Laywaddy FM

စစ်မှုထမ်း ဉပဒေ ကို ဆန္ဒပြတဲ့ တောင်ကုတ် ဒေသခံ ၅၀ ကျော် ဖမ်းခံရ

စစ်မှုထမ်း ဉပဒေ ကို ဆန္ဒပြတဲ့ တောင်ကုတ် ဒေသခံ ၅၀ ကျော် ဖမ်းခံရ

တောင်ကုတ်မြို့နယ် က ဒေသခံ ၅၀ ကျော်ဟာ အာရက္ခတပ်တော် AA ထုတ်ပြန် ပြဌာန်းထားတဲ့ စစ်မှုထမ်းဉပဒေ ကို ကန့်ကွက်ဆန္ဒပြလို့ ဖမ်းဆီးခံထားရပါတယ်။

တောင်ကုတ်မြို့ ကင်းတောင်ကျေးရွာ ၊ တန်းလွဲရွာမ ၊ လမူး ကျေးရွာ ၊ ဆားပြင် ကျေးရွာ က အမျိုးသမီးတွေ အပါအဝင် ရွာသားငါး ဆယ်ကျော်ကို မေလ ၁၈ ရက်နေ့က အာရက္ခတပ်တော် ဘက်က ဖမ်းဆီးခဲ့တာ လို့ သတင်းရရှိပါတယ်။

“အခု အထဲမှာ စစ်မှုထမ်းကိစ္စက တော်တော် စိုးရိမ်နေကြတယ်၊ အထူးသဖြင့် အထက်တန်း တက်နေတဲ့ ကျောင်းသားမိဘ တွေ က ပိုစိုးရိမ်နေကြတယ်။ဟိုလူသွေးထိုးလို့ ဒီလူသွေးထိုးလို့ လုပ်တယ် ဆိုတာ မဟုတ်ဘူး ၊ ပြည်သူတွေက လက်မခံနိုင်လို့ လုပ်တဲ့ ကိစ္စပါ ၊ စစ်ရေးလိုအပ်ချက် တစ်ခုတည်း ကြည့်ပြီး အုပ်ချုပ်လို့မရ ပါဘူး ။ ကိုယ့်အစိုးရ မို့ ကိုယ်ဆန္ဒပြတဲ့ သဘောပါ ၊ ဒါကို အာဏာနဲ့ ကိုင်တွယ်မယ်ဆိုရင်တော့ အဆင်မပြေဘူး ။” လို့ တောင်ကုတ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အထဲမှာ တန်းလွှဲရွာမ က ၂၂ ယောက် ၊ ကင်းတောင်ရွာက ၁၄ ယောက် ၊ လမူး ရွာက ၂ ယောက် ၊ ဆားပြင်ရွာက ၁၃ ယောက် ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

“ပထမ ပိုင်းမှာ လူငယ်တွေက သူတို့ ဆန္ဒနဲ့ သူတို့ AA ဆီမှာ စစ်သင်တန်းတက်ရဖို့ ဆိုပြီးသွားကြတယ်၊ ၆ လတက်တဲ့ သူတက်ရတယ်၊ သုံးလ တက်တဲ့ လူတက်ရတယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ဖို့ စစ်သင်တန်းတက်ထားရဖို့လို့ ပြောတယ်။ တစ်သုတ်ပြီး တစ်သုတ်ပဲ အခုဆို တတိယ အသုတ်လောက်ဖြစ်နေပြီ ၊ စစ်သင်တန်းတက်ချင်တဲ့ လူတွေက တက်နေကြပြီ ၊ မိသားစုကို ရှာဖွေကျွေးနေရတဲ့ ကလေးတွေက မတက်ချင်ကြဘူး ၊ အခုက ကိုယ့်ရခိုင်မှာ ပိုက်ဆံလည်းရှား ၊ အစစ အရာရာ ရှားနေတော့ ၊ နိုင်ငံခြားက သားသမီးရှိလို့ ပိုက်ဆံ ပို့တဲ့ အိမ် ထမင်းဝ တယ်၊ မဟုတ်ရင် ဖူဖူလုံလုံ မစားရဘူး ” လို့ သံတွဲ ဒေသခံတစ်ဦးက ဒေသတွင်း အခြေအနေ ကို ရှင်းပြပါတယ်။

အာရက္ခတပ်တော်ဘက်က ဒေသတွင်းမှာ စစ်မှုထမ်း ဉပဒေ ထုတ်ပြန်ထားကြောင်း ကို မေလ ၂၂ ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်တွင်းမှာ ဒီဉပဒေ အသက်ဝင်နေတာ လနဲ့ ချီကြာနေပြီလို့ လည်းသိရပါတယ်။

ရခိုင်ပြည်တွင်းမှာ နေထိုင်နေကြတဲ့ လူငယ်တွေကို ရခိုင်ပြည်ပြင်ပကို ထွက်ခွာခွင့်မပြုကြောင်းနဲ့ စစ်မှုထမ်းဆောင်ရမယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်သင်တန်းပေးမှု ခေါ်ယူမှုတွေ အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ပြုလုပ်နေဆဲ ကာလမှာကတည်းက ခေါ်ယူ သင်တန်းပေးနေတာဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဟာ စစ်ရေးအရ ထင်ရှားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီး သိမ်းပိုက်ထားတဲ့ မြို့ တွေကို ပြန်လည်ထူထောင်ရေးကိုလည်း တပြိုင်နက်ထဲ လုပ်ကိုင်နေတာဖြစ်ပါတယ်။

စစ်ဘက်ရေးရာ ၊ ရဲဘက်ရေးရာ ၊ ကျန်းမာရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ မီးသတ် ၊ အကောက်အခွန် စတဲ့ ဌာန ပေါင်းစုံမှာ တာဝန်ယူမယ့် လူငယ် လူရွယ်တွေ လိုအပ်နေတဲ့ အခြေအနေ ဖြစ်တယ် လို့ အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ သူတွေက ပြောကြပါတယ်။

ငြိမ်းချမ်းစေ ၊ လေးဝတီ FM

Kay Zue

Related Posts

2 thoughts on “စစ်မှုထမ်း ဉပဒေ ကို ဆန္ဒပြတဲ့ တောင်ကုတ် ဒေသခံ ၅၀ ကျော် ဖမ်းခံရ

  1. Услуги по настройке https://sysadmin.guru и администрированию серверов и компьютеров. Установка систем, настройка сетей, обслуживание серверной инфраструктуры, защита данных и техническая поддержка. Помогаем обеспечить стабильную работу IT-систем.

Leave a Reply

Your email address will not be published. Required fields are marked *