Laywaddy FM

အမ်း နပခ ဌာနချုပ် လက်အောက်ခံ ခမရ( ၃၇၂ )နဲ့ ၃၇၁ ကို AA ထပ်မံသိမ်းပိုက်

အမ်း နပခ ဌာနချုပ် လက်အောက်ခံ ခမရ( ၃၇၂ )နဲ့ ၃၇၁ ကို AA ထပ်မံသိမ်းပိုက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရဲ့အဓိက တိုက်ခိုက်ရေးတပ် ရင်း ၂ ခုဖြစ်တဲ့ ခမရ (၃၇၂) နှင့် ခမရ (၃၇၁ ) တို့ကို နိုဝင်ဘာ ၂၀ ရက်က AA က ထပ်မံ သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က အတည် ပြုပါတယ်။

အာရက္ခတပ်တော် AA ဟာ ပြီးခဲ့တဲ့ သုံးရက်အတွင်းက နပခ ရဲ့ ရက္ခာတပ်ရင်းဖြစ်တဲ့ အမှတ် (၉၂၆) ထောက်ပံ့ နှင့် ပို့ဆောင်ရေးတပ်ခွဲ ကို သိမ်းပိုက်ပြီးနောက်မှာ နောက်ထပ် တိုက်ခိုက်ရေးတပ်ရင်း နှစ်ခု ကို ထပ်မံသိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။

စစ်ကေင်စီဟာ နပခ လက်အောက်ခံတပ်ရင်းတွေ မကျစေရေးအတွက် နိုဝင်ဘာ ၁၈-၁၉ ရက်တွေမှာ လေကြောင်းက ဂျက်ဖိုက်တာ၊ Y12 ၊ Y8 တို့နဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတဲ့ ကြားက အဲ့ဒီအဓိက ကျတဲ့ တပ်ရင်းနှစ်ခုကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။

“နိုဝင်ဘာ ၁၈ ရက်နေ့ က တိုက်ပွဲ ကပြင်းပြင်းထန်ထန်ဖြစ်ပြီး Y12 နင့် Y8 အပါ ဂျက် ပါလာပြီးဗုံးကြဲတယ်။အတိကျသိရတာတော့ နိုဝင်ဘာ ၂၀ နေ့မှာအပြီးသတ် သိမ်းပိုက်နိုင်တယ်”လို့ စစ်‌ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

စစ်ကောင်စီသည် ခမရ ၃၇၂ နှင့် ခမရ ၃၇၁ ကိုသိမ်းပိုက်ခံရပြီး နောက်မှာ ဂျက် ၊ Y12 နဲ့ Y8 တို့ကို အဆက်မပြတ်အသုံးပြုပြီး နပခ လက်အောက်မှာရှိတဲ့ တပ်ရင်းတပ်ခွဲအစုံကို တိုက်ခိုက်နေပြီး မြို့တွင်းမှာ မီးလောင်ကျွမ်းမှုတွေလည်းရှိနေပါတယ်။

အမ်း နပခ ဌာနတပ်ရင်းတွေ ကျဆုံးပြီးနောက်မှာ အမ်း-ပဒါန်းလမ်းပေါ်ကနေ မြေပြင် စစ်ကူအင်အား ၅၀၀ ကျော်ကို ကား ၊ ခြေလျှင် လမ်းကြောင်းတွေက ပို့လွှတ်ခဲ့ပေမယ့် လမ်းပိုင်းမှာ မဟာမိတ်တပ်ဖြစ်တဲ့ PRA(မကွေး) က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

လတ်လောမှာ အမ်းမြို့တဝိုက် တပ်ရင်း တပ်ခွဲ အသီးသီးက နောက်ဆုတ်လာတဲ့ တပ်ဖွဲ့ဝင်တွေ ကို နပခ ဌာနချုပ်ထဲမှာ စုပေါင်းထားပြီး ဒရုန်း၊ လေကြောင်း နဲ့ လက်နက်ကြီး တပ်တွေနဲ့ အပြင်းအထန်ခုခံနေတယ် လို့ သိရပါတယ်။

လတ်တလောမှာ နပခ(အမ်း) လက်အောက်မှာ ရှိတဲ့ AA သိမ်းပိုက်ထားတဲ့ တပ်တွေကတော့

(၁) ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၊

(၂) အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၊

(၃) လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊

(၄) စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊

(၅) တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ

( ၇) လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်

(၈_)စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်

(၉) အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ

(၁၀) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊

(၁၁) ခနရ( ၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ တို့ကို ဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *