသုံးပြု တိုက်ခိုက်နေ ၊ တိုက်ပွဲမှာ ပိတ်မိသူ နေသူတွေ ကို မကယ်ထုတ်နိုင်သေး

ကျိန္တလီမြို့ ကို နေ့တိုင်းနီးပါး လေကြောင်းရေကြောင်း အသုံးပြု တိုက်ခိုက်နေ ၊ တိုက်ပွဲမှာ ပိတ်မိသူ နေသူတွေ ကို မကယ်ထုတ်နိုင်သေး

ကိုရဲ

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်နဲ့ အရပ်ဘက် အဆောက်အအုံပျက်စီးမှု များခဲ့ပြီး စစ်ပွဲတွင်းမှာ ပိတ်မိသူတွေ လည်း ရှိနေတယ် လို့ လေး၀တီ FM က သတင်းရရှိပါတယ်။

ဆေးရုံ၊ ခရစ်ယာန်ဘုရားကျောင်း နဲ့ စျေးကတော့ လုံးဝကို ပျက်စီးသွားတယ်။ မြို့ထဲမှာ ပိတ်မိနေသူတွေ ရှိတုန်းပဲ။ မနေ့ကလည်း လက်နက်ကြီးရော၊ လေယာဥ်ရောဆိုတော့ အန္တရာယ်မကင်းသေးလို့ ထုတ်မရသေးဘူး” လို့ ကျိန္တလီမြို့စစ်ပွဲအတွင်းမှာ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူ တစ်ဉီးက ပြောပါတယ်။

စစ်ကောင်စီဟာ ဩဂုတ်လ ၁၄ ရက်ကနေ စပြီး ကျိန္တလီ မြို့ကို လေကြောင်းက စတင်တိုက်ခိုက်ခဲ့ပြီး နေ့တိုင်းနီးပါ လေတပ်နဲ့ လက်နက်ကြီးတပ်တွေက ပစ်ခတ်နေတာဖြစ်ပါတယ်။

ဘုရားကျောင်းပစ်ခံရတုန်းက အစ်ကိုနဲ့ အစ်မ ကတော့ သေပါပြီ ၊ အမေ့က ဒဏ်ရာ ရတယ်လို့ သိထားပါတယ်၊ ဘယ်မှာ ဆေးကုနေသလဲ ဆိုတာ မသိရတော့ နေလို့ မရပါဘူး ၊ အရမ်းစိတ်ပူပါတယ် ၊ အမေ့ဒဏ်ရာ က ပြင်းလားမပြင်းလား သူ့အခြေအနေက ဘယ်လိုလည်းဆိုတာလည်း မသိရပါဘူး ” လို့ လေကြောင်း ပစ်ခတ်မှုကြောင့် ထိခိုက်ခံရသူမိသားစု၀င်က လေး၀တီီ FM ကို ပြောပါတယ်။

စစ်ကောင်စီမှ ကျိန္တလီမြို့ကနေ သြဂုတ်လ ၁၃ရက် ညနေကတည်းက ဆုတ်ခွာသွားပေမယ့် လေကြောင်း၊ ရေကြောင်း နဲ့ မြေပြင်တပ်စွဲထားတဲ့နေရာကတွေ အမြောက်တွေနဲ့ ဆက်လက်ပြီး ပစ်ခတ်နေပါတယ်။

စစ်ကောင်စီရဲ့ လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် သြဂုတ်လ ၁၅ရက်က ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလုံနေကြသော အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေကြောင်းကနေ လက်နက်ကြီးဖြင့်ပစ်၊ ဗုံးကျဲမှုကြောင့် ကျိန္တလီမြို့ရှိ ရဲစခန်း၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ အထက်တန်းစာသင်ကျောင်း၊ ဆေးရုံ၊ ခရစ်ယာန်ဘုရားကျောင်း၊ စျေး နဲ့ မြို့ပတ်အဝိုင်း အနီးဟာ ပျက်စီးမှုများပြားကြောင်း သိရပါတယ်။

စစ်ကောင်စီသည် ဂွမြို့နယ် မကျစေရေးအတွက် ကုလားပြင် (ရတနာမြိုင်) ၊ ကြွေချိုင်၊ ဆပ်သွား၊ ကမ်းသာယာ နဲ့ ဂွမြို့ထဲတွင် တပ်စွဲကာ စစ်အင်အားဖြည့်တင်းပြီး ခုခံနေကြောင်း သိရပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *