Tag: gwa

ရွှေသောင်ယံကမ်းခြေ ဘောမိအထက်ပိုင်းကို အာရက္ခတပ်တော် သိမ်းပိုက်ထား (အကျအဆုံးတွေနဲ့ စစ်ကောင်စီနောက်ဆုတ်)
ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေအနီးက ဘောမိရွာအထက်ပိုင်း(ချောင်းဖျား) ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး အကျအဆုံးတွေနဲ့ စစ်ကောင်စီ စစ်ကြောင်း နောက်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။ ရွှေသောင်ယံကမ်းခြေ ဘောမိအထက်ချောင်းဖျားဘက်ကနေ တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြားမှာ မြေပြင်တပ်စခန်းတွေကို ဇန်နဝါရီ ၁၆ ရက်က ထိမ်းချုပ်လိုက်တယ် လို့ဆိုပါတယ်။ "ဘောမိအထက်ပိုင်းကို AA ဘက်က ထိန်းလိုက်တဲ့အချိန်မှာ…

ဂွမြို့ကို သိမ်းပိုက်နိုင်ဖို့ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီ တိုင်း က တပ်ရင်း (၉) နဲ့ AA တိုက်ခိုက်ခဲ့ရ
ဒီဇင်ဘာ ၂၉ ရက် ညပိုင်းမှာ ရခိုင်ပြည်ဂွမြို့ အပြီးသတ်သိမ်းပိုက်နိုင်ပြီး လို့ အာရက္ခတပ်တော် က ကြေညာခဲ့ပါတယ်။ ဂွမြို့သိမ်းတိုက်ပွဲမှာ ပဲခူးတိုင်း အခြေစိုက် တပ်မ(၆၆) ၊ ရန်ကုန်တိုင်းအခြေစိုက် တပ်မ (၁၁) နဲ့ ဧရာဝတီတိုင်း အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် နတခ တို့မှ စုစုပေါင်းတပ်ရင်း…

ဂွမြို့ ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်
ရခိုင်ပြည် ဂွမြို့ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဂွမြို့ မှာ နောက်ဆုံးတပ်အနေနဲ့ ခုခံနေတဲ့ ခမရ ၅၆၂ က တပ်သား ၄၀ ကျော် ကိုဖမ်းဆီးခဲ့ပြီး၊ အပြီးသတ်သိမ်းပိုက် နိုင်ခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ "မြို့ထဲမှာခုခံနေတဲ့…

ဂွမြို့ နယ် ကူးတို့လေးကျေးရွာကို လေကြောင်းကဗုံးကြဲ ရွာသား ၅ ဦးသေဆုံး ၊ ၇ ဦးဒဏ်ရာ ရ
တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ် က ကူးတို့လေးကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အတွက် ရွာသား ၅ ဉီးသေဆုံးခဲ့ပါတယ်။ ဂွမြို့နယ် ကူးတို့လေးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်ကလေကြောင်းက တိုက်ခဲ့ပြီး အမျိုးသမီး နှစ်ဦး နဲ့ အမျိုးသား သုံးဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ "လေကြောင်းက လက်နက် ထိတဲ့ အထဲမှာ…

၅၆၂ တပ် ကို စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ဂွရိုးပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ (မြို့ကို စစ်ကောင်စီဗုံးကြဲ)
ရခိုင်ပြည် ၊ ဂွမြို့ပေါ်က ခမရ ၅၆၂ တပ်ကို စစ်ကူပို့တဲ့ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် AA တို့ ဂွမြို့အနီး က ရိုးတောင်ကြားမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက ဧရာဝတီတိုင်းက နေ အင်အားဖြည့်ဖို့ စေလွှတ်ခဲ့တဲ့ အင်အား ၂၀၀…

ဂွမြို့ ခမရ ၅၆၂ တပ်ဖွဲ့ဝင်တချို့ လက်နက်ချ လက်ကျန်တပ်တွေနဲ့ တပ်ဝန်းထဲမှာ တိုက်ပွဲပြင်းထန်
ရခိုင်ပြည်၊ ဂွမြို့ခမရ (၅၆၂ ) တပ်ရင်း က တပ်သား ၆၀ ကျော် ဒီကနေ့မနက်မှာ လက်နက်ချခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဝင်းအတွင်းမှာ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ လက်ကျန်မြို့ပေါ်တပ်ရင်းတစ်ခုဖြစ်တဲ့ ခမရ ၅၆၂ တပ်ရင်းထဲကို AA ထိုးစစ်ဝင်ရောက်ပြီး အဆုံးသတ်တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။…

ဂွတစ်မြို့လုံးက ဌာနဆိုင်ရာ ရုံးအားလုံး နဲ့ အတူ ခမရ ၅၆၃ ကို AA သိမ်းပိုက် (စစ်ကောင်စီ ၄၀ လက်ရဖမ်းဆီး)
ရခိုင်ပြည် ဂွမြို့ ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေ နဲ့ အတူ အဓိက ထိုးစစ်ဆင်နေတဲ့ ခမရ ၅၆၃ ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ ခမရ ၅၃၆ အတွင်းက ခုခံနေတဲ့ ဂွမြို့ပေါ်မှာရှိတဲ့ ထွေအုပ်ရုံးအပါအဝင်…

သေနတ်သံကြားလို့ ထွက်ပြေးနေတဲ့ တပ်သားတွေကို ဂွရိုးပေါ်မှာ AA လိုက်ဖမ်းနေရ
ရခိုင်ပြည် ဂွမြို့ စစ်မျက်နှာပြင်ကို စစ်ကူ အဖြစ်ပို့လွှတ်ခြင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေဟာ တိုက်ပွဲ အနီးဝန်းကျင်က လက်နက်သံတွေ ကြားတာနဲ့ တပြိုင်နက် ဂွရိုးပေါ်တက်ပြေးသွားလို့ လိုက်လံဖမ်းဆီးထားရတယ်လို့ စစ်ရေးသတင်းရင်းမြစ် ဆီက သိရပါတယ်။ ဂွမြို့ပေါ်မှာရှိတဲ့ ခမရ ၅၆၂ နဲ့ ၅၆၃ တို့ကို အာရက္ခတပ်တော်က အနီးကပ်ထိုးစစ်ဆင်နေချိန်မှာ စစ်ကူရောက်လာတဲ့…

ဂွစစ်မျက်နှာပြင်မှာ ရင်ဆိုင်နေရတဲ့ တပ်သားတွေကို လက်နက်မချဖို့ တပ်မိသားစုတွေကို စစ်ကောင်စီ အကြပ်ကိုင်ထား
ဂွစစ်မျက်နှာပြင်မှာ AA ရင်ဆိုင်နေရတဲ့ အရာရှိ စစ်သည် တွေကို လက်နက်မချ ဖို့ မိသားစုတွေကို အကြပ် ကိုင်ထားတယ်လို့ စစ်တပ် အသိုင်းအဝိုင်း က သိရပါတယ်။ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ဂွမြို့ စစ်မျက်နှာပြင် ကို ပို့လွှတ်ခံရတဲ့ တပ်မမှူး၊ စစ်ကြောင်းမှူး ၊ ဗိုလ်ကြီး…

ဂွမြို့ အခြေစိုက်ခမရ ၅၆၃/ ၅၆၂ က တပ်သားတွေ နောက်ပေါက်ကထွက်ပြေး
ရခိုင်ပြည် ဂွမြို့အခြေစိုက် ခမရ ၅၆၃ နဲ့ ခမရ ၅၆၂ က နောက်တန်းတပ်သားအချို့ဟာ တပ်ကိုစွန့်ခွာပြီး နောက်ပေါက်ကနေ ထွက်ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ အာရက္ခတပ်တော် AA က ခမရ ၅၆၂ နဲ့ ၅၆၃ တပ်မျက်နှာချင်းဆိုင်ကို…