Laywaddy FM

စစ်တွေမြို့ တစ်ဖက်ကမ်း ဝါဘိုကျေးရွာကိုစစ်ကောင်စီ ဒရုန်း နဲ့ ဗုံးကြဲ ရွာမီးလောင်နေ

စစ်တွေမြို့ တစ်ဖက်ကမ်း ဝါဘိုကျေးရွာကိုစစ်ကောင်စီ ဒရုန်း နဲ့ ဗုံးကြဲ ရွာမီးလောင်နေ

ရခိုင်ပြည် ၊ စစ်တွေမြို့ တစ်ဖက်ကမ်းက ဝါဘိုကျေးရွာကို စစ်ကောင်စီအထိုင်ချထား တဲ့ စခန်းတွေက ဒရုန်းတွေ နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် မီးလောင်ကျွမ်းနေတယ်လို့ သတင်းရရှိပါတယ်။

ရွာဘိုကျေးရွာကို ဒီကနေ့ မတ်လ ၆ ရက် နံနက် ၈ နာရီကျော်အချိန်မှာ ကံကော်ကျွန်းရွာဘက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းက နေ လက်နက်ကြီး ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ကျေးရွာအတွင်းမှာ မီလောင်နေတာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

“မနက်ကတည်းကလက်နက်ကြီးပစ်တယ်ဒရုန်းနဲ့ဗုံးကြဲချတယ်မီးခိုးလုံးတွေတက်လာတာ လှမ်းမြင်ရတယ်၊ ” လို့ မျက်မြင်သတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော် AA ဘက်က ထိုးစစ်တွေ ရပ်တန့်နေချိန်မှာ စစ်ကောင်စီ ဘက်က စစ်တွေမြို့ အနီးဝန်းကျင်က ကျေးရွာတွေကို ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

“တိုက်ပွဲကတော့ မရှိဘူး စစ်ကောင်စီဘက် က ဒရုန်းနဲ့ ပစ်တာ “ လို့ သတင်းရင်းမြစ်က ပြောပါတယ် ။

စစ်အင်အားရာနဲ့ ချထားတဲ့ ကံကော်ကျွန်းရွာစခန်း နဲ့ နေဗီသဘော်တွေကနေ အခုလို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

စစ်တွေမြို့ကို အာရက္ခတပ်တော်က ဖေဖော်ဝါရီလ အကုန်ပိုင်းက လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲတွေ ခေတ္တရပ်နားသွားတာဖြစ်ပါတယ်။

အမ်းချောင်းသူ

လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *