ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်ပြုလုပ်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ငလျင်ကူညီကယ်ဆယ်ရေးပြုလုပ်နေကြတဲ့ ပြည်တွင်း ပြည်ပ က ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ စိတ်လက်ကြည်သာစွာ ကူညီနိုင်ရန် နဲ့ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးတကြီးလိုအပ်လျှက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အထူးလိုလားတယ် လို့ ထုတ်ပြန်ချက်မှာထည့်သွင်းထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ ထိုးစစ်မပြုလုပ်ပဲ ၊ လိုအပ်လျှင် ခုခံကာကွယ်မယ် လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ ဟာ ၁၀၂၇ တော်လှန်ရေးကို အတူတူ စတင်ခဲ့ပြီး အခုလို သဘာဝဘေးဖြစ်ချိန်မှာ ပထမဆုံးအကြိမ် အတူတကွ အပစ်အခတ်ရပ်စဲခြင်းလည်းဖြစ်ပါတယ်။
လေးဝတီ FM