Laywaddy FM

ကျောက်ဖြူဉီးကင်းရွာ အနီးစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို AA ဝင်တိုက် ၃၀ ကျော်သေဆုံး

ကျောက်ဖြူဉီးကင်းရွာ အနီးစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို AA ဝင်တိုက် ၃၀ ကျော်သေဆုံး

ကျောက်ဖြူမြို့နယ် ၊ဓညဝတီရေတပ်ဌာနချုပ် အနီးက ဦးကင်းကျေးရွာ အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို AA ဘက်ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဦးကင်းကျေးရွာဟာ သစ်ပုတ်တောင် သို့ သွားရာလမ်းပိုင်းပေါ်မှာရှိပြီး မတ်လ ၆ ရက်ညပိုင်း က စစ်ကောင်စီဟာ အဲ့ဒီကျေးရွာကို လေကြောင်းက ရော ၊ မြေပြင် စစ်ကြောင်းက ပါ ဝင်ရောက်မီးရှို့ ခဲ့တယ် လို့ သတင်းရရှိပါတယ်။

“မနေ့ညကနေ့လည် ၁ နာရီကျော်မှာဒရုန်းဗုံး ၂ကြိမ်ရွာထဲကိုချတယ်အိမ်တွေမီးလောင်တယ်၊ ၃နာရီကျော်မှာ စကစတွေလာပြီးမီးတိုက်တယ် ၊ အဲ့ဒီစစ်ကြောင်းကို AA ဘက်က ဝင်တိုက်တာပါ “ လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်ဖြူရေတပ် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ၊ ရွာလုံးကျွတ်မီးတိုက်တာ‌တွေ ပြလုပ်ပြီးနောက် စစ်ကောင်စီဟာ စစ်ကြောင်းထိုးစီးနင်းခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းကို အာရက္ခတပ်တော်ဘက်က ဝင်တိုက်ရာက တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဦးကင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ဘက်က အကျအဆုံးများနေသလို ၊ လေကြောင်းကလည်း အပြင်းအထန် ပစ်ကူပေးနေတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“ဉီးဂင်းရွာပတ်ဝန်းကျင်ပါ တိုက်ပွဲကပြင်းနေတယ် စကစဖက်ကလက်နက်ကြီးဒရုန်းပစ်ကူပေးတာ က ဆူညံနေတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းမှာဂုန်းချွိန်နဲ့ သစ်ပုတ်တောင်တိုက်နယ်တလျှောက်မှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း ၊ စစ်ကြောင်းထိုးခြင်းတို့ကို အင်အား အလုံးအရင်းနဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲ့ဒီစစ်ကြောင်း ထိုးရာလမ်းပိုင်းတလျှောက်မှာရှိတဲ့ ကြတ်တိန်ကျေးရွာ ၊ ထောင့်ချောင်းကျေးရွာ ၊စည်မော်ကျေးရွာ ၊ ကုလဘာတောင်ကျေးရွာ အပါအဝင် နီးစပ်ကျေးရွာတွေဟာ တိုက်ပွဲတွင်းက နေ ရှောင်ထွက်နေရတာဖြစ်ပါတယ်။

အမ်းချောင်းသူ

လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *