ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊အမှတ် (၃၂)ရဲတပ်ရင်း ဘေးပတ်ဝန်းကျင်တွင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက် က အကျအဆုံးများပြားပြီး စစ်သုံ့ပန်းအချို့နဲ့လက်နက်ခဲယမ်းတချို့ကို AAသိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။
အမှတ်(၃၂)ရဲတပ်ရင်းအနီး ပြိုင်းစေ့ကေ့ နဲ့ နှမ်းဖဲတောင်ကြားက AA နဲ့ စစ်ကောင်စီတို့ဖြစ်နေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေအကျအဆုံးများပြီး စစ်သုံ့ပန်းအချို့နဲ့လက်နက်တချို့ကို (AA)ကသိမ်းဆည်းရမိထားတယ်လို့ ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်တစ် ယောက်က လေးဝတီ FMကိုပြောပါတယ်။
” စစ်ကောင်စီအလောင်းတွေ၊စစ်သုံ့ပန်းတွေ၊လက်နက်တွေရထားတယ်။ အများစုကတော့ ၃၂ ရဲတပ်ရင်းဖက်ကို ဆုတ်ခွာသွားကြတယ်။ တချို့ကတော့ အသေခံတိုက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဖက်က အာရက္ခတပ်တော်(AA) ရဲတပ်ရင်း(၃၂)ကိုထိုးစစ်မရောက်နိုင်အောင်ရှေ့ထွက်ပြီးအခုလိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးအကျအရှုံးများပြားနေခြင်းတာဖြစ်တယ် လို့ ကျောက်ဖြူဒေသခံအမျိုးသားတစ်ယောက်က လေးဝတီFM ကိုပြောပါတယ်။
” အကျအဆုံးများနေပေမယ့် ထိုးစစ်ဆင်တိုက်တယ်။ ဒရုန်းပစ်ကူတွေလက်နက်ပစ်ကူတွေတော့ပါတယ်နောက်ပြီးနေဗီနဲ့အထိုင်တပ်တွေကလက်နက်ကြီးပစ်ကူတယ်” လို့ ဆိုပါတယ်။
ကျောက်ဖြူမှာတိုက်ပွဲတွေဟာ တရုတ်စီမံကိန်းရှိတဲ့ မလကျွန်းဧရိယာနဲ့ ရဲတပ်ရင်းအနီးအနားတွေမှာ အခုရက်ပိုင်း နေ့တိုင်းလိုလိုဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူက တိုက်ပွဲတွေအထဲမှာအ ခြေစိုက်တပ်ရင်းတွေက ထုတ်နုတ်အင်အားတွေနဲ့ အတူ ထပ်မံ အင်အား ဖြည့်ထားတဲ့ စစ်ကောင်စီအင်အား အသစ်တွေနဲ့ AAကိုခုခံတိုက်ခိုက်နေပေမယ့် စစ်ကောင်စီဖက်က အထိနာနေတယ်လို့သိရပါတယ်။
အမ်းချောင်းသူ လေးဝတီFM
Нужен проектор? projector24 большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.
химчистка сумок и обуви химчистка обуви