ကျောက်ဖြူတိုက်ပွဲတွေ ရက်ဆက် ပြင်းထန်လာပြီး ဒီကနေ့ နေ့လည်ပိုင်းမှာ ရွှေသဘာဝ ဓာတ်ငွေ့ သန့်စင် သိုလှောင် ၊ ပို့ဆောင် စက်ရုံ OGT အနီး ကို စစ်ကောင်စီ ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။
OGT လို့ အတိုကောက်ခေါ်တဲ့ ရွှေသဘာဝဓာတ်ငွေ့ သိုလှောင် ပို့ဆောင် စက်ရုံ ဟာ ကျောက်ဖြူက ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကနေ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ တွေကို သန့်စင်ပေးပြီး ပိုက်လိုင်း စတင်ဖြတ်သန်းရာနေရာလည်းဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ကျောက်ဖြူမြို့ ဂုံးချွိန်တိုက်နယ် မလကျွန်းကျေးရွာအနီး မှာ ရှိတဲ့ OGT စက်ရုံ အနီး မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံတွေ ဆူညံနေတယ်လို့ ဒေသခံက ပြောပါတယ်။
“တိုက်ပွဲ က မလကျွန်းရွာ အနား မှာ ရှိတဲ့ OGT စက်ရုံနားမှာ ဖြစ်နေတာ ၊ လက်နက်ငယ်တွေ နဲ့ အနီးကပ်တိုက်ပွဲတွေဖြစ်နေပြီးတော့ ၊ စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတဲ့ အခါ စက်ရုံ အနီးအနားအထိ လက်နက်ကျတယ် ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
OGT စက်ရုံ သည် ရွှေသဘာဝ ဓာတ်ငွေ့ တူးဖော်ရေး အတွက်အရေးပါတဲ့ စက်ရုံဖြစ်ပြီး ဝန်ထမ်းတွေလည်း စက်ရုံထဲမှာ ရှိနေသေးတယ် လို့ ဆိုပါတယ်။
ကျောက်ဖြူတိုက်ပွဲတွေ မစတင်ခင်မှာ အာရက္ခတပ်တော် AA ဘက်က ရခိုင်ကမ်းရိုးတန်းမှာ ရင်းနှီးမြုပ်နံမည့် မည်သည့် ပြည်တွင်း ပြည်ပ ကုပ္မဏီများကို မဆို ဆွေးနွေးညှိနှိုင်း ဖို့ ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
တရုတ်က သူ့စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ စစ်ကောင်စီကို ဖိအားပေးပြီးနောက်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ထိုးလာတာဖြစ်ပါတယ်။
“အမှန်က စီမံကိန်း လုပ်ငန်းခွင် နေရာတွေမှာပဲ စစ်ကောင်စီက ရှိတော့တာ ၊ AA ဘက်က အကုန်ဝိုင်းထားပြီးသားအခြေအနေ မှာ သူတို့ က စက်ရုံတွေ ပတ်လည် ကနေ စစ်ကြောင်းထိုးတာနဲ့ AA နဲ့ တိုက်ပွဲ ဖြစ်တာပဲ ၊ စီမံကိန်းတွေ က ပိတ်မိနေပြီ ၊ “ လို့ ကျောက်ဖြူ သတင်းရင်းမြစ်က ပြောပါတယ်။
ဝန်းရံပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီဟာ ခြေလျင်အင်အားတွေကို ထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေပေမယ့် အကျအရှုံးတွေ ၊ အလင်းဝင်တာတွေ နေ့စဉ်ရှိနေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် တို့ ဟာ မလကျွန်း အနီးမှာ ရှိတဲ့ တရုတ်စီမံကိန်း တွေ အနီးမှာ တိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ကြာပြီဖြစ်ပါတယ်။
ကျောက်ဖြူ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းက နေ နေ့စဉ် သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေပြီး ၊
စစ်ကောင်စီ ဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅၅၀ မီလီယံ အကျိုးအမြတ်ရရှိနေတယ်လို့ AWO အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
အဉ္စနလီညှင်း ၊လေး၀တီFM
A convenient car catalog https://auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.