မောင်တောမြို့ မြို့သူကြီးတပ်ရင်း နခခ(၅) က နေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်း နဲ့ အဖွဲ့ကို နတ်မြစ်ကမ်း အနီးမှာ အာရက္ခတပ်တော် က ဖမ်းဆီးရမိခဲ့တယ်လို့ လေးဝတီ FM ရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီ အရာရှိ ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ ARSA,RSO အဖွဲ့တွေ ရဲ့ အကာအကွယ်နဲ့ နတ်မြစ်အတွင်းကို က နေဗီ စစ်သဘေ်ာ ဆီကို ဉီးတည်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
“သူတို့က နှစ်ဖွဲ့ခွဲပြီး နတ်မြစ်ကမ်းဘက်က တစ်ဖွဲ့ တောင်စပ်ဘက်က တဖွဲ့ ထွက်ပြေးသွားခဲ့ကြတာဖြစ်တယ်၊ နတ်မြစ်ကမ်းဘက်က ဗိုလ်မှူးချုပ်သူရိန်ထွန်း ဉီးဆောင်တဲ့ အဖွဲ့ကို ARSA တပ်ဖွဲ့တွေနဲ့ အတူ လက်ရဖမ်းဆီးခဲ့တာဖြစ်တယ်၊ စစ်သုံ့ပန်း အဖြစ်လက်ရဖမ်းမိတာပါ ၊သူတို့ အလံဖြူထောင်ခဲ့တာ မဟုတ်ပါဘူး ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ထိပ်ပိုင်းအရာ ရရှိတစ်ဉီးကို အခုလို ARSA အဖွဲ့နဲ့ အတူ လက်ရဖမ်းဆီးရမိတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ပြန်လည်ခုခံဖို့ ရိုဟင်ဂျာ စစ်သွေးကြွ တပ်တွေနဲ့ မဟာမိတ်ပြုထားတယ် ဆိုတဲ့ သက်သေလည်းဖြစ်ပါတယ်။
လက်ရဖမ်းဆီးခံရမှုမှာ စစ်ကောင်စီအရာရှိ ဗိုလ်မှူးချုပ်သူရိန်ထွန်း ၊ သူ့ ကိုယ်ရေးအရာရှိ ၊ တပ်ရင်းမှူး ၊ ဗိုလ်ကြီးအဆင့် တာဝန်ရှိတဲ့ အရာရှိတွေ ကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
“တောင်ခြေဘက်က အယောင်ပြပြီးသွားတဲ့ အဖွဲ့နဲ့ ဆက်ပြီး တိုက်ပွဲဖြစ်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် ARSA ၊ RSO အဖွဲ့ဝင်များ ၊ ၄၅ ရက် သင်တန်းဆင်းထားတဲ့ မွတ်ဆလင်လူငယ်များ အင်အားစုစုပေါင်း ၇၀ ကျော်ပါဝင်တယ် လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မောင်တောနယ်စပ် က စစ်ဆင်ရေးကွက်ကဲမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ နခခ(၅) တပ်မကို ဦးဆောင်ကွက်ကဲခဲ့သူဖြစ်ပြီး နခခ(၅) ကို စတင်ထိုးစစ်ဆင်ခံရချိန် နောက်ဆုတ်လာတဲ့ ရဲတပ်သားတွေကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့သူ လည်းဖြစ်ပါတယ်။
နတ်မြစ်အတွင်းမှာ အဲ့ဒီအဖွဲ့တွေ ထွက်ပြေးနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်လို့ အာရက္ခတပ်တော်က နတ်မြစ်ကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
စစ်ကောင်စီဟာ AA ကို ပြန်လည်ခုခံနိုင်ဖို့ ARSA, RSO, နဲ့ မွတ်ဆလင် လက်ကိုင်အုပ်စုတွေကို မွေးထုတ်ပေးခဲ့ တာလည်းဖြစ်ပါတယ်။
အဉ္စနလီညှင်း (လေးဝတီFM)ရေးသည်။
A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.