Laywaddy FM

ရသေ့တောင်မြို့နယ်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၀၀ ‌ဝန်းကျင်၊ ဆေးဝါးကုသမှုခံယူဖို့ ခက်ခဲနေ

ရသေ့တောင်မြို့နယ်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၀၀ ‌ဝန်းကျင်၊ ဆေးဝါးကုသမှုခံယူဖို့ ခက်ခဲနေ

လေးဝတီ (FM)

၇ ၊ စက်တင်ဘာ ၊ ၂၀၂၄

ရခိုင်မှာ ‌ဆေးဝါးပြတ်လပ်မှု၊ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေမလုံလောက်မှုတွေကြောင့် ကိုယ်ဝန် ဆောင် အမျိုးသမီးအများစု ဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်နေရပြီး ရသေ့တောင်မြို့က ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၀၀ လောက်ဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ဆေးဝါးပြတ်လပ်တာ၊ ဆေးဝါးရှားပါးတာတွေတာကြောင့် သက်ကြီးပိုင်းတွေနဲ့ နာတာရှည်ရော ဂေါခံစားနေရ သူတွေ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရတာကြောင့် တချို့မှာသေဆုံးရတဲ့အထိရှိနေပြီး ကိုယ်ဝန် ဆောင်အမျိုးသမီးတွေဟာလည်း ကျန်းမာရေးရှောက်မှုရနိုင်ဖို့တွက် ဝေးလံတဲ့ ခရီးကြမ်းတွေကို သွားပြီး ပြသနေကြရတယ်လို့ ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရသေ့တောင်မြို့နယ်မှာတော့ ကိုယ်ဝန်ဆောင်မိခင် ၇၀၀ နီးပါးရှိနေပေမယ့် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုရဖို့ ခက်ခဲနေတယ်လို့ ဒေသတွင်း အမျိုးသမီး တွေ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ထောက်ပံ့ပေးနေတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

“အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ဆေးရုံး၊ဆေးခန်းမရှိတဲ့အခါ ကိုယ်ဝန်စောင့်ရှောက်မှုတွေကို မခံရ၊ အရင်ကဆိုရင်ကိုယ်ဝန်ပြဖို့နေရာရှိတယ်၊အခုလဲ ရှားရှားပါးပါး ဆရာဝန်ကတစ်ယောက်တည်းရှိတော့ အဲဒီဆရာဝန်တစ်ယောက်ပေါ်မှာ စုပြုံနေကြတယ်။” လို့ ရသေ့တောင်မြို့ အခြေအနေ ကို သူက ရှင်းပြပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကျန်းမာ‌ရေးစောင့်ရှောက်မှုခံဖို့အတွက် ဆရာဝန်ရှိတဲ့နေရာကို ဝေးလံတဲ့အရပ်တွေက လာနေရတဲ့အတွက်လည်း လမ်းတွေကြမ်းတမ်းတာကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုတွေလည်းရှိလာတယ် လို့ ‌ဆိုပါတယ်။

ရသေ့တောင်မြို့နယ်ဟာ ဆေးဝါး ရိက္ခာပြတ်လပ်မှုကို အဓိကခံနေရပြီး တစ်ခြားမြို့နယ်တွေနဲ့ ဆက်သယ် ဆောင်ရွက်ဖို့အတွက်ခက်အခဲအများကြီးနေပြီးတော့ တချို့ခက်ခက်ခဲခဲရောက်ရှိလာတဲ့ ကုန်တွေကလည်း ၁၀ ဆ၊ ကနေပြီး ၁၂ အထိ စျေးနှုန်းတွေမြင့်တက်နေတယ်လို့ ပြောဆိုကြပါတယ်။

စစ်ကောင်စီဟာ စစ်ရှောင်ပြည်သူတွေကို အကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို သွားလာခွင့်ပိတ်ပင်ထားတာ တွေ၊ လမ်းပန်းဆက်သွယ်ရေးပိတ်ထားတာတွေကြောင့် ဆေးဝါးပြတ်လပ်တာတွေကို အဆိုးရွားဆုံးခံစားနေ ရတယ်လို့လည်း ပြောဆိုကြပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *