Laywaddy FM

ဧရာဝတီ ရေပြင်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ပိုင်ရှင်ကို ULA/AA လို့ စစ်ကောင်စီ စွပ်စွဲ

ဧရာဝတီ ရေပြင်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ပိုင်ရှင်ကို ULA/AA လို့ စစ်ကောင်စီ စွပ်စွဲ

ဧရာဝတီတိုင်း ဖျာပုံရေပြင် အနီးမှာ ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါး တွေ ဟာ ULA/AA နဲ့ ပတ်သက်နေတယ် လို့ စစ်ကောင်စီဘက်က စွပ်စွဲလိုက်ပါတယ်။

ဧပြီလ အတွင်းက ဖျာပုံခရိုင် ရေမိုင် ၆၀ ကျော်အကွာမှာ စစ်လှေ တစ်စီးကို စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့ပြီး လှေပေါ်မှာ မူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလှေပေါ်မှာ ကာလပေါက်ဈေး ကျပ်သန်း ၃၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ အတူ ULA/AA ရဲ့ ထောက်ပို့ တာဝန်ခံတွေကို ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီမူးယစ်ဆေးတွေဟာ ရှမ်းပြည်ကနေ ဝယ်ယူခဲ့ပြီး ဧရာဝတီတိုင်း ၊ တနသ်ာရီတိုင်းတို့ကို ဖြတ်ပြီးမှ မလေးရှားကို တင်ပို့မယ့် မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ လည်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဒီမူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်သူ ၂၆ ဦးကို ရန်ကုန်တိုင်း လှိုင်သာယာ ၊ လှည်းကူး ၊ မဂ်လာဒုံ မြို့နယ်တို့မှာ ဖမ်းဆီးထားတယ် ဆိုပြီးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ထိမ်းချုပ်ထားတဲ့ ရန်ကုန် ၊ မန္တလေး နဲ့ မြို့ကြီးတွေမှာ ice အပါ အဝင် မူးယစ်ဆေးဝါး အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုတွေ ၊ သုံးစွဲမှုတွေ မြင့်တက်လာပေမယ့် အခုလို အများအပြား
ဖမ်းမိတိုင်းမှာ ULA/AA နဲ့ ပတ်သက်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲလေ့ ရှိတာဖြစ်ပါတယ်။

လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *