Laywaddy FM

ဓည၀တီရေတပ်ဌာနချုပ် တိုက်ခိုက်ခံရ ၊လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာရွေ့ပြောင်း

ဓည၀တီရေတပ်ဌာနချုပ် တိုက်ခိုက်ခံရ ၊လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာရွေ့ပြောင်း

ရခိုင်ပြည် ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်ဌာနချုပ်ကို ဖေဖော်ဝါရီလ ၂၂ ရက်မနက်ပိုင်းမှာ AA ဘက်ကက တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီရေတပ် တိုက်ခိုက်ခံရပြီးနောက်မှာ ရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့ည က AA ဘက်က ရေတပ်ကို ပစ်ခတ်သံက မိုးထအချိန်ပြီးသွားတယ် ၊ စကစဘက်က လေယာဉ် နဲ့ အဲ့ဒီဝန်းကျင်ကိုလာပစ်တယ်၊ပြီးတော့ ဓည၀တီစခန်း က လက်နက်ကြီး တွေ ဒရုန်းတွေနဲ့ ကျောက်ဖြူ မဒေးကျွန်း ပတ်လည်က ရွာတွေကို ပစ်နေတာ တနေကုန်ပဲ “ လို့ စစ်ပွဲတိမ်းရှောင်ဖို့ ထွက်ခွာလာသူ က လေးဝတီ FM ကို ပြောပါတယ်။

သစ်ပုတ်တောင်တိုက်နယ် ဓညဝတီရေတပ်ဌာနချုပ်အနီး က သပြေကျေးရွာ ၊ စည်မော်ကျေးရွာ ၊ ရှောက်ချောင်းကျေးရွာနဲ့ ပျားတဲ ကျေးရွာ တို့က ဒေသခံတွေဟာ လတ်တလောမှာ ဘေးလွတ်ရာကို ရွေ့ပြောင်း နေကြတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်ထဲမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီ တို့ တိုက်ပွဲတချို့ဖြစ်ပွားလျှက်ရှိပါတယ်။

ကျောက်ဖြူ ရဲတပ်ရင်း ၃၂ က ဆင်းလာတဲ့ အင်အား ၇၀ ပါတဲ့ စစ်ကြောင်းတစ်ခုကို ဖေဖော်၀ါရီ ၂၁ နေ့လည်ပိုင်းမှာ AA က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ လူ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ် က အတည်ပြုပါတယ်။

“အခုကတိုက်ပွဲကစနေပြီဖြစ်လို့ လေကြောင်းကို ကြောက်နေရတယ် ၊ ပြီးတော့အဖမ်းအဆီးကိုလည်း တော်တော်သတိထားနေရတယ် ၊ စစ်ဘေးရှောင်ထွက်တဲ့လူတွေလည်း ဖမ်းခံရတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်ဖြူမြို့နယ် တဝိုက်က ကျေးရွာအချို့မှာ တိုက်ပွဲငယ်တွေ ခတ်စိတ်စိတ်ဖြစ်လာပြီး ဒေသခံတွေ ဟာ ကျေးရွာတွေမှာ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

အမ်းချောင်းသူ

လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *